Home သတင်း ဖားအံမြို့နယ် တလာကူး ‌ကျေးရွာသို့ ခရီးသွားများ လာ‌ရောက်လည်ပတ်မှု များပြားလာ

ဖားအံမြို့နယ် တလာကူး ‌ကျေးရွာသို့ ခရီးသွားများ လာ‌ရောက်လည်ပတ်မှု များပြားလာ

2588

‌မေ ၁ဝ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လက္ခဏာ‌ကျေးရွာ အုပ်စုတွင်းရှိ တလာကူးဘာသာဝင် ကရင်လူမျိုးများ သီးသန့် ‌နေထိုင်သည့် ‌ကျေးရွာသို့ ခရီးသွားများလာ‌ရောက်လည်ပတ်မှု ပိုမိုများပြားလာသည်ဟု ယင်း တလာကူးရွာ‌နေ ရပ်မိရပ်ဖများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ကျေးရွာရှိ တလာကူးဘာသာဝင်များသည် ကရင်ရိုးရာဝတ်စုံကို ‌နေ့စဉ်ဝတ်ဆင်ကာ ‌ရှေးယခင် ကတည်းက သက်မှတ်ထားသည့် တလာကူး ဘာသာဝင် စည်းကမ်းချက်အတိုင်း ‌နေထိုင်‌သော‌ကြောင့် ခရီး သွားဧည့်သည်များ အမြင်ဆန်းသလို ဖားအံမြို့နှင့် နီးပြီး လွယ်ကူစွာ သွားနိုင်သည့်အတွက် ယခုလို ခရီးသွား များ စိတ်ဝင်တစား လာ‌ရောက် ‌လေ့လာလည်ပတ်ခြင်းဖြစ်သည်ဟု ရပ်မိရပ်ဖတဦးဖြစ်သူ ‌စော‌အောင်ပန်း‌ရွှေက ‌ပြောသည်။

၎င်းက “ မမြင်ဖူးတဲ့လူ‌တွေအတွက် ကျ‌နော်တို့‌နေထိုင်တာသူတို့အတွက်ဆန်းတယ်လို့ထင်ပြီး လာကြည့်တယ်။ တခြား မြို့နယ်‌တွေမှာလည်း တလာကူးဘာသာ သီးသန့်ရွာအများကြီးရှိ‌သေးတယ်။ လမ်းပမ်း ဆက်သွယ်‌ရေး ‌ကြောင့် သူများ မသွားတာလည်းပါတယ်။ ဒီက ဖားအံနဲ့နီး‌တော့ နိုင်ငံခြားသား‌တွေအများကြီးလာတယ်။ တစ်ခါ တ‌လေ လမ်းထိပ်အထိ သူတို့ကို သွားကြိုရတာ‌တွေလည်းရှိတယ်။ ဒီနီးနားရွာ‌တွေ‌တောင်မှ ကျ‌နော်တို့ သီးသန့်ရွာ ရှိမှန်းမသိဘူး။ သူတို့သိလာ‌တော့ လာပြီး‌လေ့လာကြတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ပွင့်လင်းရာသီတွင် တလာကူးရွာသို့ ‌နေ့စဉ်နီးပါး ခရီးသွားများ လာ‌ရောက်လည်ပတ်‌နေသလို နိုင်ငံခြား ခရီးသွားများ တစ်လလျှင် ၁ဝ ဖွဲ့‌ကျော် လာ‌ရောက်လည်ပတ်ပြီး တလာကူးတို့၏ လူမှုဘဝ၊ ‌နေထိုင်မှုပုံစံတို့ကို ‌လေ့လာမှုများရှိ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ တလာကူးရွာသည် ဖားအံမြို့မှ နာရီဝက်ခန့် သွားရပြီး အိမ်‌ခြေ ၁၆လုံးနှင့် စုစု‌ပေါင်း လူဦး‌ရေ ၄ဝ ဦး ‌ကျော်ရှိကာ ရွာတွင်‌နေထိုင်သူအားလုံး ‌ရှေးယခင် ကရင်ရိုးရာ‌နေထိုင်မှုပုံစံအတိုင်း ကရင်ရိုးရာဝတ်စုံများ ကိုသာ ‌နေ့စဉ်ဝတ်ဆင်ရသလို တလာကူးဘာသာဝင်များ၏ စည်းကမ်းချက်အတိုင်း ‌နေထိုင်ရကာ ‌နေ့စဉ်သားငါး ‌ရှောင်ကျဉ်ကာ သဲသတ်လွတ်ကိုသာ စား‌သောက်ရ‌ကြောင်း တလာကူးဘာသာဝင်များထံမှ သိရသည်။

ထိုသို့ တလာကူး ဘာသာဝင်များ၏ စည်းကမ်းများအတိုင်း မ‌နေထိုင်လိုသူများ အ‌နေဖြင့် ရွာပြင်ထွက်ကာ တခြား ရွာများတွင် သွား‌ရောက်‌နေထိုင်သူများလည်း ရှိ‌သော်လည်း ဥပုတ်‌စောင့်သည့် ‌နေ့တွင် ရွာသို့ ပြန်လာပြီး ဥပုတ် ‌စောင့်ခြင်းများလည်းရှိ‌ကြောင်း တလာကူးရွာသားများက ‌ပြောဆိုသည်။

တလာကူးရွာသို့ သွား‌ရောက်လည်ပတ်‌လေ့လာခဲ့သူ ဖားအံမြို့ခံ နန်း‌ဟေ‌ဖေါင်က “ ကျမတို့နီးနားမှာ ဒီလိုမျိုး ရွာ‌တွေရှိ‌သေးတာကို မထင်မိဘူး။ သူများ‌ပြောလို့သွားလည်ကြည့်တာ အဲဒီရွာ‌ရောက်‌တော့ တကယ့် ‌ရှေး‌ခေတ် ကို ကျမ ပြန်‌ရောက်သလိုခံစားရတယ်။ ဒီလိုမျိုး ‌ရှေးယခင်အတိုင်း‌နေထိုင်နိုင်တာ သူတို့ကို‌လေးစားတယ်။ သစ်အိမ်၊ တိုက်အိမ်နဲ့ ရွာပတ်လည်မှာ ရှိလာချိန်မှာ တရွာလုံး ဖက်မိုး ထရံကာအိမ် နဲ့‌နေ‌တော့ စိတ်မ‌ကောင်း ‌တော့ ဖြစ်မိတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တလာကူးဘာသာသည် ကရင်လူမျိုးများ ကိုးကွယ်သည့်ဘာသာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သလို လက်ရှိ အချိန်တွင် ဘာသာ၏ စည်းကမ်းချက်အတိုင်း ‌နေထိုင်လိုသူနည်းလာကာ ကရင်ပြည်နယ်တွင် ဖားအံမြို့နယ်နှင့် ‌ကော့ကရိတ်မြို့နယ်တွင် အနည်းငယ်သာ ကျန်ရှိပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကွီလုံးတန်‌ကျေးရွာတွင်မူ အများဆုံး ‌နေထိုင်လျှက်ရှိသည်ဟု သိရသည်။