မေ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ စောညွန့်သောင်း
နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တို့ ညီလာခံတက်ရောက်သည့်အပေါ် ငြိမ်းချမ်းရေးအတွက် တိုးတက်မှုတစ်ရပ် ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ကျနော်တို့က ဘယ်တိုင်းရင်းသားအဖွဲ့မဆို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာဖို့ မျှော်လင့်တာပေါ့။ အထူးသဖြင့် မြောက်ပိုင်းကအဖွဲ့တွေက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် -NCA လမ်းကြောင်း မလိုက်ဘူး လို့ပြောခဲ့ပါတယ်။ သို့သော်လည်း ငြိမ်းချမ်းရေး ညီလာခံက NCA ကို အခြေခံပြီး ဖြစ်လာတဲ့ ညီလာခံဖြစ်တဲ့ အတွက် ဘယ်နည်းပဲတက်တက် လေ့လာသူ အနေ ပဲဖြစ်ဖြစ် ငြိမ်းချမ်းရေအတွက် တိုး တက်မှုတရပ်လို့ ကျနော်တို့လည်း ကြိုးဆိုပါတယ်”ဟု ပြောသည်။
အထူးသဖြင့် တိုင်းရင်းသားများအတွက် နိုင်ငံရေး အာမခံချက်ရေးသည် အဓိကကျပြီး ထိုုအာ မခံချက်ရ ရှိနိုင်မည့်နည်းလမ်းသည် လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် -NCA လမ်းကြောင်းက အသင့်တော်ဆုံးဖြစ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။
“NCA ရဲ့ ပြဌာန်းချက်အရ ကျင်းပတဲ့ ဒုတိယငြိမ်းချမ်းရေးညီလာခံမှာ သူတို့ပါဝင်တက်ရောက်ခြင်းကလည်း NCA လမ်းကြောင်းအပေါ်မှာ သူတို့ရဲ့ခံစားနာလည်မှုတွေက ပိုမိုအားကောင်းလာလို့ဖြစ်တယ်ပဲ ကျနော်တို့ ဘက်က မြင်တယ်”ဟု ခွန်မြင့်ထွန်းက ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်(NCA) သည် ပြီးခဲ့သည့် အတိတ်ကာလ၌ အစိုးရ အဆက် ဆက်မှ ပြုလုပ်သည့် အပစ်ခပ်ရပ်စဲရေးနှင့်နှိုင်းစာလျှင် အလွန်တိုးတက်လာသည့် အဆင့်ဆိုရမည်ဟု ၈၈ မျိုးဆက်ပွင့်လင်းလူမှုအဖွဲ့အစည်းမှ ကိုကိုကြီးက ကေအိုင်စီသို့ ပြောသည်။
တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် အစိုးရက မြောက်ပိုင်းမဟာမိတ် အဖွဲ့အနေဖြင့် မဖိတ်ကြားဘဲ
တစ်ဖွဲ့ခြင်းစီအလိုက်ဖြင့် ဖိတ်ကြားခြင်းဖြစ်သည်။ ထိုဖိတ်ကြားမှုအပေါ် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များက တစ်ဖွဲ့ခြင်းအလိုက် လာရောက်တက်ရောက်သည်။
အဆိုပါ မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် NCA လမ်းကြောင်း အတိုင်း လက်ခံခြင်းမရှိ၍ အပစ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အခြားလမ်းကြောင်းဖြင့် လုပ်ဆောင်ရန် အစိုးရအား တောင်းဆိုခဲ့သည့်အဖွဲ့လည်း ဖြစ်သည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့များသည် မြန်မာပြည် မြောက်ပိုင်းအတွင်းရှိ တိုင်းရင်းသားတော် လှန်ရေး လက်နက် ကိုင်အဖွဲ့များဖြစ်ကြသည့် ကချင်လွတ်လပ်ရေးအဖွဲ့ -KIO၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မ ဟာမိတ်တပ်မ တော် -MNDAA၊ မိုင်းလားအဖွဲ့ NDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ -SSPP /SSA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA ၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် -UWSA ၊ နှင့် ရက္ခိုင့်တပ်မတော် AA တို့ ဖြစ်ပြီး စုစုပေါင်း ၇ ဖွဲ့ဖြင့် စုပေါင်းထားသည်။