Home သတင်း ယုံကြည်မှုရှိ‌စေရန် နိုင်ငံ‌တော်မှာ မည်သည့်အခါမှ ခွဲမထွက်ရဆိုသည့်အချက်ကို ပယ်ဖျက်ရမည်

ယုံကြည်မှုရှိ‌စေရန် နိုင်ငံ‌တော်မှာ မည်သည့်အခါမှ ခွဲမထွက်ရဆိုသည့်အချက်ကို ပယ်ဖျက်ရမည်

1758

‌မေလ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောညွန့်‌သောင်း

နိုင်ငံ‌ရေးကဏ္ဍတွင် ‌ဆွေး‌နွေးခဲ့သည့် နိုင်ငံ‌တော်မှ ဘယ်‌သောအခါမှ ခွဲမထွက်ရဆိုသည့်အချက်ကို ထည့်သွင်း ‌ဆွေး‌နွေး‌နေခြင်းသည် ယုံကြည်မှုပျက်ပြား‌စေသည့်အတွက် ပယ်ဖျက်ရမည်ဟု ၂၁ရာစု ပင်လုံ ဒုတိယအစည်း အ‌ဝေးသို့ တက်‌ရောက်သည့် ကိုယ်စားလှယ်များက ‌ပြောကြားလိုက်သည်။

နိုင်ငံ‌ရေးကဏ္ဍဆိုင်ရာ‌ဆွေး‌နွေးချက်တွင် ပါရှိသည့် “နိုင်ငံ‌တော်နယ်‌မြေအပိုင်းအခြားဟူသမျှသည် နုို်င်ငံ‌တော်မှ မည်သည့်အခါမှ ခွဲမထွက်‌စေရ’’ဆိုသည့် စကားရပ်သည် အပြုသ‌ဘောမ‌ဆောင်သည့်အတွက် ပယ်ဖျက်ရန်လို လား‌နေကြခြင်းဖြစ်သည်။

အဆိုပါ စကားရပ်သည် ယုံကြည်မှု အားနည်းပြီး မသင့်မြတ်မှုများ ပိုမိုဖြစ်‌ပေါ်‌စေပြီး အပြုသ‌ဘောမ‌ဆောင် သည့်အတွက် ပယ်ဖျက်လိုခြင်းဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်မှ စိုင်းသီဟ‌ကျော်က ‌ပြောသည်။

“ပြည်‌ထောင်စုတည်မြဲဆိုတာစကားလုံးနဲ့ မဆိုင်ဘူး။ ရင်ထဲက ရှိဖို့လိုတယ်။ အပြန်အလှန်‌လေးစားတန်ဖိုး ထားမူနဲ့ ယုံကြည်မှု‌တွေနဲ့ပဲ တည်‌ဆောက်သွားလို့ရတယ်။ အရင်က ပင်လုံကို လွှမ်းမိုးသွားမှာ စိုးရိမ်တယ်။ ခွဲထွက်ပိုင်ခွင့်ရှိတယ်၊ မရှိဘူးဆိုတာက အရင် ပင်လုံတုန်းက သ‌ဘောတူချက်‌တွေထားရှိခဲ့ပြီးသားဖြစ်တယ်။ ကျ‌နော်တို့က ခွဲထွက်ချင်လွန်းလို့ ‌ပြော‌နေတာမဟုတ်ဘူး။ အမှန်‌တော့ တစ်ဦးနဲ့တစ်ဦးယုံကြည်ဖို့ပဲ လိုတယ်” ဟု ၎င်းက ‌ပြောသည်။

ထိုစကားရပ်နှင့်ပတ်သတ်၍ ‌ပြေလည်မှုရရှိရန် ‌ဆွေး‌နွေး‌နေဆဲဖြစ်သည်ဟုလည်း နိုင်ငံ‌ရေးကဏ္ဍတွင် ပါဝင် ‌ဆွေး‌နွေးလျှက်ရှိသည့် တပ်မ‌တော်သားအစုအဖွဲ့မှ ဗိုလ်မှူးကြီး‌ဇော်မင်းထွန်းက ‌ပြောပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဌဖြစ်သူ ကိုသံခဲက “ ကျ‌နော့်ရဲ့ သ‌ဘောထားက‌တော့ ကျ‌နော်တို့က အနာဂတ်‌တွေကို သွား‌နေတာ ဒီစကားလုံး‌တွေဟာထည့်တာပဲဖြစ်ဖြစ်၊ မထည့်တာပဲဖြစ်ဖြစ် ပြည်‌ထောင်စုတည်မြဲ‌ရေးဆိုတာ စကားလုံးနဲ့မဆိုင်ဘူးလို့ထင်တယ်။ ရင်ထဲက ဆန္ဒရှိ မယ်။ အပြန်အလှန် ‌လေးစားတန်ဖိုးထားမှု အပြန်အလှန်ယုံကြည်မှု‌တွေရှိပြီး ဒီ‌တွေနဲ့ပဲ တည်‌ဆောက် သွား လို့ရမယ်။ ဒီစကားလုံး‌တွေကို အပြုသ‌ဘောမ‌ဆောင်တဲ့အတွက် ပယ်ဖျက်သင့်တယ်လို့ပဲ ကျ‌နော်ယူဆ တယ်”ဟု ‌ပြောသည်။

အဆိုပါ ခွဲမထွက်ရဆိုသည့် စကားရပ်နှင့်ပတ်သက်၍လည်း ၁၉၄၇ ခုနှစ်တွင်ချုပ်ဆိုခဲ့သည့် ပင်လုံစာ ချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်၊ ဗိုလ်ချုပ်‌အောင်ဆန်း၏ ပြည်‌ထောင်စုမူနှင့် ဆန့်ကျင်လျှက်ပြီး အဆို ပါ အချက်သည် တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးကို ပျက်ပြား‌စေသည့်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမို က‌ရေစီအဖွဲ့ချုပ်အ‌နေဖြင့် လက်ခံမည်မဟုတ်ဟု ‌မေလ ၂၅ ရက်က ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့ သည်။

ယုံကြည်မှုရှိလာရန်မှာလည်း တပ်မ‌တော်ဘက်မှ ထိုးစစ်ဆင်မှုများ ‌လျှော့‌ပေးရန်လိုအပ်ပြီး အဓိကအားဖြင့် အစိုးရမှ တပ်မ‌တော်ကို ညှိနှိုင်း‌ဆွေး‌နွေးမှုများ စဉ်ဆက်မပြတ်လုပ်‌ဆောင်ရန် လိုအပ်သည်ဟုလည်း စိုင်းသီဟ‌ကျော်က သုံးသပ်သည်။

၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအ‌ဝေး၏ ဒုတိယ‌နေ့နှင့် တတိယ‌နေ့တွင် ကဏ္ဍကြီးငါးခုဖြစ်သည့် နိုင်ငံ‌ရေးကဏ္ဍ၊ စီးပွား‌ရေးကဏ္ဍ၊ လူမှု‌ရေးကဏ္ဍ၊ လုံခြုံ‌ရေးကဏ္ဍ၊ ‌မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ တို့ကို ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ‌ဆွေး‌နွေး‌နေခဲ့ကြပြီး နှစ်ရက်ကြာ‌ဆွေး‌နွေးမှုရလဒ်များကို ပြည် ‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ(UPDJC)သို့ တင်ပြပြီး ပင်လုံဒုတိယ အစည်းအ‌ဝေး ‌နောက်ဆုံး‌နေ့တွင် သ‌ဘောတူချက် ရယူသွားမည်ဖြစ်သည်။

‌မေလ ၂၄ မှ ၂၈ ရက်အထိ ကျင်းပသည့် ၂၁ရာစုပင်လုံဒုတိယအစည်းအ‌ဝေးတွင် ကဏ္ဍအလိုက်‌ဆွေး‌နွေး ပွဲများတွင် အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ကဏ္ဍအလိုက် တတ်သိပညာ ရှင်များ၊ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များနှင့် ‌လေ့လာသူများ တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။ ကဏ္ဍ တစ်ခုလျှင် တက်‌ရောက်‌ဆွေး‌နွေးသူ ၁၅ဝ ဦးရှိခဲ့သည်။

ကဏ္ဍအလိုက်‌ဆွေး‌နွေးမှုများတွင် လုံခြုံ‌ရေးကဏ္ဍ၌ တစ်ခုတည်း‌သော တပ်မ‌တော် ထားရှိ‌ရေးနှင့် ပတ် သက်ပြီး တပ်မ‌တော်အစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံ‌ရေးပါတီအစုအဖွဲ့တို့နှင့် အငြင်းပွားမှုများ ဖြစ်ခဲ့ကြသည်။