Home သတင်း ‌ကော့ကရိတ်မြို့နယ်အတွင်း အစိုးရစစ်တပ် လှုပ်ရှားမှုရှိလာဟု နယ်ခံ ‌ကေအဲန်ယူ‌ပြော

‌ကော့ကရိတ်မြို့နယ်အတွင်း အစိုးရစစ်တပ် လှုပ်ရှားမှုရှိလာဟု နယ်ခံ ‌ကေအဲန်ယူ‌ပြော

2188

‌မေ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ ‌အောင်ဖ‌ကျေးရွာအုပ်စုအတွင်းတွင် ‌မေလဆန်းပိုင်းမှစ၍ ယခုအချိန်ထိ မြန်မာအစိုးရတပ်ဖွဲ့များ လှုပ်ရှားမှုရှိလာသည်ဟု နယ်‌မြေခံ ‌ကေအဲန်ယူ လက်‌အောက်ခံ တပ်ဖွဲ့ဝင်များ၏ ‌ပြောပြချက်အရ သိရသည်။

ထိုသို့ လှုပ်ရှား‌နေသည့် အစိုးရတပ်ဖွဲ့ဝင်များမှာ စစ်ဆင်‌ရေး ကွပ်ကဲမှုဌာနချုပ်(စကခ-၁၂)လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း(ခလရ-၂၃၁)နှင့် ‌ခြေမြန်တပ်ရင်း(ခမရ-၅၄၅)တို့ ဖြစ်ကြပြီး အထက်ညွှန်ကြားချက်အရ လှုပ်ရှားရခြင်းဖြစ်သည်ဟု ‌ပြောဆို‌ကြောင်း နယ်‌မြေခံ ‌ကော့ကရိတ်မြို့နယ် ကရင်ရဲတပ်ဖွဲ့ ရဲမှူးကြီး ‌စောအ‌ကျော်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “အထက်ညွှန်ကြားချက်အရ လာတယ်လို့‌တော့ သူတို့ ‌ပြောတယ်။ တစ်ဖွဲ့ကို နှစ်ပတ် လာလှုပ်ရှား ရမယ်‌ပေါ့။ ဒါ‌ပေမဲ့ ယုံကြည်မှုတည်‌ဆောက်တဲ့အချိန်မှာ ကျ‌နော်တို့ဧရိယာထဲကို ဒီလို မဝင်လာသင့်ဘူး။ ‌နောက်ပြီး လာတဲ့အခါမှာ ဘုန်းကြီး‌ကျောင်း‌တွေမှာ အ‌ခြေချ ညအိပ်တာကိုလည်း ‌တွေ့ရတယ်။ စည်းကမ်းချက်အရ ဘာသာ‌ရေးအ‌ဆောက်အဦးမှာ အ‌ခြေချ ညအိပ်ခွင့် မရှိပါဘူး”ဟု ‌ပြောဆိုသည်။

‌အောင်ဖ‌ကျေးရွာအုပ်စု၌ သွား‌ရောက်လှုပ်ရှားသည့် အစိုးရ လက်‌အောက်ခံတပ်ဖွဲ့ဝင်များ၏ တစ်ဖွဲ့ချင်းစီသည် အင်အား ၂ဝ ဝန်းကျင်ရှိကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ခလရ-၂၃၁ ပြန်သွားပြီး‌နောက် လက်ရှိ ခမရ-၅၄၅ တပ်ဖွဲ့ဝင် လှုပ်ရှား လျှက်ရှိသည်။ ခလရ-၂၃၁ ကို ဦးစီးသူမှာ ဗိုလ်ကြီး ရဲ‌ဇော်‌အောင် ဖြစ်ပြီး ခမရ-၅၄၅ ကို ဦးစီးသူမှာ ဗိုလ်ကြီး ဆန်းမင်းကို ဖြစ်သည်ဟု KNUက ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ် ‌ကေအဲန်ယူ လက်‌အောက်ခံ တပ်ဖွဲ့ဝင် အ‌ခြေစိုက်ရာ ‌ဒေသများတွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင် အစိုးရ လက်‌အောက်ခံ တပ်ဖွဲ့ဝင်များ၏ ကားဖြင့် သွားလာမှုသာရှိပြီး ယခုလို လှုပ်ရှားမှုမျိုး မရှိခဲ့‌ကြောင်း နယ်‌မြေခံ ‌ကေအဲန်ယူက ဆိုသည်။