Home သတင်း ၂၁ ရာစု ပင်လုံညီလာခံ တက်‌ရောက်မည့် ကိုယ်စားလှယ် ၂၅ဦး ‌ကေအဲန်ယူ ‌ရွေးချယ်

၂၁ ရာစု ပင်လုံညီလာခံ တက်‌ရောက်မည့် ကိုယ်စားလှယ် ၂၅ဦး ‌ကေအဲန်ယူ ‌ရွေးချယ်

2805

‌မေ ၁၇ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

‌မေလ ၂၄ရက်‌နေ့တွင် ကျင်းပမည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအ‌ဝေးသို့ တက်‌ရောက်မည့် ကိုယ်စားလှယ် ၂၅ဦးကို ‌လေးဝါးစခန်း၌ ယ‌နေ့ စတင် ပြုလုပ်သည့် ဗဟို‌ကော်မတီအစည်းအ‌ဝေးတွင် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ‌ရွေးချယ်လိုက်သည်ဟု ‌ကေအဲန်ယူ တွဲဘက်အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်းက ‌ပြောသည်။

၎င်းက “ကိုယ်စားလှယ်ကို CEC အစည်းအ‌ဝေးမှာတုန်းက တက်သင့်တဲ့သူ‌တွေ ဗဟိုက ဘယ်သူ၊ သက်ဆိုင်ရာ တပ်မဟာ (၇)ခုက ဘယ်သူ၊ ခရိုင်ကပါဝင်ရမယ့် သူ‌တွေကို လျာထားပြီး‌တော့ ဒီဗဟို‌ကော်မတီအစည်းအ‌ဝေးမှာ‌တော့ ၂၁ပင်လုံမှာ ‌ဆွေး‌နွေးမယ့် ကိုယ်စားလှယ်စားရင်းတင်ပြပြီး‌တော့မှ EC ရဲ့ သ‌ဘောထားရယူပြီး‌တော့အတည်ပြု လိုက်တာ‌ပေါ့”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့ကို ‌ကေအဲန်ယူ ဒုတိယဥက္ကဌ ပဒို‌စောကွယ်ထူးဝင်းမှ ဦး‌ဆောင်မည်ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ JMC-U ဒုတိယဥက္ကဌ (၁) ဗိုလ်ချုပ်‌စောအိုင်းဇက်ဖိုး၊ စစ်ဦးစီး ပထမတန်း G1 ဗိုလ်မှူးကြီး ‌စောတာမလာ‌သောနှင့် လုပ်ငန်း‌ကော်မတီပိုင်းတွင် တာဝန်ယူထားသည့် နိုင်ငံ‌ရေးကဏ္ဍမှ ပဒို‌စောအယ်က လူ‌စေး၊ စီးပွား‌ရေးကဏ္ဍမှ ပဒို‌စောတာဒိုမှူး၊ လူမှု‌ရေးတွင် ပဒို‌စောဆဲပွယ်၊ လုံခြုံ‌ရေးပိုင်းတွင် ‌စောတာမူလာ၊ ‌မြေယာနှင့် သဘာဝသယံဇာတတွင် ‌နော်ခူခူဂျူးနှင့် ခရိုင် ၇ခုမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်တက်‌ရောက်သွားမည်ဟု ပဒို‌စောလှထွန်း က ‌ပြောသည်။

ထို့အပြင် ၂၁ရာစုပင်လုံညီလာခံ၏ ဖွင့်ပွဲအတွက် သက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့စီမှ ကိုယ်စားလှယ်များကို ဖိတ်‌ခေါ်ရာတွင် ‌ကေ အဲန်ယူမှ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၊ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန တာ ဝန်ခံ ပဒို‌စောအားတိုးနှင့် အခြားထိပ်ပိုင်း‌ခေါင်း‌ဆောင်တစ်ဦး တက်‌ရောက်သွားမည်ဟု ပဒို‌စောလှထွန်းက ဖြည့်စွက်‌ပြော ဆိုသည်။

‌မေလ ၁၅ရက်‌နေ့မှစ၍ ပြုလုပ်သည့် ‌ကေအဲန်ယူ၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ၊ ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ ‌ဝေး၌ ၁၆ကြိမ်‌မြောက် ကွန်ဂရက်တွင် ချမှတ်ခဲ့သည့် ‌ရှေ့လုပ်ငန်းစဉ်များကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမည့် ပုံစံ နှင့် သက်ဆိုင်ရာ ဖွဲ့စည်းသွားရမည့် ‌ကေအဲန်ယူ ဖွဲ့စည်းပုံပါ‌ကောင်စီ၊ ‌ကော်မတီ အဖွဲ့အစည်းများအတွက် တာဝန်‌ပေး အပ်မှုများကို ‌ဆွေး‌နွေး‌နေကြပြီး ‌မေလ ၁၉ရက်‌နေ့အထိ ပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

လက်ရှိ ပြုလုပ်‌နေသည့် ဗဟို‌ကော်မတီအစည်းအ‌ဝေးသည် ‌ကေအဲန်ယူ၏ ၁၆ကြိမ်‌မြောက်ကွန်ဂရက်အပြီး ဧပြီလ ၄ရက် ‌နေ့တွင် ‌ဆွေး‌နွေးအတည်ပြုခဲ့သည့် ‌လေးနှစ်တာကာလအတွင်း လုပ်‌ဆောင်သွားရမည့် ‌ရှေ့လုပ်ငန်းစဉ်များကို အ‌ကောင် အထည်‌ဖော်‌ဆောင်ရွက်ရန် ပထမဦးဆုံးအကြိမ် ပြုလုပ်သည့် အစည်းအ‌ဝေး ဖြစ်သည်။

ယမန်နှစ် ဩဂုတ်လ ၃၁ရက်မှ စက်တင်ဘာလ ၃ရက်‌နေ့အထိ ‌နေပြည်‌တော်၊ (MICC 2)ခန်းမတွင် ကျင်းပခဲ့သည့် ပြည် ‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစု ပထမအကြိမ် အစည်းအ‌ဝေးတွင်လည်း KNU ကိုယ်စားလှယ် ၂၅ဦး တက်‌ရောက်ခဲ့ သည်။ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအ‌ဝေးကို ‌မေလ ၂၄ ရက်‌နေ့တွင် ကျင်းပ သွားရန် ဧပြီလ ၂၄ရက်‌နေ့က ‌နေပြည်‌တော်တွင် ပြုလုပ်ခဲ့သည့် NCA အ‌ကောင်အထည်‌ဖော်‌ရေးဆိုင်ရာ ညှိနှိုင်းအစည်းအ ‌ဝေး(JICM)တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

‌ကေအဲန်ယူသည် ယခင် သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် အစိုးရနှင့် NCA ကို ချုပ်ဆိုထားသည့် အဖွဲ့ ၈ဖွဲ့တွင် ပါဝင်သည်။ အလားတူ NCA စာချုပ် လက်မှတ်‌ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)ကလည်း ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအ‌ဝေးအတွက် ကိုယ်စားလှယ် ၂၅ဦးကို ‌မေလ ၃ရက်‌နေ့က ပြုလုပ်ခဲ့သည့် ၎င်းတို့၏ တပ်မှူးစုံညီအစည်းအ‌ဝေး၌ ‌ရွေးချယ်ခဲ့ပြီးဖြစ်သည်။