Home သတင်း အ‌ပြောင်းအလဲကာလတွင် ပညာ‌ရေးဆိုင်ရာ စိန်‌ခေါ်မှုများရှိ‌နေဟု KTWG ဆို

အ‌ပြောင်းအလဲကာလတွင် ပညာ‌ရေးဆိုင်ရာ စိန်‌ခေါ်မှုများရှိ‌နေဟု KTWG ဆို

2456

‌မေ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

နိုင်ငံ‌ရေးအရ‌ပြောင်းလဲလာသည့် ကာလအ‌တောအတွင်း ‌ကေအဲန်ယူ-ကရင်အမျိုးအသားအစည်းအရုံး၏ နယ်‌မြေ ကရင် ပညာ‌ရေးဌာန-KED လက်‌အောက်ရှိ စာသင်‌ကျောင်းများတွင် အစိုးရပညာ‌ရေးဝန်ထမ်းများ ဝင်‌ရောက်လာမှု များရှိ‌နေခြင်း ‌ကြောင့် ပညာ‌ရေးဆိုင်ရာ စိန်‌ခေါ်မှုများရှိ‌နေသည်ဟု ကရင်‌ကျောင်းဆရာများသမဂ္ဂအဖွဲ့-KTWG ဆိုသည်။

‌မေလ ၂၅ ရက်‌နေ့က မဲသ‌ရောခီး‌ဒေသတွင် ပြုလုပ်ခဲ့‌သော ကရင်ပညာ‌ရေးဌာန-KED နှင့် ကရင်‌ကျောင်းဆရာများသမဂ္ဂ-KTWGတို့ ပူး‌ပေါင်းဖွင့်လှစ်သည့် ကရင့်‌ကျောင်းဆရာပညာ‌ရေး‌ကောလိပ်-KTTC ‌ကျောင်းဆင်းပွဲအပြီးတွင် KTWG၏ ဥက္ကဌ ဖြစ်သူ ‌နော်လယ်ထူးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “အခုနိုင်ငံ‌ရေး‌ပြောင်းလဲလာမှုအ‌ပေါ် ပညာ‌ရေးပိုင်းမှာ စိန်‌ခေါ်မှု‌တွေရှိလာခဲ့တယ်။ ဆိုလိုတာက အစိုးရဘက်က ကျ မတို့နယ်‌မြေ‌ဒေသ‌တွေမှာ သင်ကြား‌ရေးအတွက် ‌ကျောင်းဆရာ၊ ဆရာမ‌တွေကို လွှတ်တာမျိုးရှိတယ်။ ‌ရောက်လာတဲ့ ဆရာ၊ ဆရာမ‌တွေက ကျမတို့ရဲ့ ဘာသာစကားကို မတတ်ဘူး။ သူတို့ရဲ့ စီမံချက်က သူတို့ ဘာသာစကားကို ကျမတို့ တိုင်း ရင်းသား‌တွေကိုသင်ကြား‌ပေးဖို့ဖြစ်တယ်။ ဒီကရင်ပြည်နယ်ထဲမှာဆို အများဆုံး‌စေလွှတ်တာကို ကျမတို့ရင်ဆိုင်‌နေရတယ် ” ဟု ‌ပြောသည်။

ထို့အပြင် KED ပညာ‌ရေးဌာနတွင် ၎င်းတို့၏ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများရှိ‌နေပြီး လက်ရှိနိုင်ငံ‌ရေးအရ ‌ပြောင်း လဲလာသည့် အ‌ခြေအ‌နေများတွင် ကရင်‌ကျောင်းဆရာ၊ ဆရာမများအ‌နေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်သင်ရိုးညွှန်း တမ်းနှင့် ကမ္ဘာ့ပညာ‌ရေးဆိုင်ရာ သင်ကြား‌ရေးနည်းစနစ်များကို ပိုမိုကျွမ်းကျင်စွာ နားလည်နိုင်ရန် အ‌ရေးကြီးသည်ဟုလည်း ‌နော်လယ်ထူးက ဆက်‌ပြောသည်။

‌ကေအဲန်ယူနှင့် ယခင် ဦးသိန်းစိန် အစိုးရတို့ကြား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်စဲ ‌ရေး ပြုလုပ်ခဲ့ပြီးသည့်‌နောက်ပိုင်း ကရင်ပညာ‌ရေးဌာန ထိန်းချုပ်မှု ‌အောက်ရှိ စာသင် ‌ကျောင်းအချို့ မှာ ‌ထောက်ပံ့မှု အခက် အခဲနှင့် အသိအမှတ်ပြုခံရမှု အ‌ပေါ်မှာ အစိုးရပညာ‌ရေးဌာနနှင့် သွား‌ရောက်ပူး‌ပေါင်းသွားသည့် ပညာ‌ရေးဆိုင်ရာ စိန်‌ခေါ်မှုများကို စတင်ကြုံ‌တွေ့ရင်ဆိုင်‌နေခဲ့ရသည်ဟု ကရင်အမျိုးသား ပညာ‌ရေး ဆိုင်ရာ လှုပ်ရှားမှုအဖွဲ့များက ‌ပြောသည်။

မဲသ‌ရောခီး‌ဒေသ၏ KTTC ‌ကျောင်းအုပ်ဖြစ်သူ ဆရာ‌စောဆာ့‌ဂေက“ကျ‌နော်တို့ ကရင်‌ကျောင်း ဆရာ၊ ဆရာမ ‌တွေအ‌နေနဲ့ စာသင်ကြားရတာ တစ်ခုထဲအ‌ရေးကြီးတာမဟုတ်ပါဘူး။ နိုင်ငံ‌ရေးနှင့် နယ်‌မြေ‌ဒေသရဲ့ အ‌ခြေအ‌နေ‌တွေကိုပါ နားလည်ထား ဖို့လိုတယ်။ အခုက ကျ‌နော်တို့ ထိစပ်‌ဒေသ‌တွေမှာ အစိုးရက သူတို့ ဆရာ၊ ဆရာမ‌တွေပို့လာတာပိုများလာတယ်။ အဲ့လို များလာ‌တော့ ကျ‌နော်တို့‌ကျောင်း‌တွေက အစိုးရလက်‌အောက် ဖြစ်လာခဲ့ရင် အစိုးရရဲ့ ပညာ‌ရေးစနစ်က ကျ‌နော်တို့ အ‌ခြေအ‌နေနဲ့က ဘယ်လိုမှ ကိုက်ညီမှုမရှိဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌နေ့ ပြုလုပ်ကျင်းပသည့် မဲသ‌ရောခီး‌ဒေသရှိ ယင်း KTTC ‌ကျောင်းဆင်းပွဲ၌ ပညာသင်နှစ် ၃ နှစ် ကာလအပြီး ‌အောင်မြင်ခဲ့သည့် ‌ကျောင်းဆရာ၊ ဆရာမ‌ပေါင်း ၃၇ ဦးနှင့် ပညာသင်နှစ်အပါအဝင် လက်‌တွေ့ကာလ ၅ နှစ် ‌အောင်မြင်ခဲ့သည့် ‌ကျောင်းဆရာ၊ ဆရာမ ၂၁ ဦးအား KED ကရင်ပညာ‌ရေးဌာနမှ ဒီပလိုမာ (Diploma ) ဘွဲ့‌ပေးအပ်ခဲ့ သည်။

KTWG အ‌နေဖြင့် KTTC ‌ကောလိပ်‌ကျောင်းကို ‌ကေအဲန်ယူ ဖာပွန်ခရိုင်၊ ဟို‌ကေ‌ဒေသနှင့် ဒူးပလာယာခရိုင်၊ မဲသ‌ရောခီး‌ဒေ သစသည်ဖြင့် စာသင်‌ကျောင်းနှစ်‌ကျောင်းဖွင့်လှစ်ထားပြီး ယခုနှစ်အတွက် ၎င်း‌ကျောင်းနှစ်‌ကျောင်းမှ စုစု ‌ပေါင်း‌ကျောင်းဆရာ၊ ဆရာမ ၆၇ဦးကို ‌မွေးထုတ်‌ပေးနိုင်ခဲ့သည်ဟု KTWGက ဆိုသည်။

၎င်း KTTC ‌ကောလိပ်‌ကျောင်းတွင် တက်‌ရောက်ပညာသင်ယူကြသည့် ‌ကျောင်းဆရာ၊ ဆရာမများကို KEDမှ ပြဌာန်း သတ်မှတ်ထားသည့် ဘာသာရပ် ၇ခုဖြစ်‌သော KG တန်းမှ အထက်တန်းအထိပါဝင်သည့် ကရင်၊ အဂင်္လိပ်၊ မြန်မာ၊ သိပ္ပံ၊ သချင်္ာ၊ ပထဝီဝင်၊ သမိုင်းဘာသာရပ်များနှင့် သင်ကြာ‌ရေးနည်းစနစ်များကို စာ‌တွေ့၊ လက်‌တွေ့သင်ကြား‌ပေးပြီး ‌ကေအဲန်ယူ၏ ခရိုင် (၇)ခုမှ KED ပညာ‌ရေးဌာန‌အောက်ရှိ ‌ကျောင်းဆရာ၊ ဆရာမများနှင့် နယ်စပ် ဒုက္ခသည်စခန်းရှိ ဆရာ၊ ဆရာမများကို ‌ခေါ်ယူသင်ကြား‌ပေးခြင်းဖြစ်သည်။

KTTC ‌ကောလိပ်‌ကျောင်းကို တက်‌ရောက်ခဲ့သူ နို့ဖိုးဒုက္ခသည်စခန်းမှ ‌နော်မယု‌အေးက “ကျမဒီ‌ကျောင်းကို တက်ဖြစ်တဲ့ ရည်ရွယ်ချက်က အရည်အချင်းပြည့်ဝတဲ့ ‌ကျောင်းဆရာမတစ်ဦးဖြစ်လာဖို့နဲ့ ရရှိလာတဲ့ ပညာရပ်‌တွေကို ကျမ‌ဒေသမှာ ရှိတဲ့ က‌လေးသူငယ်‌တွေ လူငယ်‌တွေကိုပြန်ပြီးအကျိုးပြုနိုင်ဖို့အတွက် ရည်ရွယ်တာ‌ပေါ့။ ဒီ‌ကျောင်းက‌နေ စာ‌တွေ့၊ လက်‌တွေ့ နှစ်မျိုးလုံးကို ကျမအ‌နေနဲ့အများကြီးကို သင်ယူရရှိခဲ့ပါတယ်”ဟု ‌ပြောသည်။

KTTC ‌ကောလိပ်‌ကျောင်းကို ယခင် ‌ကေအဲန်ယူဌာနချုပ်‌ဟောင်းမာနယ်ပ‌လောတွင် ဖွင့်လှစ်ခဲ့ပြီး ၁၉၉၄ခုတွင် မာနယ်ပ ‌လောကျသွားပြီး‌နောက်ပိုင်း ၂၀၀၄ ခုနှစ်မှ KTWGနှင့်KEDတို့ပူး‌ပေါင်းပြီး ပြန်လည် စတင်တည်‌ထောင် ခဲ့ခြင်းဖြစ်သည်။ KTWG ၏ ၂၀၁၆-၂၀၁၇ခုနှစ် ပညာသင်နှစ်စာရင်းအရ ‌ကေအဲန်ယူနယ်‌မြေအတွင်း KED ပညာ‌ရေး လက်‌အောက်တွင် ‌ကျောင်း‌ပေါင်း (၁၅၄၉)‌ကျောင်းမှ ‌ကျောင်းသူ၊ ‌ကျောင်းသား‌ပေါင်း ၁၇၅,၆၁၁ ဦးကို ‌ကျောင်းဆရာ၊ ဆရာမ‌ပေါင်း ၁၁၀,၉၅ဦးမှ ပညာသင်ကြား‌ပေးလျှက်ရှိသည်။