Home သတင်း ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအ‌ဝေးသို့ တက်‌ရောက်မည့် ကိုယ်စားလှယ် ၂၅ဦး DKBA ‌ရွေးချယ်

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအ‌ဝေးသို့ တက်‌ရောက်မည့် ကိုယ်စားလှယ် ၂၅ဦး DKBA ‌ရွေးချယ်

2859

‌မေ ၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ယခုနှစ် ‌မေလ ၂၄ ရက်‌နေ့တွင် ကျင်းပရန်ရှိသည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ် အ စည်းအ‌ဝေးသို့ တက်‌ရောက်မည့် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်-DKBAမှ ကိုယ်စားလှယ် ၂၅ ဦးကို ယမန်‌နေ့ (‌မေ ၃ရက်)တွင် ပြုလုပ် ပြီးစီးသွားသည့် DKBA ၏ တပ်မှူးစုံညီအစည်းအ‌ဝေး၌ ဆုံးဖြတ်‌ရွေးချယ်လိုက်ပြီးဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေး ‌ပြောသည်။

၎င်းက “ဒီအစည်းအ‌ဝေးမှာပဲ ၂၅ ‌ယောက်‌ရွေးချယ်လိုက်တယ်။ အဓိက အားဖြင့် JMCမှာ ပါတဲ့ ဗိုလ်မှူး ကြီး ‌စော‌ကျော် သန်း‌ဌေးနဲ့ UPDJC မှာပါတဲ့ ဗိုလ်မှူးကြီး‌စောစိန်ဝင်းတို့အဓိက ပုဂ္ဂိုလ်‌တွေပါမယ်။ ကျန် တာက‌တော့ကျန်တဲ့လူ ‌တွေ‌ပေါ့ ”ဟု ၎င်းတို့အစည်းအ‌ဝေးအပြီးတွင် ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုခဲ့သည်။

ထို့အပြင် ၂၁ ပင်လုံအစည်းအ‌ဝေး၌ တင်သွင်းရမည့် ကဏ္ဍကြီးငါးရပ်ဖြစ်သည့် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ ‌မြေယာနှင့် သဘာဝ သယံ ဇာတ၊ လူမှု‌ရေးနှင့် လုံခြုံ‌ရေးကဏ္ဍများတွင် ‌ဆွေး‌နွေးတင်ပြသွားရန် ကဏ္ဍတစ်ခုချင်းစီအတွက် ကိုယ်စားလှယ် ၅ ဦးစီကို ‌ရွေးချယ်ခဲ့သလို DKBA အ‌နေဖြင့် နိုင်ငံ‌ရေးအရ ‌ကေအဲန်ယူ၏ နိုင်ငံ‌ရေး ဦး‌ဆောင်မှု‌အောက်တွင်သာ ဆက် သွားရန်နှင့် အစိုးရနှင့် NCA အတိုင်း ဆက်သွားရန် ယင်းအစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးက ‌ပြောသည်။

၂၁ ပင်လုံ ညီလာခံတွင် တင်သွင်းသွားမည့် စာတမ်းကိစ္စရပ်များနှင့်ပတ်သက်ပြီး ၎င်းတို့အစည်းအ‌ဝေး၌‌ဆွေး‌နွေးမှုမပြုဘဲ စာတမ်းအချက်အလက်များကွဲလွဲမှုမရှိ‌စေရန် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ -KNU/KNLA (PC)နှင့် DKBA စသည့် ကရင့်‌တော်လှန်‌ရေး လက်နက်ကိုင် ၃ဖွဲ့ ပါဝင်သည့် ‌ဆွေး‌နွေးညှိနှိုင်းပွဲတစ်ရပ်ကို ပင်လုံညီလာခံမတိုင်ခင် ပြုလုပ်သွားရန်ရှိသည်ဟုလည်း ဗိုလ်ချုပ်ကြီး‌စောမို‌ရှေးက ထပ်‌လောင်း‌ပြောဆိုသည်။

အဆိုပါ အစည်းအ‌ဝေးသို့ DKBA တပ်ဗိုလ်၊ တပ်မှူးတစ်ရာ‌ကျော်တက်‌ရောက်ခဲ့ပြီး DKBA ၏ စစ်ကွပ်ကဲ ‌ဒေသအတွင်း စစ်‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး ဆိုင်ရာကိစ္စ ရပ်များ၊ တာဝန် လွှဲ‌ပြောင်း ‌ပေးအပ်ခြင်း ဆိုင်ရာများ၊ ဘဏ္ဍာ‌ရေး ‌ကောက်ခံသုံးစွဲ မှု၊ တပ်ဖွဲ့အမှတ်တံဆိပ်များ တပ်ဆင်အသုံးပြုမှု၊ ကာကွယ်‌ရေးတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ကိစ္စရပ်များအပြင် NCA သ‌ဘောတူ ညီချက်အရ နှစ်ဖက်တပ်များလိုက်နာရမည့်စည်းကမ်းတွင် ၎င်းတို့ဘက်မှ ‌ဖောက်ဖျက်ခြင်းမရှိ‌စေရန် JMCနှင့် ပတ်သက် သည့် အချက်အလက်များကိုအကျယ်တဝင့်ချပြ‌ဆွေး‌နွေးခဲ့သည်ဟုလည်း DKBAက ဆိုသည်။

ဒီမိုက‌ရေစီ အကျိုးပြုကရင်တပ်မ‌တော်-DKBA သည် ၁၉၉၄ ခုနှစ်တွင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ ‌တော် DKBA/DKBO အ‌နေဖြင့် ‌ကေအဲန်ယူမှ ခွဲထွက်ပြီး အစိုးရနှင့် ၁၅နှစ်‌ကျော်ကြာ သွား‌ရောက် ပူး‌ပေါင်းခဲ့ပြီး‌နောက် ပြီးခဲ့ သည့် ၂၀၁ဝ ခုနှစ်တွင် မြန်မာစစ်အစိုးရ၏ နယ်ခြား‌စောင့်တပ် (BGF)အဖြစ်သို့ အများစုမှာ အသွင်ကူး‌ပြောင်းခဲ့ကြသည်။

သို့‌သော် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ( ဗိုလ်နှုတ်ခမ်း‌မွှေး) ဦး‌ဆောင်သည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မ ‌တော်(DKBA) တပ်မဟာ(၅) အဖွဲ့ကမူ နယ်ခြား‌စောင့်တပ်ကို လက်မခံဘဲ အစိုးရကို တစ်နှစ်နီးပါး ပြန်လည်ပစ်ခတ်ခဲ့ပြီး‌နောက် ၂၀၁၁ခုနှစ် ကုန်ပိုင်းတွင် ပြန်လည် အပစ်ရပ်ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ ရက်‌နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး ဆိုင်ရာ သ‌ဘောတူစာချုပ် (NCA)ကို အခြား‌သော လက်နက် ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်း ၇ဖွဲ့နှင့်အတူ လက်မှတ်‌ရေးထိုးခဲ့ကြသည်။

ယခင်နှစ် ဩဂုတ်လ ၃၁ ရက်‌နေ့မှ စက်တင်ဘာလ ၃ရက်‌နေ့ အထိ ‌နေပြည်‌တော်၊ (MICC 2)ခန်းမတွင် ကျင်းပခဲ့သည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ
၂၁ ရာစု ပထမအကြိမ် အစည်းအ‌ဝေးတွင်လည်း DKBAမှ ကို်ယ်စားလှယ် ၂၅ဦး တက်‌ရောက်ခဲ့သည်။ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအ‌ဝေးကို လာမည့် ‌မေလ ၂၄ ရက်‌နေ့မှာ ကျင်းပသွားရန် ဧပြီလ ၂၄ရက်‌နေ့က ‌နေပြည်‌တော်တွင် ပြုလုပ်ခဲ့သည့် NCA အ‌ကောင်အထည် ‌ဖော်‌ရေး ဆိုင်ရာ ညှိနှိုင်းအစည်း အ‌ဝေး (JICM)တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။