Home သတင်း မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံစီမံကိန်း လုံးဝ မလုပ်ရန် ‌ဒေသခံ ၉၀ဝ ‌ကျော် ‌ကေအဲန်ယူထံ လက်မှတ်ထိုး အသနားခံစာ ‌ပေးပို့

မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံစီမံကိန်း လုံးဝ မလုပ်ရန် ‌ဒေသခံ ၉၀ဝ ‌ကျော် ‌ကေအဲန်ယူထံ လက်မှတ်ထိုး အသနားခံစာ ‌ပေးပို့

1975

‌မေ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ မင်းလွင် (‌မောင် ‌လေး)‌တောင်၌ ဘိလပ်‌မြေစက်ရုံတည်‌ဆောက်ပြီး ‌ကျောက်ထုတ်လုပ်‌ရေးစီမံကိန်း လုံးဝ မလုပ်ရန် ‌ဒေသခံ ၉၀ဝ ‌ကျော် အသနားခံစာတစ်‌စောင်ကို မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ‌စောင့်‌ရှောက်‌ရေး‌ကော်မတီမှ သက်ဆိုင်ရာ ‌ကေအဲန်ယူ အဆင့်ဆင့်များထံသို့ ယ‌နေ့ (‌မေ ၂၇ရက်) ‌ပေးပို့လိုက်သည်။

‌ဒေသခံများက ‌ကေအဲန်ယူ သထုံမြို့နယ် ဥက္ကဌသို့ လိပ်မူပြီး စာမျက်နှာ ‌လေးမျက်နှာပါရှိသည့် အဆိုပါ အသနား ခံစာကို ‌ကေအဲန်ယူ ဗဟို အပါအဝင် သထုံခရိုင်၊ သထုံမြို့နယ်နှင့် ‌မောင်‌လေး‌ကျေးရွာအုပ်စု စသည့် သက်ဆိုင်ရာများထံသို့ ‌ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး အဖွဲ့ဝင် ဒုဥက္ကဌ ‌နော်သန်းစိန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

သူမက “ဒီ‌နေ့ ကျမတို့ စာတင်တာ‌ပေါ့‌နော်။ စာတင်တာကလည်း မင်းလွင်‌တောင်ကို ရပ်ဆိုင်းတယ်လို့ ဆို‌ပေမယ့် ဆက်လုပ်ခွင့်ရဖို့ ‌ကေအဲန်ယူက ကျမတို့‌ဒေသခံ‌တွေနဲ့ လာ‌တွေ့တာ ရှိ‌နေ‌သေးတဲ့အတွက် အခုလို စာတင်တာ ဖြစ်ပါတယ်။ ကျမတို့ ဆန္ဒက‌တော့ ဒီစီမံကိန်းကို ထပ်လုပ်ရန် လုံးဝ မ‌တောင်းဆို‌တော့ဖို့ပါ။ မလုပ်ဖို့လည်း အကြိမ်ကြိမ် သ‌ဘောထား ‌ပေးပြီးသားဖြစ်ပါတယ်”ဟု ‌ပြောသည်။

ယင်းစာကို ကိုယ်တိုင် သွား‌ရောက်‌ပေးပို့ခဲ့သည့် မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ‌စောမြဒင်က ‌ကေအဲန်ယူ သထုံခရိုင် ‌နောင်ဘိုဆက်ဆံ‌ရေးရုံးသို့ ယ‌နေ့ ည‌နေ သုံးနာရီ‌ကျော်၌ သွား ‌ရောက်‌ပေးပို့ခဲ့ပြီဖြစ်သည်ဟုလည်း ‌ကေအိုင်စီသို့ အတည်ပြု‌ပြောဆိုသည်။

မင်းလွင်‌တောင်‌ဒေသရှိ ဝမ်းဘဲအင်း(နို့ထို့‌ဒေ့)၊ မင်းလွင်ရွာကြီး(‌မောင်‌လေးတ‌ဝေါဖာဒို့)၊ ပန်းသာ(‌မောင်‌လေး တ‌ဝေါဖိုး)၊ ‌ကျောင်းရွာ(ထီးဖိုး‌သေ့ရယ်)၊ အင်းရွာ(နို့ပလယ်ပလူ)၊ အလယ်ရွာ(ကာ့တ‌ဒေါ့်နီ)၊ ပိန္နဲ‌တော ‌အောက်ရွာ(ပနွယ်ကလားတ‌ဝေါလာ)၊ ပိန္နဲ‌တောအထက်ရွာ(ပနွယ်ကလားတ‌ဝေါထာ)၊ ပုရစ်ခို(လားခိုး)၊ ထီး‌မော(‌မောကလိုး)၊ ပအိုဝ်းစု(‌တောသူးကလား)၊ မတ်ချ(လယ်‌ဖောထာ့)၊ ဆီဆုံ(ထီးဖိုးထူး) နှင့် အင်‌တော(တလာ‌အောဖိုးကလား) စသည့် ‌ကျေးရွာများသို့ မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ‌ရှောက်‌ရေးအဖွဲ့မှ ယခုလအတွင်း ကွင်းဆင်းလက်မှတ်‌ကောက်ခံပြီး‌နောက် စာတင်ခဲ့ခြင်းဖြစ်သည်။

ယင်းစာ၌ အချက် ၁၄ ချက်ပါရှိကာ ၎င်းအနက် ဘိလပ်‌မြေစက်ရုံ‌ကြောင့် ‌ဒေသခံများ အထွဋ်အမြတ်ထားရာ ‌နေရာ ဆုံးရှုံးခြင်း၊ ‌တောင်သစ်‌တောပြုန်းတီးခြင်း၊ ‌တောရိုင်းတိရိစ္ဆာန်များ မျိုးတုုံးခြင်း၊ ‌မြေယာပြဿနာများ ဖြစ်‌ပေါ်ခြင်း၊ ‌ဒေသခံအချင်းချင်း သ‌ဘောထားကွဲလွဲခြင်း၊ ‌လေထုညစ်ညမ်းမှုများ ဖြစ်‌ပေါ်ခြင်း၊ အမျိုးမျိုး‌သော ‌ရောဂါများ ဖြစ်‌ပေါ်လာနိုင်ခြင်း၊ မိုင်းခွဲသည့်အခါ ကြီးမား‌သော တုန်ခါမှု ဖြစ်‌ပေါ်ခြင်း၊ ရာသီဥတု ‌ဖောက်ပြန်ခြင်းနှင့် လုပ်ကိုင်စား‌သောက်မှုအတွက် အခက်အခဲဖြစ်ခြင်း စ‌သော သ‌ဘော‌ဆောင်သည့် အချက်အလက်များ ‌ဖော်ပြထားသည်။

ထို့အပြင် (၁၆)ကြိမ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက်မှ ဆုံးဖြတ်‌သော စီးပွား ‌ရေးမူဝါဒအရ ပြည်သူများကို ထိခိုက်‌စေ‌သော စီမံကိန်းများနှင့် ပြည်သူများ သ‌ဘောမတူ‌သော မည်သည့် စီမံကိန်းမျိုးမဆို လုပ်‌ဆောင်မည် မဟုတ်‌ကြောင်းကို အတိအလင်း ‌ဖော်ပြထား‌ကြောင်းနှင့် ‌ကေအဲန်ယူ သထုံခရိုင် ဥက္ကဌ ဦးစီး၍ ဧပြီ ၂၉ ရက်‌နေ့က မင်းလွင်‌ဒေသခံများအား ‌တွေ့ဆုံသည့်အခါ စီမံကိန်း လုပ်ရန် သ‌ဘောမတူ‌ကြောင်းကို ‌ဒေသခံများဘက်မှ ‌ပြောဆို ထားပြီဖြစ်‌ကြောင်းလည်း စာတွင် ‌ဖော်ပြပါရှိသည်။

မင်းလွင်‌တောင်၌ ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဓာတ်သတ္တု စမ်းသပ်တိုင်းတာ‌ရေးနှင့် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့် စီမံကိန်းကို အ‌ကောင်အထည်‌ဖော်ရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က စတင်ခဲ့ပြီး‌နောက် မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ‌စောင့်‌ရှောက်‌ရေးအဖွဲ့၏ ကြိုးပမ်းမှု‌ကြောင့် ၂၀၁၆ခုနှစ်၊ ‌မေလ၌ ‌ကေအဲန်ယူ အမိန့်စာဖြင့် စီမံကိန်းရပ်ဆိုင်းထားသည်မှာ ယခုအချိန်ထိ ဖြစ်သည်။