Home သတင်း သဘာဝအတိုင်း စိုက်ပျိုးထားသည့် ‌ကော့ကရိတ် ဒူးရင်းသီး အ‌ရောင်းသွက်

သဘာဝအတိုင်း စိုက်ပျိုးထားသည့် ‌ကော့ကရိတ် ဒူးရင်းသီး အ‌ရောင်းသွက်

2909

‌မေ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

နည်းပညာနှင့် ဓာတ်‌မြေဩဇာ အသုံးမပြုဘဲ သဘာဝအတိုင်း စိုက်ပျိုးထားသည့် ကရင်ပြည်နယ်၊ ‌ကော့ကရိတ် ‌တောင်ပိုင်း ‌ဒေသထွက် ဒူးရင်းသီးများ ယခုနှစ်တွင် အထွက်များ အ‌ရောင်းသွက်ကာ ယခင်နှစ်ထက် ‌ဈေးကွက် ပို‌ကောင်းလာသည်ဟု ဒူးရင်းခြံပိုင်ရှင်းများနှင့် ဝယ်‌ရောင်းများက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ‌ဈေးကွက် အ‌ခြေအ‌နေနှင့် ပတ်သက်၍ ‌ကော့ကရိတ်‌တောင်ပိုင်း ဖားကျရွာတွင် ဒူးရင်းသီး အ‌ရောင်း အဝယ်ပြုလုပ်‌နေသူ နန်းမြစန်းက “ ဒီနှစ်‌တော့ ဒူးရင်းသီး အ‌ရောင်းအဝယ် တအားသွက်တယ်။ ‌ဈေးလည်း ‌ကောင်းလာတယ်။ လမ်း‌ကောင်း လာပြီးဆို‌တော့ ဒူးရင်းသီး၊ မင်းကွတ်သီး‌ဈေး‌တွေ တင်လို့ရပြီး ဒူးရင်းသီး‌တွေ ခြံထဲမှာ လိုက်ဝယ်ပြီးရင် အိမ်‌ရှေ့မှာချ‌ရောင်းရုံဘဲ။ ဒိုင်ကြီး‌တွေက ဒီအထိ လာဝယ်‌တော့ အ‌ရောင်းအဝယ် လုပ်ရတာ အဆင်‌ပြေတယ်” ဟု ‌ကေအိုင်စီသို့ ‌မေ ၂၃ ရက်တွင် ‌ပြောသည်။

ယခုနှစ်တွင် ‌ကော့ကရိတ်မှ ကြားအင်းဆိပ်ကြီးသို့ ဆက်သွယ်ထားသည့် လမ်းတစ်ဝက်‌ကျော်ကို ကတ္တာရာလမ်း အဖြစ် ခင်းထားပြီးဖြစ်ရာ သွားလာ‌ရေး ပိုမိုအဆင်‌ပြေလာသည့် အတွက် ဖားအံ၊ ‌ကောကရိတ်မြို့များအပြင် ‌မော်လမြိုင်မြို့မှ ဒူးရင်းဒိုင်များ လာ‌ရောက်ဝယ်ယူ‌နေပြီး လက်ရှိ ဒူးရင်းသီးတစ်လုံးလျှင် ကျပ် ၃,၀၀ဝ မှ ၅,၀၀ဝ အတွင်း ‌ဈေး‌ပေါက် ‌နေသည်ဟု ဝယ်‌ရောင်းများက ‌ပြောသည်။

ယခုလို ဒူးရင်းသီး အဝယ်ဒိုင်များ လာ‌ရောက်ဝယ်ယူမှု များပြားလာပြီး အချို့‌ကြွေကျသည့် ဒူးရင်းသီးများကို ခြံရှင်များ မ‌ကောက်ရ‌သေးခင် လာ‌ရောက်‌ကောက်ယူ ‌ရောင်းချခြင်းများရှိသည့်အတွက် ခြံရှင်များ မနစ်နာ ‌စေရန် အဝယ်ဒိုင်များကို ဒူးရင်းခြံထဲထိ သွား‌ရောက်ဝယ်ယူခွင့် မပြုဘဲ လမ်း‌ဘေးဆိုင်ဖွင့်ထားသည့် ဝယ်‌ရောင်း များထံတွင်သာ ဝယ်ယူခွင့်ပြုသည့် စည်းကမ်းကို ‌ကျေးရွာတာဝန်ရှိသူများက ထုတ်ပြန်ထား‌ကြောင်း ခြံပိုင်ရှင် များက ယခုလို‌ပြောသည်။

“ဆိုင်ကယ်သမား‌တွေ ‌ဖောက်သည်‌တွေက ခြံရင်းအထိသွားနိုင်ပြီးဆို‌တော့ အရင်းမှာပဲသွားဝယ်ချင်တယ်။ တချို့ခြံရှင် မ‌ကောက်ရ‌သေးတဲ့ အပင်‌ကြွေသီး‌တွေကို ကြုံရင်ကြုံသလို အပြင်ဆိုင်ကယ်သမား‌တွေ ‌ကောက်ယူ လိုက်‌တော့ ခြံရှင် ‌တွေနစ်နာတယ်။ ကျ‌နော်တို့‌ဒေသက ‌တောင်‌ခြေမှာပဲ ဒူးရင်းခြံများတယ်။ ‌တောင်‌ခြေအထိ အပြင်ဧည့်သည် ဝင်ခွင့်မ‌ပေးဖို့ ဒီအချိန်မှာ စည်းကမ်းချက် ထုတ်ထားတာ‌တွေ ရှိတယ်” ဟု ဒူးရင်းခြံရှင် ‌စောအ‌ကျော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်နှစ် ဒူးရင်းသီး‌ပေါ်ချိန်တွင် အသီးအထွက်နည်းသလို တစ်လုံးလျှင် ကျပ် ၂,၀၀ဝ ခန့်သာ ‌ဈေးရှိပြီး ဒူးရင်း သီးဝယ် ‌ရောင်းလုပ်သူများနည်းပါး‌သော်လည်း ယခုနှစ်ရာတွင် ဒူးရင်းသီး အထွက်များပြီး ယခုလို ‌ဈေး‌ကောင်း သည့်အတွက် ဝယ်‌ရောင်းလုပ်သူများ ပိုမိုများပြားလာကာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်း‌ဒေသ ကြီးအထိ တင်ပို့ ‌ရောင်းချ ‌နေ‌ကြောင်း ‌ဒေသခံ ဝယ်‌ရောင်းများထံမှ သိရသည်။

ကရင်ပြည်နယ်အတွင်း ‌ကော့ကရိတ်‌တောင်ပိုင်း ‌ဒေသသည် ဒူးရင်းသီးအထွက်အများဆုံးဖြစ်ပြီး ‌တောင်ကြာ အင်း၊ ‌လောင်းကိုင်၊ ဖားကျ၊ သမိန်ဒွတ်၊ ဝင်းက၊ စက္ကဝက်၊ အစွန်း စသည့် ‌ကျေးရွာများတွင် ဒူးရင်းခြံ အများ အပြားရှိကာ သံ‌တောင်ကြီးမြို့နယ်တွင်လည်း ဒူးရင်းခြံစိုက်ပျိုးသူများရှိ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။