Home ထိပ်တန်းသတင်း ဖမ်းထားသည့် ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်နှစ်ဦးကိစ္စ ‌ပြေလည်‌အောင်‌ဖြေရှင်း‌ပေးမည်ဟု JMCS ‌ပြောဆို

ဖမ်းထားသည့် ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်နှစ်ဦးကိစ္စ ‌ပြေလည်‌အောင်‌ဖြေရှင်း‌ပေးမည်ဟု JMCS ‌ပြောဆို

2417

‌မေ ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်အတွင်းရှိ တပ်မ‌တော်စခန်းများကို မှတ်တမ်းဓါတ်ပုံ ရိုက်ယူသဖြင့် ဖမ်းဆီး ထားသည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ‌တောင်ငူခရိုင်၊ တပ်မဟာ ၂ လက်‌အောက်ခံ တပ်ဖွဲ့ဝင် နှစ်ဦးကိစ္စကို ‌ပြေလည်‌အောင်‌ဖြေရှင်း‌ပေးမည်ဟု ပဲခူးတိုင်း‌ဒေသကြီး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ ‌စောင့်ကြည့်‌ရေး ‌ကော်မတီ (JMC-S Bago) တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လဆန်းပိုင်းတွင် ‌ကေအဲန်ယူ၊ ‌တောင်ငူခရိုင်၊ တပ်မဟာ ၂ လက်‌အောက်ခံ တပ်ဖွဲ့ဝင် နှစ်ဦးသည် ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အတွင်းရှိ တပ်မ‌တော်စခန်းတစ်ခုကို မှတ်တမ်း ဓာတ်ပုံရိုက်ယူရင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ပြန်လည်လွတ်‌ပေးရန်အတွက် ပြီးခဲ့သည့် ‌မေ ၉ ရက်‌နေ့တွင် ‌တောင်ငူမြို့ရှိ JMCS ရုံးတွင် ပြုလုပ်သည့် အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးခဲ့ပြီး ‌ပြေလည်‌အောင်‌ဖြေရှင်း‌ပေးမည်ဟု ပဲခူးတိုင်း‌ဒေသကြီး JMCS ဥက္ကဌ၊ ဗိုလ်ချုပ်မြတ်‌ကျော်က ‌ပြောဆိုထား‌ကြောင်း ‌ကော်မတီဝင်တစ်ဦးဖြစ်သူ ‌စောလင်း‌အောင်က ယခုလို ‌ပြောသည်။

“ ကျ‌နော်တို့ ပဲခူးတိုင်း‌ဒေသကြီး JMC ရဲ့ ပဉ်စမအကြိမ် အစည်းအ‌ဝေးမှာ ဒီကိစ္စ‌ဆွေး‌နွေးတယ်။ ‌ကေအဲန်ယူ တပ်မဟာ၂ ကိုယ်စားလှယ်က သူတို့ အဖွဲ့ဝင် ၂ ဦးကို ဖမ်းထားတာ နှစ်လ‌ကျော်ပြီး ပြန်မလွတ်‌သေးဘူး‌ပေ့ါ။ ‌ဆွေး‌နွေးတယ်။ ဒါကို ပဲခူးတိုင်း JMC ဥက္ကဌ တိုင်းမှူးက ပြန်ရှင်းပြတယ်၊ သူ‌ပြေလည်‌အောင်ပြန်လုပ်‌ပေးမယ် ‌ပေါ့‌လေ‌နော်” ဟု ‌အေအဲန်ယူ တပ်မဟာ ၃ JMCS အရပ်သား ကိုယ်စားလှယ် ‌စောလင်း‌အောင်က ‌ကေအိုင်စီသို့ ‌မေ ၁ဝ ရက်‌နေ့တွင် ‌ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ‌ကေအဲန်ယူ အ‌နေဖြင့် ပြန်လွတ်‌ပေးရန် ‌တောင်းဆိုထား‌သော်လည်း နှစ်လ‌ကျော် ကြာထိ ပြန် မလွတ်‌ပေး‌သေးသလို မိမိ တစ်ဦးတည်း ဆန္ဒအရ ICRC လုပ်ထုံးလုပ်နည်းများနှင့် အညီလုပ်‌ဆောင် ‌ပေး‌စေလိုသည်ဟု ‌ကေအဲန်ယူ ‌တောင်ငူခရိုင်ဥက္ကဌ ပဒို‌စောအယ်ဝါးက ‌ကေအိုင်စီသို့ ‌မေ ၁၅ ရက်တွင် ‌ပြောသည်။

သူက “ အထက်က တာဝန်‌ပေးလို့ နယ်‌မြေအတွင်း မှတ်တမ်းဓါတ်ပုံ လိုက်ရိုက်တဲ့ က‌လေးနှစ်‌ယောက်ကို သူတို့ ဖမ်းထားတယ်။ ပြန်လွတ်‌ပေးဖို့ အကြိမ်ကြိမ်အခါခါ ‌တောင်းဆိုထားတယ်။ ပြန်လွတ်‌ပေးမယ်လို့‌တော့ ‌ပြော‌ပေမဲ့ အခုနှစ်လ‌ကျော်ထိ ပြန်မလွတ်‌သေးဘူး။ ဒါမျိုးက သူ့လူကိုယ့်လူ ဒီလိုပြဿနာမျိုး‌တွေရှိမှာပဲ။ ကိုယ်က မိတာရှိရင် ICRC ကိုသွားအပ်၊ ကိုယ့်လူသူများမိတာရှိရင်လည်း သွား‌တောင်းမ‌နေနဲ့ ICRC ကိုအ‌ကြောင်းကြား သူတို့လုပ်ထုံး လုပ်နည်းနဲ့ အညီ‌ဖြေရှင်းလိမ့်မယ်။ ဒါက ကျ‌နော့်ဆန္ဒ၊ ကျ‌နော်ဖြစ်ချင်တဲ့ဟာ” ဟု ပဒို‌စောအယ်ဝါးက ‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီတွင် ဥက္ကဌ အဖြစ် တပ်မ‌တော်မှ ဗိုလ်ချုပ်မြတ်‌ကျော်၊ ဒုဥက္ကဌအဖြစ် ‌ကေအဲန်ယူ တပ်မဟာ ၃ မှ ဗိုလ်မှူးချုပ် ‌စောအယ်ကလူသိန်း၊ ဒုဥက္ကဌ ၂ အဖြစ် အရပ်သားကိုယ်စားလှယ် ‌စောထူးဘလက်၊ အတွင်း‌ရေးမှူး ၁ အဖြစ် ‌ကေအဲန်ယူတပ်မဟာ ၂ မှ ဗိုလ်မှူးချုပ် ‌စောဒဲဖိုး တို့က တာဝန်ယူထားပြီး လာမည့် ‌မေ ၂၁ ရက်‌နေ့တွင် သံ‌တောင်ကြီးမြို့နယ်၊ ‌ဘောဂလိတွင် ‌ဒေသအဆင့် JMC-L ကိုဖွဲ့စည်းသွားရန်ရှိ‌ကြောင်း ‌ကော်မတီဝင်များထံမှ သိရသည်။