Home သတင်း ‌ရေကာတာ စီမံကိန်းကို လုံးဝရပ်တန့်ထားရမည်ဟု သ‌ဘောထားထုတ်ပြန်

‌ရေကာတာ စီမံကိန်းကို လုံးဝရပ်တန့်ထားရမည်ဟု သ‌ဘောထားထုတ်ပြန်

2066

‌မေလ ၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

သံလွင်မြစ်‌ပေါ်တွင် တည်‌ဆောက်မည့် ‌ရေကာတာစီမံကိန်းများအား ခိုင်မာ၍ အာမခံချက်ရှိ‌သော နိုင်ငံ‌ရေးရလဒ်ကို မ‌ဖော် ‌ဆောင်နိုင်‌သေးသည့် ကာလပတ်လုံး၌ လုုံးဝရပ်တန့်ထားရမည်ဟု ‌ရေကာတာ စီမံကိန်းများအား ဆန့်ကျင်လှုပ်ရှား ‌နေသည့်အဖွဲ့များနှင့် ‌ဒေသခံရွာသားများက ‌မေလ ၄ ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အား ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ‌ကော့လုံကျွန်း‌ပေါ်ရှိ ငှက်‌ပျော‌တောရွာ၌ ကရင်၊ ရှမ်း၊ ကယား၊ မွန်ပြည်နယ်မှ ကိုယ်စားလှယ်များနှင့် ‌ဒေသခံရွာသူရွာသားဦး‌ရေ ၃၀၀‌ကျော်တို့၏ စု‌ပေါင်းပါဝင်မှုဖြင့်ပြုလုပ်‌သော “သံလွင် အလှစကားဝိုင်းနှင့် ယဉ်‌ကျေးမှုဖလှယ်ခြင်းဆိုင်ရာ ‌ဆွေး‌နွေးပွဲ” အပြီးတွင် ထိုသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

၎င်းနှင့်ပတ်သက်၍ ပွဲအား ဦး‌ဆောင်ကျင်းပသူ ‌စောသာဘိုးက “ ‌ရေကာတာကို တည်‌ဆောက်ဖို့ကြိုးပမ်းရင်း ‌မြေသိမ်း၊ ယာ သိမ်းမှု‌တွေ၊ တိုက်ပွဲဖြစ်‌တော့လည်း စစ်‌ဘေး‌ရှောင်‌တွေ အများကြီးဒုက္ခဖြစ်တယ်။ ဒီလိုပြဿနာ‌တွေ မ‌ဖြေရှင်းနိုင်သ‌ရွေ့ ‌တော့ အားလုံး သ‌ဘောတူယုံကြည်တဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ သွားလို့မရဘူး။ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲကို သွားလို့ မရမချင်း တကယ်ကို ခိုင်မာပြီး အာမခံချက်ရှိတဲ့ ငြိမ်းချမ်း‌ရေး တည်‌ဆောက်လို့ မရဘူး။ ဒီကာလပတ်လုံးမှာ ‌ရေကာတာကို လုံးဝ မ‌ဆောက်ဖို့ ကျ‌နော်တို့ ‌ပြောချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လျှပ်စစ်စွမ်းအင် ရရှိရန်မှာ ‌ရေကာတာတည်‌ဆောက်ခြင်းဖြင့်သာ ရရှိနိုင်သည်သာ မဟုတ်ဘဲ ‌ဒေသအ‌ခြေအ‌နေ နှင့်ကိုက်ညီသည့် လူထုကိုယ်တိုင် စီမံခန့်ခွဲ‌သော လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး‌ရေး (ဥပမာ-ဆိုလာဖြင့် လျှပ်စစ်မီး ရရှိ‌စေနည်း) ကို အစိုးရမှ မူဝါဒတစ်ရပ်အ‌နေဖြင့် ချမှတ်‌ပေးရမည်ဖြစ်‌ကြောင်းလည်း ‌စောသာဘိုးက ဆက်‌ပြောသည်။

သံလွင်မြစ်ထဲရှိ အကြီးဆုံးကျွန်းဖြစ်သည့် ‌ကော့လုံကျွန်းတွင် ပြုလုပ်ခဲ့‌သော ထို‌နေ့လှုပ်ရှားမှု အစီအစဉ်သို့ ကရင်၊ ရှမ်း၊ ကယား၊ မွန်ပြည်နယ်များမှ ကိုယ်စားလှယ်များ အပြင် KNUမှ တာဝန်ရှိသူများ၊ အမျိုးသား လွှတ်‌တော်ကိုယ်စားလှယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုဥက္ကဋ္ဌ၊ အစိမ်း‌ရောင်ကွန်ယက်မှ ပညာရှင်၊ ကရင်မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့-KRW၊ ဖားအံ၊ လှိုင်းဘွဲမြို့နယ်များမှ ‌ကျေးရွာ ကိုယ်စားလှယ်များနှင့် ‌ဒေသခံများ စုစု‌ပေါင်း ၃၀ဝ ‌ကျော် တက်‌ရောက်ခဲ့ပြီး သ‌ဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

‌မေလ ၃ ရက်နှင့် ၄ရက်‌နေ့တွင် ပြုလုပ်ခဲ့သည့် ယင်းအစီအစဉ်တွင် ‌ရေကာတာစီမံကိန်းသည် ပြည်သူများအတွက် ‌ကောင်းကျိုးမှာ မရှိသ‌လောက်ဖြစ်ပြီး ဆိုးကျိုးသာ များသည့်အ‌ကြောင်း နယ်ပယ်‌ပေါင်းစုံမှ တာဝန်ရှိသူများက ‌ဒေသခံပြည် သူများအား ပညာ‌ပေး‌ဆွေး‌နွေးခဲ့ကြသည်။ ၎င်းအပြင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသင့်သည့် အ‌ကြောင်းအရာများ၊ ညပိုင်းတွင်လည်း တိုင်းရင်းသားလူမျိုးတို့၏ ယဉ်‌ကျေးမှု ဖလှယ်သည့်အ‌နေဖြင့် ရိုးရာအကများ၊ ‌တေးဂီတ‌ဖျော်‌ဖြေပွဲများကို ပြုလုပ်ကျင်းပခဲ့ကြသည်။

ရှမ်းပြည်နယ်၊ ‌တောင်ကြီးခရိုင်၊ ပင်‌လောင်းမြို့နယ်မှ လာ‌ရောက်သည့် ‌ပေါင်း‌လောင်းမြစ်‌ဒေသခံ ဦးမဲတူးက “‌ပေါင်း‌လောင်း မြစ်မှာ ‌ရေကာတာစပြီး တည်‌ဆောက်မယ်လုပ်တုန်းက ဦး‌လေးတို့အိမ်‌တွေကို အတင်းအဓမ္မ‌ပြောင်း‌ရွှေ့ခိုင်းခဲ့တယ်။ နစ်နာ ‌ကြေးနည်းနည်းပဲ‌ပေးပြီး‌တော့‌ပေါ့။ အဲအချိန်ကစပြီး ဦးတို့‌ဒေသခံ‌တွေ အကုန်ဒုက္ခ‌တွေ‌ရောက်ကုန်ကြတယ်။ အစိုးရရဲ့ ဥပ‌ဒေက ပြည်သူလူထုကို အကာအကွယ်မ‌ပေးထားဘူး၊ တရားမျှတမှုမရှိဘူး။ ဒါ‌ကြောင့် ဦးတို့လို အဖြစ်မျိုး မ‌ရောက်ရ ‌အောင် ကိုယ်‌တွေ့အဖြစ်အပျက်အ‌နေနဲ့ပြန်လည်‌ဝေမျှချင်လို့ ဒီကို‌ရောက်လာတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်‌ဖော်‌ဆောင်မှုမရ‌သေးသည့် ကာလအတွင်း ‌ရေကာတာစီမံကိန်းများကို ရပ်ဆိုင်းထားရန် မြန်မာမြစ်‌ချောင်းဆိုင်ရာကွန်ယက်(BRN)၊ သံလွင်ထိန်းသိမ်း‌ရေးဆိုင်ရာကွန်ယက်နှင့် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် အလုပ်အဖွဲ့တို့မှ ပြီးခဲ့သည့် မတ်လကပင် ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်‌တောင်းဆိုခဲ့‌သေးသည်။

အလားတူပင် ကရင်ပြည်နယ်တွင်တည်‌ဆောက်မည့် ဟတ်ကြီး‌ရေကာတာစီမံကိန်းအား ဆန့်ကျင်သည့် ဆန္ဒပြပွဲကို နှစ်စဉ်ပြုလုပ်‌နေကြဆဲဖြစ်သည်။