Home အမြင်သဘောထား ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ‌ကော့လုံကျွန်း‌ပေါ်ရှိ ငှက်‌ပျော‌တောရွာတွင် ‌မေ ၃ရက်မှ ၄ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် “သံလွင်မြစ်အလှစကားဝိုင်းနှင့် ယဉ်‌ကျေးမူဖလှယ်ခြင်းဆိုင်ရာ အစီအစဉ်” သို့...

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ‌ကော့လုံကျွန်း‌ပေါ်ရှိ ငှက်‌ပျော‌တောရွာတွင် ‌မေ ၃ရက်မှ ၄ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် “သံလွင်မြစ်အလှစကားဝိုင်းနှင့် ယဉ်‌ကျေးမူဖလှယ်ခြင်းဆိုင်ရာ အစီအစဉ်” သို့ တက်‌ရောက်လာ‌သော နယ်ပယ်‌ဒေသစုံမှ တိုင်းရင်းသားများ၏ ‌ရေကာတာစီမံကိန်းများအ‌ပေါ် သ‌ဘောထားအမြင်များ

3076

ဖရိုက်ဖတ်(ယင်းတလဲတိုင်းရင်းသား၊ ‌ဘော်လခဲမြို့နယ်၊ ကရင်နီ(ကယား)ပြည်နယ်)


ဦး‌လေးတို့ ယင်းတလဲလူမျိုး‌တွေဟာ စာရင်းအရ အားလုံး သုံးရွာ‌ပေါင်းမှ လူဦး‌ရေ တစ်‌ထောင်ပဲရှိ‌တော့တဲ့ လူ နည်းစု ဖြစ်တယ်။ သံလွင်မြစ်နားမှာရှိ‌နေတဲ့ ဦး‌လေးတို့ ‌နေရာ‌ဒေသဟာ ယင်းတလဲ‌တွေရဲ့ ဋ္ဌာ‌နေ၊ ‌နောက်ပြီး ယဉ်‌ကျေးမူ‌တွေရှိ‌နေတယ်။ ဦး‌လေးတို့ဟာ ကယားပြည်နယ်မှာ ‌ဆောက်မယ့်‌ရေကာတာစီမံကိန်းရဲ့ အနားမှာ ရှိ‌နေတဲ့အတွက် စိုးရိမ်မူ‌တွေအပြည့်ပဲ။ ‌ရေကာတာ‌ဆောက်ဖို့ သ‌ဘောတူညီချက်‌တွေ၊ အတိုင်းအထွာ ‌တွေ‌တောင် ယူပြီးပြီဆို‌တော့ တကယ်‌ဆောက်ဖြစ်ရင် ရွာ‌ပြောင်း‌ရွှေ့ခိုင်းတာ‌တွေ လာ‌တော့မယ်။ မ‌ပြောင်း ဖြစ်ရင်‌တောင် နှစ်ကာလ အ‌နှေးအမြန်ဆိုသလို ငလျင်‌ကြောင့်ဖြစ်ဖြစ်၊ အခြားအ‌ကြောင်း‌ကြောင့်ဖြစ်ဖြစ် ‌ရေကာတာ ပြိုကျလို့က‌တော့ ယင်းတလဲလူမျိုးဟာ ‌နေ့ချင်းညချင်း ‌ပျောက်ကွယ်သွားလိမ့်မယ်။ ဒါ့‌ကြောင့် ဘယ်မှလဲမ‌ပြောင်း‌ရွှေ့ချင်ဘူး။ ‌အေး‌အေး‌ဆေး‌ဆေးနဲ့ ‌နေထိုင်သွားချင်တဲ့အတွက် ‌ရေကာတာစီမံကိန်းကို ကန့်ကွက်ပါတယ်။

ခွန်စိန်ဝင်းလှိုင်(ပအိုဝ်တိုင်းရင်းသား၊ ‌တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်)


မြန်မာနိုင်ငံ၊ သံလွင်မြစ်ထဲမှာ ‌ရေကာတာ‌ဆောက်ဖြစ်ခဲ့မယ်ဆိုရင် သံလွင်မြစ်တ‌လျှောက်မှာ‌နေထိုင်‌နေတဲ့ ‌ဒေသခံတိုင်း ရင်းသား‌တွေဟာ ဒုက္ခအများကြီး‌ရောက်မယ်။ အိမ်၊ ခြံ၊ လယ်ယာ၊ ‌မြေ‌တွေ၊ ရိုးရာယဉ်‌ကျေးမှု‌တွေ၊ ‌ရှေး‌ဟောင်း ‌စေတီပုထိုး ‌တွေ အားလုံးဟာ ‌ရေ‌အောက်‌ရောက်သွားနိုင်တယ်။ မြစ်ထဲမှာ ငါး‌တွေနည်းလာနိုင်လို့ စားဖို့ မ‌လောက်ဘဲ ဖြစ်လာမယ်။ လျှပ်စစ်ရဖို့ဆိုရင် ဆိုးကျိုးများတဲ့ ‌ရေကာတာစီမံကိန်းကို မတည်‌ဆောက်ဘဲ တပိုင်တနိုင် လျှပ်စစ်စွမ်းအားရရင် လုံ‌လောက် ပါတယ်။ ဒါ‌ကြောင့်လည်း ‌ရေကာတာစီမံကိန်းကို ကန့်ကွက်ဖို့အတွက် အမြဲလုပ် သွားမယ်။

မိ‌ဟေမာနွန် (မွန်တိုင်းရင်းသူ၊ ‌ရေးမြို့နယ်၊ မွန်ပြည်နယ်)


‌ရေကာတာဟာ ကြားခါစက နားဝင်ချိုသလိုခံစားရ‌ပေမယ့် တကယ်တမ်းမှာဆို ဆိုးကျိုးက ပိုများပါတယ်။ သဘာဝ အတိုင်း စီးဆင်း‌နေတဲ့ ‌ရေကို ကွန်ကရစ်နဲ့ပိတ်ခံလိုက်တာ မ‌ကောင်းပါဘူး။ သံလွင်မြစ်ကိုသာ မှီခို အားထား‌နေရတဲ့ ကမ်းနံ‌ဘေးက ‌ဒေသခံ‌တွေကို အရမ်းသနားဖို့‌ကောင်းတယ်။ ‌ရေကာတာက‌နေရမယ့် လျှပ်စစ်မီး‌တွေဆိုတာ တကယ်တမ်း မြန်မာ နိုင်ငံပြင်ပကိုသာပို့မယ့်အတွက် တိုင်းရင်းသား‌တွေအတွက် ဘာ‌ကောင်းကျိုးမှ မရပါဘူး။ မွန်ပြည်နယ်ထဲမှာ ‌ရေကာတာစီမံကိန်းမရှိ‌ပေမယ့် ရှမ်း၊ကယားနဲ့ ကရင်ပြည်နယ် မှာ ရှိ‌နေလို့ ပိတ်ပြီး ‌ဆောက်လိုက်မယ်ဆို ညီ‌နောင်တိုင်းရင်းသား‌တွေနဲ့အတူ ‌နောက်ဆုံး ကျမတို့ မွန်‌ဒေသ ကပါ ဒုက္ခ‌ရောက်မယ့် အတွက် မ‌ဆောက်‌စေချင်ပါဘူး။

ဦးမဲတူး (‌ပေါင်း‌လောင်း‌ဒေသခံ၊ ပင်‌လောင်းမြို့နယ်၊ ရှမ်းပြည်နယ်)


ဦးတို့‌ဒေသမှာရှိတဲ့ ‌ပေါင်း‌လောင်းမြစ်ကိုပိတ်ပြီး ‌ရေကာတာမ‌ဆောက်ခင်တုန်းက‌တော့ ‌ဒေသခံ‌တွေအတွက် ဘာလုပ်‌ပေးမယ်၊ ဘာရမယ် ဆိုပြီး‌ပြောခဲ့တယ်။ တကယ်တမ်း ‌ဆောက်ပြီးတဲ့‌နောက်ပိုင်း‌တော့ အားလုံး ဒုက္ခ‌တွေ‌ရောက်ကုန်တယ်။ လုပ်ကိုင်စား‌သောက်ဖို့အဆင်မ‌ပြေ‌တော့ တစ်ချို့လူ‌တွေဆို ကိုယ့်ကိုယ် ကြိုးဆွဲချ သတ်‌သေတာ‌တောင်ရှိတယ်။ အိုးမဲ့အိမ်မဲ့ဘဝ ‌ရောက်သွားတာ‌တွေ၊ အချင်းချင်း မူးယစ်‌ဆေးဝါး‌ရောင်းဝယ်တဲ့ ပြဿနာ‌တွေ၊ တခြားနိုင်ငံ‌ရောက်သွားတာ‌တွေ၊ ဘဝပျက်သွားတာ‌တွေအများကြီးပါ။ ဒါ ဦးတို့ကိုယ်တိုင် ကြုံ‌တွေ့ခဲ့တဲ့ ‌ရေကာတာ‌ဆောက်အပြီး ဆိုးပြစ်‌တွေ‌ပေါ့။

‌အောင်နိုင်စိုး (ကယန်းတိုင်းရင်းသား၊ ကရင်နီ(ကယား)ပြည်နယ်)


မွန်ပြည်နယ်မှာ လုပ်တဲ့ပွဲဆိုရင် ကျ‌နော်တို့ ရှမ်း၊ ကရင်နီ၊ ကရင်ပြည်‌တွေက လူ‌တွေသွားတယ်။ အလားတူပဲ ကရင်နီမှာ လုပ်တဲ့ပွဲဆိုရင်လည်း ကျန်တဲ့ ပြည်နယ်က ညီအစ်ကို‌တွေလည်း တက်‌ရောက်အား‌ပေးပါတယ်။ သံလွင်မြစ်စီးဆင်းတဲ့ ဒီ ၄ ပြည်နယ်က တိုင်းရင်းသား‌တွေဟာ ‌ရေကာတာနဲ့ပတ်သက်ရင် ‌ထောက်ခံရင် တူတူ‌ထောက်ခံမယ်။ ကန့်ကွက်ရင်လည်းအတူတူ တစ်သံတည်းထွက်မယ့် တိုင်းရင်းသားညီအကို‌တွေပါ။ ဒီ ကရင်ပြည်နယ်က ဟတ်ကြီး‌ရေကာတာသာ ‌ဆောက်ဖြစ်ခဲ့ရင် ‌ဒေသခံ‌တွေအတွက် ဘယ်‌လောက်များ အာမခံ ချက် ရှိနိုင်မလဲ‌ပေါ့‌နော်။ လျှပ်စစ်‌တွေဟာ နိုင်ငံခြားကို‌ရောင်းစားမယ့် အတွက်‌ကြောင့် တိုင်းရင်းသား အတွက် ‌တော့ အကျိုးမဖြစ်ဘူး၊ လုပ်ကိုင်စား‌သောက်ဖို့ကအစ အဆင်မ‌ပြေဘူးလို့ ကျ‌နော် ‌ပြောရဲပါတယ်။ ‌ပေါင်း ‌လောင်း ‌ရေကာတာက ကျ‌နော်တို့အတွက် သက်‌သေပါပဲ။ ကျ‌နော်တို့ ၄ ပြည်နယ်က တိုင်းရင်းသား‌တွေ က‌တော့ ‌ရေကာတာ ကန့်ကွက်ဖို့ဆို အဆင်သင့်ရှိ‌နေပါတယ်။ No Dam (‌ရေကာတာ အလိုမရှိ) ပဲ‌ပေါ့‌နော့်။