Home သတင်း ၂၁ပင်လုံတွင် NCA မထိုး‌သေးသည့် အဖွဲ့များကို တက်‌ရောက် ‌ဆွေး‌နွေးဆုံးဖြတ်ခွင့်‌ပေးရန် CSO များ‌ပြောဆို

၂၁ပင်လုံတွင် NCA မထိုး‌သေးသည့် အဖွဲ့များကို တက်‌ရောက် ‌ဆွေး‌နွေးဆုံးဖြတ်ခွင့်‌ပေးရန် CSO များ‌ပြောဆို

1459

‌မေ ၁၈ရက်၊ ၂၀၁၇ခုနှစ်။ ‌စောထွန်းလင်း

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အားလုံးပါဝင်‌ရေးမူကို အ‌လေးထားသည့်အ‌နေဖြင့် ဒုတိယအကြိမ် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ (၂၁ရာစုပင်လုံ) အခမ်းအနားသို့ NCA မထိုး‌သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း တက်‌ရောက်‌ဆွေး‌နွေး ဆုံးဖြတ်ခွင့်‌ပေးရန် ၁၆ကြိမ်‌မြောက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်း‌ရေးဖိုရမ်က တိုက်တွန်း‌ပြောဆိုလိုက်သည်။

တစ်နိုင်ငံလုံးရှိ လူမှုအဖွဲ့အစည်း ၇၈ဖွဲ့မှ ကိုယ်စားလှယ်များ တသီးပုဂ္ဂလများ အပါအဝင် စုစု‌ပေါင်း ၁၇၅ဦး တက်‌ရောက်ကာ ‌မေ လ ၁၅ရက်မှ ၁၆ရက်‌နေ့အထိ ရန်ကုန်မြို့၊ Excel Treaure ဟိုတယ်၌ ပြုလုပ်ခဲ့သည့် အဆိုပါဖိုရမ်တွင် ငြိမ်းချမ်း‌ရေးအတွက် အ‌ရေးဆိုတင်ပြချက်တွင် ယခုကဲ့သို့ တိုက်တွန်း‌ပြောဆိုခြင်းဖြစ်‌ကြောင်း ဖိုရမ်လုပ်ငန်း‌ကော်မတီတာဝန်ရှိသူများက ‌ပြောသည်။

ဖိုရမ် လုပ်ငန်း‌ကော်မတီဝင် ဦးခင်‌မောင်ဝင်းက “ကျ‌နော်တို့ ဖိုရမ်မှာ ‌ဆွေး‌နွေးခဲ့တာ‌တွေကို ပြန်အနှစ်ချုပ်ပြီး အခုလို ငြိမ်းချမ်း ‌ရေးအတွက် အ‌ရေးဆိုတင်ပြချက်တစ်‌စောင်ကို ပြုစုတယ်။ ဒီတင်ပြချက်‌တွေကို ငြိမ်းချမ်း‌ရေးအတွက် ဦး‌ဆောင်လှုပ်ရှား‌နေသူ ‌တွေထံကို ‌ပေးပို့သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဖိုရမ်မှ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အားလုံးပါဝင်‌ရေးကို အ‌လေးထားသည့်အ‌နေဖြင့် NCA မထိုး‌သေးသည့် တိုင်းရင်းသား လက်နက်ကို်င်အဖွဲ့များကို ၂၁ပင်လုံသို့ တက်‌ရောက်‌ဆွေး‌နွေးဆုံးဖြတ်ခွင့်ပြုရန်၊ ၂၁ပင်လုံညီလာခံအပြီးတွင် ‌ဒေသနှင့် လူမျိုးအ လိုက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများကို ပြည်နယ်နှင့် တိုင်း‌ဒေသကြီးအားလုံးတွင် ကျင်းပရန်၊ ညီလာခံသို့တင်သွင်းသည့် မူဝါဒအကြံပြု ချက်များကို အတည်ပြုဆုံးဖြတ်ရာတွင် အများပြည်သူ သိရှိနိုင်‌ရေးအတွက် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်‌ဆောင်ရန် တိုက်တွန်း ချက်များ ပါရှိ‌ကြောင်း ဖိုရမ်လုပ်ငန်း‌ကော်မတီဝင်တဦးဖြစ်သူ မွန်အမျိုးသမီးအဖွဲ့မှ မိကွန်ချမ်းနွန်က ‌ပြောသည်။

ထို့အပြင် စစ်‌ဘေး‌ကြောင့် ‌ရွှေ့‌ပြောင်း‌နေထိုင်သူများကို လူသားချင်းစာနာသည့် အ‌ထောက်အပံ့များကို အစိုးရမှ တာဝန်ခံပြီး ‌ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းလုပ်‌ဆောင်ရန်၊ ပဋိပက္ခနယ်‌မြေအတွင်း မိုင်းရှင်းလင်း‌ရေးနှင့် အသိပညာ‌ပေးခြင်း၊ တစ် နိုင်ငံလုံး အပစ်ရပ်စဲ‌ရေး ပူတွဲ‌ကြေငြာချက်ကို အမြန်ဆုံးထုတ်ပြန်ရန်နှင့် JMC အဆင့်တိုင်းတွင် အရပ်သားကိုယ်စားလှယ်များကို ‌ဒေသခံများ‌ရွေးချယ် အဆိုတင်သွင်းခွင့်ပြုရန် စသည့် တိုက်တွန်းချက်များ ပါဝင်သည်။

ဖိုရမ်၏တိုက်တွန်းချက်များကို ‌ဒေါ်‌အောင်ဆန်းစုကြည် ဥက္ကဌ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန၊ တပ်မ ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်၊ Pace Process Working Team အဖွဲ့‌ခေါင်း‌ဆောင် ပဒို‌စောကွယ်ထူးဝင်းနှင့် (DPN) အဖွဲ့‌ခေါင်း ‌ဆောင် ခူဦးရယ်တို့ထံ ‌ပေးပို့သွားမည်ဟု ဖိုရမ်လုပ်ငန်း‌ကော်မတီက ‌ပြောသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်း‌ရေးဖိုရမ်ကို ၂၀၁၂ခုနှစ်၊ ဩဂုတ်လမှစတင်ကာ သုံးလတစ်ကြိမ် ကျင်းပခဲ့သလို ‌ခြောက် လတကြိမ် ကျင်းပခဲ့ခြင်းများလည်းရှိခဲ့ရာ လက်ရှိအချိန်ထိ ၁၆ကြိမ်‌မြောက် ကျင်းပခဲ့ခြင်းဖြစ်‌ကြောင်း ဖိုရမ်လုပ်ငန်း‌ကော်မတီ၏ ‌ပြောပြချက်အရ သိရသည်။