Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အသံ၊ လူငယ့်အမြင်

လူငယ့်အသံ၊ လူငယ့်အမြင်

2560

“က‌လေး‌တွေ လူ‌တော်လူ‌ကောင်း‌တွေဖြစ်လာ‌အောင် ပြုစုပျိုး‌ထောင်ဖို့ ဇာတိ‌မြေမှာ Pre-School ဖွင့်လှစ်သွားဖို့ ရည်မှန်းထားတယ်”

——-

က‌လေး‌တွေကို လူ‌တော်လူ‌ကောင်း‌တွေဖြစ်လာ‌အောင် ပြုစုပျိုး‌ထောင်ဖို့အတွက် ဇာတိ‌မြေ ကရင်ပြည်နယ်မှာ Pre-School ပြန်လာဖွင့်ဖို့ ရည်မှန်းထားတယ်လို့ ဖွင့်ဟလာသူက‌တော့ Shichida (ရှီချီဒါ ပညာ‌ရေးစနစ် ညာဘက် ဦး ‌နှောက်ဖွံ့ဖြိုး‌ရေး‌ကျောင်း) ရဲ့ ဆရာ(Instructor) တစ်‌ယောက်ဖြစ်တဲ့ အသက်၂၃ နှစ်အရွယ် ‌စောချမ်း‌မြေ့‌ကျော်ပဲ ဖြစ်ပါတယ်။

သူ့ကို ဖားအံမြို့၊အမှတ် ၅ ရပ်ကွက်ရှိ အဖ မန်းမြင့်‌အောင်နှင့် အမိ နန်း‌အေး‌အေးစိုးတို့က ၁၉၉၄ခုနှစ်မှာ ‌မွေးဖွားခဲ့တာပါ။ ‌မွေးချင်း‌မောင်နှမ ၃ ‌ယောက်အနက် အငယ်ဆုံးဖြစ်တဲ့ သူဟာ အသက် ၂နှစ် အရွယ်ကတည်း က အ‌ဖေနဲ့အ‌မေလမ်းခွဲပြီး အ‌ဖေရဲ့အစ်မဖြစ်တဲ့ သူ့ရဲ့အ‌ဒေါ်လက်ထဲမှာ ကြီးပြင်းခဲ့ပါတယ်။ သူအလယ်တန်း ‌ကျောင်းသားဘဝမှာ အ‌ဖေဆုံးပြီး‌နောက်ပိုင်း စီးပွား‌ရေး အဆင်မ‌ပြေခဲ့ပါဘူး။ သူ့အ‌မေက ‌နောက် အိမ်‌ထောင်နဲ့ဆို‌ပေမဲ့ သားသမီး‌တွေကို‌တော့ ဂရုစိုက်ခဲ့ပါတယ်။

သူဟာ မူလတန်းပညာကို ဖားအံမြို့၊ အမှတ်(၆) မူလတန်း ‌ကျောင်း၊ အလယ်တန်းနှင့်အထက်တန်းကို‌တော့ ဖားအံမြို့ အမှတ်(၃) အထက်တန်း‌ကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ၂၀၁ဝ ခုနှစ်မှာ ဆယ်တန်း‌အောင်မြင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ‌တော့ အဂင်္လိပ်စာအထူးပြု (E-Major)နဲ့ဘွဲ့ရခဲ့ပြီး အဲဒီနှစ်မှာပဲ ရန်ကုန်မြို့မှာရှိတဲ့ Kant Kaw Education Centre- ကံ့‌ကော် ပညာ‌ရေး စင်တာမှာ တစ်နှစ်‌ကျော်ကြာ ပညာဆက်လက်ဆည်းပူးခဲ့ပါတယ်။ သူ့အ‌နေနဲ့က လုပ်ငန်းခွင်ဝင်ရန် အသင့်မဖြစ်‌သေးဘူးလို့သူ့ကိုယ်သူ ထင်တယ်။ ဒါ‌ကြောင့် အိမ်က သိပ်မ‌ထောက်ပံ့နိုင်‌ပေမဲ့ ကံ့‌ကော်က ပညာသင် ဆု‌ပေးတာ‌ကြောင့် ပညာဆက်လက်ဆည်းပူးလိုစိတ်နဲ့ သင်ယူဖြစ်ပုံကို ယခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။

“ရန်ကုန်မှာ တက်ရမယ်ဆို‌တော့ အိမ်က သ‌ဘောမကျဘူး။ အိမ်မှာပဲ‌နေပြီး အလုပ်လုပ် ‌စေချင်ကြတယ်။ အိမ်က ပညာ‌ရေးကို သိပ်ပြီး အားမ‌ပေးခဲ့ဘူး။ ဒါ‌ပေမဲ့ ကျ‌နော့်အတွက်‌တော့ ကံ့‌ကော်ဟာ ကြီးမားတဲ့အ‌ပြောင်းအလဲပါပဲ။ မတူကွဲပြားတဲ့ သူငယ်ချင်း‌တွေနဲ့‌တွေ့ရတယ်။ လူမျိုး၊ ဘာသာ၊ လိင်(ဂျင်ဒါ)ခံယူမှု စသဖြင့် ဘယ်လိုပဲကွဲပြား‌နေပါ‌စေ။ လူဟာ လူပါပဲ။ ကံ့‌ကော်‌ကြောင့်ပဲ ကျ‌နော်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာတယ်၊ လူမှုဆက်ဆံ‌ရေးမှာလည်း ပိုအား‌ကောင်းလာတယ်။” လို့‌ပြောပြခဲ့ပါတယ်။

စီးပွား‌ရေး အဆင်မ‌ပြေမှု၊ အိမ်ရဲ့ ပညာ‌ရေးဆက်လက် အားမ‌ပေးလိုမှု‌တွေ‌ကြောင့် ရန်ကုန်‌ရောက်တုန်းက ချမ်း‌မြေ့ခင်ဗျာ အခက်အခဲနဲ့ကြုံ‌တွေ့ခဲ့ရပါတယ်။ ခြိုးခြံ‌ချွေတာပြီး ပညာဆည်းပူးပြီးတဲ့ ‌နောက်ပိုင်း ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ ကံ့‌ကော် ပညာ‌ရေးစင်တာက‌နေ ‌ကျောင်းပြီးခဲ့ပြီး‌တော့ ဖားအံမြို့ရဲ့ ဟိုတယ်‌တွေမှာ ၆ လ‌လောက် ဝင်‌ရောက်လုပ်ကိုင်ခဲ့ပါ ‌သေး တယ်။ ဟိုတယ်မှာ လုပ်ကိုင်ရင်း အွန်လိုင်း က‌နေတဆင့် အလုပ်အကိုင်ရှာ‌ဖွေ့တဲ့အခါမှာ ဂျပန်လူမျိုး‌တွေ လာ‌ရောက်ဖွင့်ထားတဲ့ ရှီချီဒါ (Shichida)‌ကျောင်းကို ‌ရွေးချယ်‌လျှောက်ထားခဲ့ပါတယ်။ Shichida ‌ကျောင်းရဲ့ နည်းစနစ်ကျပြီး သာလွန်‌ကောင်းမွန်တဲ့ ပညာ‌ရေးပုံစံ‌ကြောင့် ‌ရွေးချယ်လိုက်တာလို့ ဆိုပါတယ်။

အဲဒီ‌နောက် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှာ‌တော့ ‌စောချမ်း‌မြေ့‌ကျော်ဟာ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ Shichida ‌ကျောင်းရဲ့ ဆရာတစ်‌ယောက်အဖြစ်နဲ့လုပ်ကိုင်ခဲ့တာ ယခုဆိုရင် တစ်နှစ်‌ကျော်ခဲ့ပါပြီ။ Shichida ‌ကျောင်းဟာ အသက်(၆)လမှ (၆)နှစ်အရွယ်ရှိ က‌လေးငယ်‌တွေရဲ့ တီထွင် ဖန်တီးနိုင်စွမ်း၊ စိတ်ကူးစိတ်သန်း‌ကောင်းမွန်မှု၊ ‌ဖောက်ထွက်‌တွေး‌ခေါ်နိုင်စွမ်း၊ ဘာသာစကား သင်ယူနိုင်စွမ်း စတဲ့ စွမ်းရည်‌တွေကို ပျိုး‌ထောင်‌လေ့ကျင့်‌ပေးရတာ ဖြစ်ပါတယ်။

အမျိုးသား‌ရေးနှင့်ပတ်သက်ပြီး‌တော့လည်း ‌စောချမ်း‌မြေ့ဟာ ကရင်ရိုးရာ ဒုံးကတာ၊ ကရင့်ရိုးရာချည်ဖြူဖွဲ့၊ ကရင် နှစ်သစ်ကူး ‌နေ့ အခမ်းအနား‌တွေမှာ ပါဝင်ပြီး တက်တက်ကြွကြွ လုပ်‌ဆောင်ပါတယ်။ သူ့ရဲ့ အနာဂတ် ရည်ရွယ်ချက်က‌တော့ ရှီချီဒါမှာ သုံး၊ ‌လေးနှစ် အ‌တွေ့အကြုံယူ လုပ်ကိုင်ပြီးရင် နိုင်ငံခြားမှာ Early Child Education (က‌လေးပြုစုပျိုး‌ထောင် သင်ကြား နည်း) ပုံစံမျိုးနဲ့ ပညာ‌တော်သင် (Scholarship) သွားချင်တယ်။ ‌သေချာတာက‌တော့ ဖားအံမှာ Pre-School (မူကြို‌ကျောင်း) ပုံစံမျိုး ပြန်လာဖွင့်သွားမှာပါ လို့‌ပြောပါတယ်။

အနာဂတ်လူငယ်များနှင့် ပတ်သက်၍လည်း ‌စောချမ်း‌မြေ့‌ကျော်က “‌ကောင်းမွန်ပြီး နည်းစနစ်ကျတဲ့ ပညာ‌ရေးသာ ရှိခဲ့ မယ် ဆိုရင် လူ‌တွေအားလုံးဟာ အချင်းချင်း ချစ်ခြင်း‌မေတ္တာထား ‌လေးစားပြီး အရာရာကို အပြုသ‌ဘော‌ဆောင်ပြီး‌တော့ ‌ဖြေရှင်း လာကြမယ်လို့ယုံကြည်တယ်။ အမုန်းတရား‌တွေနဲ့ ပုံသွင်းခံထားရတဲ့ လူ‌တွေကို မြင်မိတဲ့ အခါတိုင်း စိတ်မ ‌ကောင်းဖြစ်မိတယ်။ သာယာ‌ပျော်ရွှင်စရာ‌ကောင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ လူတိုင်းဟာ ချစ်ခြင်း‌မေတ္တာနဲ့သာ ပြုစုပျိုး‌ထောင်ရမယ်။ မှားယွင်းစွာ အ‌ကြောက်တရားနဲ့ ပုံသွင်းမှု‌တွေကို ကျ‌နော်တို့ငြင်းပယ်ရမယ်။ အနာဂတ်ဟာ ကျ‌နော်တို့အားလုံးရဲ့ လက်ထဲမှာပါ။ ကိုယ့်ရဲ့ ရည်မှန်းချက်အတွက် အမြဲတမ်းနည်းလမ်းရှာပြီး ကြိုးစား‌နေကြဖို့လိုပါတယ်” လို့ ‌ကေအိုင်စီ-ကရင်သတင်းဌာနက‌နေတဆင့် တိုက်တွန်း အကြုံပြု ‌ပြောကြားလိုက်ပါတယ်။