Home သတင်း ‌ရေနှုတ်‌မြောင်း အနံ့ဆိုးထွက်‌နေမှု ‌ဖြေရှင်း‌ပေးရန် သာမည ‌ဒေသခံများလိုလား

‌ရေနှုတ်‌မြောင်း အနံ့ဆိုးထွက်‌နေမှု ‌ဖြေရှင်း‌ပေးရန် သာမည ‌ဒေသခံများလိုလား

2697

‌မေ ၅ ရက်၊၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ သာမည ‌ရွှေ‌တောင် ၂ ရပ်ကွက်ရှိ ‌ရေနှုတ်‌မြောင်းမှ ထွက်လာသည့် အနံ့ဆိုး ‌ကြောင့် ရပ်ကွက်‌နေပြည်သူများ အနံ့မခံနိုင်သည့်အထိ ဖြစ်လာပြီး သက်ဆိုင်ရာမှ လာ‌ရောက်‌ဖြေရှင်း‌ပေးရန် လိုလားသည်ဟု ရပ်ကွက်‌နေပြည်သူများက ‌ကေအိုင်စီသို့ ‌မေ ၄ ရက်‌နေ့တွင် ‌ပြောသည်။

အဆိုပါ ‌ရေနှုတ်‌မြောင်း အနံ့ဆိုးများ ထွက်‌ပေါ်လာရခြင်းမှာ အနီးရှိ မုန့်တီစက်၊ ပဲပြားစက်များမှ စွန့်ပစ်သည့် ‌ရေဆိုးများနှင့် ရပ်ကွက်အတွင်း ‌ရေလုံအိမ်သာ မထားရှိသူများက ယင်း‌ရေနှုတ်‌မြောင်းအတွင်း မစင်စွန့်ခြင်းတို့ ‌ကြောင့် ယခုလိုအနံ့ဆိုးများ ထွက်‌ပေါ်လာခြင်းဖြစ်သလို သက်ဆိုင်ရာက လာ‌ရောက်‌ဖြေရှင်း‌ပေးရန် လိုလား သည်ဟု ‌ရွှေ‌တောင်ရပ်ကွက် (၁ )တွင် ‌နေထိုင်သူ ‌စောဉာဏ်ဝင်း(ခ) သ‌မော့အဲ့‌ဖောင်က ယခုလို‌ပြောသည်။

“ကျ‌နော်တို့‌နေတာ ‌မြောင်းနဲ့နီး‌တော့ အနံ့လုံးဝ မခံနိုင်ဘူး။ မုန့်တီစက်ရုံ၊ ပဲပြားစက်ရုံ‌တွေက အမှန်ဆိုရင် လူ‌နေ အိမ်နဲ့ ‌ဝေးတဲ့‌နေရာမှာလုပ်ရမယ်။ အခုက လူ‌နေအိမ်နဲ့နီးတယ်။ နှစ်များလာ‌တော့ အနံ့ပိုဆိုးလာတယ်။ သန့်ရှင်း ‌ရေးလည်းမလုပ်‌ပေး‌တော့ ကျန်းမာ‌ရေးမ‌ကောင်းရင် ‌နေလို့မရ‌တော့ဘူး။ ဒါကိုသက်ဆိုင်ရာ အာဏာပိုင် ‌တွေက လာပြီး‌ဖြေရှင်း‌ပေး‌စေချင်တယ်။ စက်ရုံ‌တွေကို‌ပြောင်းရင်‌ပြောင်း၊ မ‌ပြောင်းရင် အနံ့မထွက်‌အောင် လုပ်ခိုင်း ‌စေချင်တယ်” ဟု ၎င်းက ‌ပြောသည်။

ယခုလို ၂၄ အနံ့ဆိုးထွက်‌ပေါ်‌နေခြင်းကို စက်ရုံပိုင်ရှင်ထံ သွား‌ရောက်အ‌ကြောင်းကြား‌သော်လည်း တစုံတရာ ‌ဖြေရှင်း‌ပေးမှု မရှိသည့် အတွက် ရပ်ကွက်‌နေပြည်သူများမှ လက်မှက်‌ကောက်ပြီး သက်ဆိုင်ရာ တာဝန်ရှိ သူများ ထံကန့်ကွက် စာတင်သွားမည်ဖြစ်‌ကြောင်း အဆိုပါ ရပ်ကွက်၌ ‌နေထိုင်သူများက ‌ပြောသည်။

သာမည အုပ်ချုပ်‌ရေးမှူး ခွန်အချစ်က“ ဒီအနံ့ဆိုးကိစ္စ ကျ‌နော်ဘာမှ မသိ‌သေးဘူး။ ရာအိမ်မှူး‌တွေလည်း ဘာမှ လာတင်ပြတာမရှိဘူး။ အဲလိုစက်ရုံ‌သေး‌သေး‌တွေများတယ်။ ရပ်ကွက်လည်းများတယ်ဆို‌တော့ ဒီကိစ္စကို ပြန် ပြီး ‌သေချာပြန်‌မေးကြည့်လိုက်မယ် ကျ‌နော့်ဆီမှာ တင်ပြတာရှိမှ သွားကြည့်ပြီး ‌ဖြေရှင်း ‌ပေးလို့ရမယ်” ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

သာမညတွင် သက်သတ်လွတ်နယ်‌မြေဖြစ်‌သော‌ကြောင့် ရပ်ကွက်အတွင်း ပဲပုပ်၊ ပဲပြားစက်ရုံများ တစ်နှစ်ထက် တစ်နှစ်များလာပြီး အလားတူ အနံ့ဆိုးများ ထွက်‌ပေါ်ခြင်း‌ကြောင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ရပ်ကွက်လူထု ကန့်ကွက်၍ ပဲပုပ်စက်ရုံကြီးတစ်ရုံ ရပ်ကွက်အတွင်း ‌ပြောင်း‌ရွှေ့‌ပေးခဲ့ရဘူးသည်ဟု သာမည ‌ဒေသခံများ ထံမှ သိရသည်။