Home သတင်း ကျုံပတီ‌ကျေးရွာ မူလတန်း‌ကျောင်း‌ဆောင်သစ်နှင့် ဆရာဦး‌ရေတိုး‌ပေးရန် လိုလား

ကျုံပတီ‌ကျေးရွာ မူလတန်း‌ကျောင်း‌ဆောင်သစ်နှင့် ဆရာဦး‌ရေတိုး‌ပေးရန် လိုလား

1133

‌မေ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ဝင်းက‌ကျေးရွာအုပ်စု ကျုံပတီ‌ကျေးရွာရှိ မူလတန်းခွဲ‌ကျောင်းတွင် ဆရာမ လုံ‌လောက်သလို ‌ကျောင်းသားများ လုံလုံခြုံခြုံပညာသင်ကြားနိုင်‌ရေးအတွက် လာမည့် ၂၀၁၇-၁၈ ပညာသင် နှစ်တွင် ‌ကျောင်း‌ဆောင်သစ်နှင့် ဆရာဦး‌ရေ တိုးမြှင့်ချထား‌ပေးရန် လိုလားသည်ဟု ‌ကျောင်းတာဝန်ခံ ဆရာမ နန်း‌ဖော့‌ဘောင်က ‌မေ ၁ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ကျောင်းတွင် ‌ကျောင်းသူ‌ကျောင်းသား ၅ဝ ‌ကျော်ရှိပြီး ဆရာ၊ ဆရာမ ၂ ဦးနှင့် ရွာခန့် ဆရာ တစ်ဦးသာ ရှိပြီး အတန်းလိုက် စာသင်ကြားရာတွင် အခက်အခဲရှိသည့်အတွက် ဆရာတိုးမြှင့်ချထား‌ပေးရန်နှင့် ‌ကျောင်း ‌ဆောင်သစ် ချထား‌ပေးရန် ၂၀၁၆ ခုနှစ်အတွင်းက မြို့နယ်ပညာ‌ရေးမှူးရုံးသို့ တင်ပြထား‌သော်လည်း လက်ရှိ အချိန်ထိ အ‌ကြောင်းမပြန်‌သေး‌ကြောင်း ‌ကျောင်းတာဝန်ခံက ယခုလို‌ပြောသည်။

“ဆရာ၊ ဆရာမသုံး‌ယောက်ထဲရှိတယ်။ က‌လေး‌တွေများ‌တော့ စာသင်‌ပေးရတာ အတန်းလိုက် လည်ပတ်ပြီး မသင်နိုင်ဘူ‌ပေါ့‌နော်။ ဘယ်လမှာ ဘယ်အခန်းထိ သင်‌ပေးရတယ်ဆိုတာ ရှိတယ်။ အစည်းအ‌ဝေးတက်ရတဲ့ ရက်‌တွေဆိုရင် စာသင်မအားဘူး။ က‌လေး‌တွေ စာမလိုက်နိုင်မှာစိုးလို့ ညအချိန်မှာ အိမ်ကို‌ခေါ်ပြီး ပြန်သင်‌ပေးရ တယ်။ ‌ကျောင်းအဆင့်တိုးမြှင်‌ပေးဖို့နဲ့ ဝန်ထမ်းဦး‌ရေ တိုးမြှင့်ခန့်ထား‌ပေး‌စေချင်တယ်” ဟု ဆရာမ နန်း‌ဖော့ ‌ဘောင်က ‌ပြောသည်။

ကျုံပတီ‌ကျေးရွာမှ ‌ကျောင်းသားများအ‌နေဖြင့် ယခင်က ဝင်းက‌ကျေးရွာသို့ ‌ကျောင်းသွားတက်ခဲ့ရပြီး သွားလာရ ‌ဝေးသည့်တွက် ၂၀၁၅ ခုနှစ်တွင် ရွာသားများ စု‌ပေါင်းကာ ‌ကျောင်း‌ဆောက်ကာ မူလတန်းခွဲ‌ကျောင်းအဖြစ် စ တင်ဖွင့်လှစ်ခဲ့‌သော်လည်း လက်ရှိ လုံလုံခြုံခြုံ ပညာသင်ကြားနိုင်ခြင်းမရှိသည့်အတွက် ‌ကျောင်း‌ဆောင်သစ်တစ် ခု တည်‌ဆောက်‌ပေး‌စေချင်သည်ဟု ‌ကျောင်းသားမိဘ ‌နော်မုလုက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ‌ကော့ကရိတ်မြို့နယ် ပညာ‌ရေးမှူး ‌စော‌ရွှေကြည်က “ အမကခွဲက‌တော့ မူလတန်းပြ နှစ်‌ယောက်ပဲ ခွဲတန်း‌ပေးတယ်။ အမက ဖြစ်လာမှ ‌ကျောင်းအုပ်တစ်‌ယောက်၊ လက်‌ထောက် ‌လေး‌ယောက်‌ပေါ့။ အဆင့်တိုး ‌အော်တာ‌တွေ မထွက်လာ‌သေးဘူ။ ဇွန်လ‌လောက်မှ ထွက်မယ်” ဟု ‌မေ ၁၃ ရက်‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

ကျုံပတီ ‌ကျေးရွာ မူလတန်းခွဲ ‌ကျောင်းကို ၂၀၁၆-၁၇ ပညာသင်နှစ်မှစတင်က ဝင်းက‌ကျေးရွာ မူလတန်းခွဲ ‌ကျောင်း အဖြစ် စတင်ဖွင့်လှစ် သင်ကြား‌ပေးခဲ့ပြီး ‌ကျောင်းသား ၅ဝ ဦး‌ကျော်ရှိ‌ကြောင်း ‌ကျောင်းတာဝန်ခံများ ထံ မှ သိရသည်။