Home သတင်း အစိုးရ တပ်စခန်းများ ဖျက်သိမ်း‌ပေး‌ရေး KNU ဖာပွန်ခရိုင်ရှိ ‌ဒေသခံ တစ်‌ထောင်နီးပါး ဆန္ဒထုုတ်‌ဖော်

အစိုးရ တပ်စခန်းများ ဖျက်သိမ်း‌ပေး‌ရေး KNU ဖာပွန်ခရိုင်ရှိ ‌ဒေသခံ တစ်‌ထောင်နီးပါး ဆန္ဒထုုတ်‌ဖော်

2393

‌မေလ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာနယ်‌မြေတစ်ခုဖြစ်သည့် ကရင်ပြည်နယ် ဖာပွန်ခရိုင် လူ‌သောမြို့နယ် အတွင်း စခန်းချ‌နေထိုင်‌နေသည့် မြန်မာ့တပ်မ‌တော်တပ်စခန်းများ ပြန်လည်ရုပ်သိမ်း‌ပေး‌ရေးအတွက် ‌ဒေသခံ တစ်‌ထောင်နီးပါးမှ ပြီးခဲ့သည့် ‌မေလ ၁၅ ရက်‌နေ့က ဆန္ဒထုတ်‌ဖော်မှု တစ်ခုပြုလုပ်ခဲ့‌ကြောင်း သိရသည်။

KNU လူ‌သောမြို့နယ်အတွင်းရှိ ဖလခို၊ ယယ်မူပ‌လော၊ ‌ကျော်မူပ‌လောစသည့် ‌ကျေးနယ် ၃ ခုမှ ‌ဒေသခံများမှ စု‌ပေါင်းပြီး ဖလခို့‌ကျေးနယ် ‌ဖောကလို့ထရွာရှိ မြန်မာ့တပ်မ‌တော်တပ်စခန်းတည်ရှိရာ ကျာ‌ဝေါ်လူစခန်း ‌အောက်တွင် အဆိုပါ ဆန္ဒထုတ်‌ဖော်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်‌ဖော်မှုတွင်ဦး‌ဆောင်သည့် ‌ဒေသခံတစ်ဦးဖြစ်သည့်‌စောဖီက “NCA လက်မှတ်ထိုးပြီးတာ‌တောင် ကျ‌နော်တို့ အ‌နေ နဲ့က စိုးရိမ်‌သောက ‌ရောက်‌နေရတုန်းပဲဖြစ်တယ်။ ဒီစခန်း‌တွေ ကျ‌နော်တို့ အနီးနားမှာ ရှိ‌နေ‌တော့သွားလာလုပ်ကိုင် စား ‌သောက်ရတာ မလွတ်လပ်ဘူးလို့ခံစားရတယ်။ သူတို့ကို ဒီ‌နေရာမှာ မ‌နေ‌စေချင်လို့ အခုလို ဆန္ဒ‌ဖော် ထုတ်တာဖြစ် တယ်”ဟု ‌ပြောသည်။

ဆန္ဒထုတ်‌ဖော်မှုတွင် ၎င်းတို့နယ်‌မြေများအတွင်း အစိုးရ တပ်တပ်စွဲထားမှုများကို ‌ဒေသခံများ မလိုလားသည့် အပြင်၊ အဆို ပါ တပ်စခန်းများအားလုံး ပြန်လည်ရုပ်သိမ်း‌ပေး‌ရေး၊ လွတ်လပ်စွာ လုပ်ကိုင်စား‌သောက်ခွင့်ရရှိ‌ရေးနှင့် မိမိနယ်‌မြေကို မိမိတို့ ကရင်‌ခေါင်း‌ဆောင်များသာ စီမံအုပ်ချုပ်ခွင့်ရရှိ‌ရေး စသည့် ဆန္ဒသ‌ဘော ထားများပါသည့် ‌ကြွေး‌ကြော်သံများဖြင့် ချီတက်ဆန္ဒထုတ်‌ဖော်ခဲ့ကြခြင်းဖြစ်သည်။

KNU အုပ်ချုပ်နယ်‌မြေတစ်ခုဖြစ်သည့် လူ‌သောမြို့နယ်အတွင်းရှိ‌ဒေသခံများအ‌နေဖြင့် ‌တောင်ယာ စပါး စိုက်ပျိုးမှုနှင့်သာ အဓိကအသက်‌မွေးဝမ်း‌ကျောင်းပြု‌နေရပြီး အစိုးရတပ်စခန်းများ ဆက်လက်ရှိ‌နေ‌သေးခြင်း၊ နှစ်ဖက်တပ်များ‌ထောင်ထား သည့် ‌မြေမြုပ်မိုင်းများ‌ကြောင့် သွားလာ‌ရေးအတွက် စိတ်မချရ‌သေးသည့် ‌နေရာများစွာ ရှိ‌နေ‌သေးခြင်းအပြင် အခြား‌သော ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ စီးပွား‌ရေး၊ လမ်းပန်းဆက်သွယ်‌ရေးစသည့်တို့တွင် ခက်ခဲမှုများစွာ ရှိ‌နေ‌သေးသည့် နယ်‌မြေတစ်ခု လည်းဖြစ်သည်။

အဆိုပါ ‌ကျေးနယ် ၃ ခုအတွင်း မြန်မာ့တပ်မ‌တော်တပ်စခန်း အနည်းဆုံး ၇ ခုရှိ‌နေ‌သေးပြီး အဆိုပါ တပ်စခန်း များမရှိပါက ‌ကြောက်ရွံ့မှုကင်းစွာဖြင့်လွတ်လပ်စွာ လုပ်ကိုင်စား ‌သောက် နိုင်မည်ဖြစ်‌ကြောင်းလည်း ‌ဒေသခံများက ‌ပြောဆိုသည်။

‌ကျော်မူပ‌လော‌ကျေးရွာမှ ‌နော်မြက “အရင်ကလို‌တော့ ‌ပြေးလွှားပုန်း‌ရှောင်‌နေရတာ‌တော့မရှိ‌တော့ဘူး။ အခုသူတို့ တပ်စ ခန်း‌တွေရှိ‌နေ‌တော့ အဟန့်အတား တစ်ခုလိုဖြစ်‌နေတယ်။ စိတ်အ‌နှောင့်အယှက်ဖြစ်တယ်။ ‌ကြောက်လည်း‌ကြောက်တယ်။ ဒီ‌နေ့ကစပြီး သူတို့ကို မရှိ‌စေချင်‌တော့ဘူး”ဟု ‌ပြောသည်။

အစိုးရ တပ်စခန်းများ ပြန်လည်ဆုတ်‌ပေး‌ရေးနှင့်ပတ်သက်ပြီး လူ‌သောမြို့နယ်အတွင်းရှိ ‌ဒေသခံများ ဆန္ဒထုတ်‌ဖော်မှုများမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး KNU ဖာပွန်ခရိုင်အတွင်းရှိ အခြား‌သော မြို့နယ်များတွင်လည်း အဆိုပါ ဆန္ဒထုတ်‌ဖော်မှုများကို ‌ဒေသခံများကိုယ်တိုင်ဦး‌ဆောင်ကာ ဆက်လက်ပြု လုပ်သွားရန်ရှိ ‌ကြောင်းလည်း သိရသည်။