Home သတင်း ကျိုက်မ‌ရော ဒါလီ သစ်‌တောကြိုးဝိုင်းအတွင်း သစ်ပင်စိုက် ‌တောင်သူအချို့ကို BGF ဖမ်းဆီး

ကျိုက်မ‌ရော ဒါလီ သစ်‌တောကြိုးဝိုင်းအတွင်း သစ်ပင်စိုက် ‌တောင်သူအချို့ကို BGF ဖမ်းဆီး

2922

‌မေ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ်၊ ဒါလီသစ်‌တောကြိုးဝိုင်းအတွင်း သစ်ပင်သွား‌ရောက်စိုက်ပျိုးသည့် ကြီးအုပ် ‌ကျေးရွာ၊ ကရင်လိုင်ရွာမှ ရွာသား ၄ ဦးကို ‌ဒေသတွင်းအ‌ခြေစိုက် နယ်ခြား‌စောင့်တပ် (BGF) ၁၀၂၁ တပ်ရင်းက ‌မေ ၂၃ ရက်‌နေ့တွင် ဖမ်းဆီး ‌ခေါ်‌ဆောင်သွားသည်ဟုစိုပြစိမ်းလန်း မြန်မာပြည်တဝှမ်း ကြီးငယ် သစ်ပင် စိုက်ပျိုးထိန်းသိမ်း‌ရေးအဖွဲ့ ဥက္ကဌ ‌စောဖိုးနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ‌မေ ၂၃ ရက်၊ နံနက် ၉ နာရီခန့်တွင် ဒါလီသစ်‌တောကြိုးဝိုင်းအတွင်း နိုင်ငံ‌တော်မှ ၂၀၁၅ ခုနှစ် တွင်တရားဝင် သစ်ပင်စိုက်ပျိုးခွင့်ပြုထား ‌မြေဧရိယာ‌ပေါ်တွင် သစ်ပင်သွား‌ရောက်စိုက်ပျိုးသူ ရွာသား ၄ ဦးကို BGF က လာ‌ရောက်ဖမ်းဆီး ‌ခေါ်‌ဆောင်သွားခြင်းဖြစ်ကြာင်း ‌စောဖိုးနိုင်က ယခုလို‌ပြောသည်။

သူက“ ဒါလီသစ်‌တောကြိုးဝိုင်းမှာ ၂၀၁၅ ခုနှစ်မှာ နိုင်ငံ‌တော်က‌နေ ကရင်လိုင်‌ကျေးရွာ ‌တောင်သူ ၃ဝ ဦးစိုက် ပျိုးရန်အတွက် ၈၆၄ ဧက တရားဝင်ချထားတာပါ။ ဒီမနက် ၉ နာရီ ဝန်းကျင်အချိန်မှာ သစ်ပင်သွား‌ရောက် စိုက်ပျိုးရင်းနဲ့ နယ်ခြား‌စောင့်တပ် အမှတ် ၁၀၂၁ တပ်ရင်းက အင်အား ၂ဝ ‌ကျော်‌ရောက်လာပြီး ဘာမှမ‌ပြောပဲ ကရင်လိုင်ရွာသား ဦးတရုတ်နဲ့ သူ့တူ‌လေး ၂ ဦး ကားသမား ၂ဦးကို လက်ထိပ်ခတ် ဖမ်းချုပ်ပြီး ‌ခေါ်‌ဆောင်သွား တယ်” ဟု ‌ကေအိုင်စီသို့ ‌မေ ၂၃ ရက်တွင် ‌ပြောသည်။

အဆိုပါ သစ်‌တောကြိုးဝိုင်းအတွင်း ‌ဒေသခံရွာသားများအတွက် နိုင်ငံ‌တော်မှ စိုက်ပျိုးခွင့်ပြုထားသည့် ‌မြေ ဧရိယာအတွင်း ရာဘာ၊ ကျွန်း၊ ပျဉ်းကတိုး၊ မ‌ဟော်ဂနီ စသည်တို့ကို စိုက်ပျိုးရန်လျာထားပြီး ယခင်လကသွား ‌ရောက် စိုက်ပျိုးစဉ် နယ်ခြား‌စောင့်တပ်က တားဆီး ပိတ်ပင်သည့်အတွက် စိုက်ပျိုးရန် ရပ်နားထားပြီး ယခု တစ်ကြိမ် သွား‌ရောက်စိုက်ပျိုးသည့် ‌ဒေသခံ‌တွေကို ဖမ်းဆီး‌ခေါ်‌ဆောင်ခြင်း ဖြစ်စဉ်အ‌ပေါ် သဘာဝ သစ် ‌တောကြိုတင် ကာကွယ်နိုင်ရန် ဥပ‌ဒေလမ်း‌ကြောင်းအရ
ပြည်ထဲ‌ရေးသို့ တင်ပြသွားမည်ဟု ‌စောဖိုးနိုင်က ဆက်‌ပြောသည်။

ယခုဖြစ်စဉ်တွင် BGF အ‌နေဖြင့် ရွာသားများကို မည်သည့် အတွက်‌ကြောင့် ဖမ်းဆီးထားသည်ကို ‌ပြောဆိုခြင်း မရှိ‌သော်လည်း ရွာသားများကို ဖမ်းဆီးထားခြင်းမှာဟုတ်မှန်‌ကြောင်း BGF အမှတ် ၁၀၂၁ ဒုတပ်ရင်းမှူး ဗိုလ်မှူး မန်းဝင်းယုံက ‌ကေအိုင်စီသို့ ‌မေ ၂၃ ရက်‌နေ့တွင် အတည်ပြု‌ပြောသည်။

အဆိုပါ ကရင်လိုင်‌ကျေးရွာ ဒါလီသစ်‌တောကြိုးဝိုင်း အပြင်နှင့် ကြိုးဝိုင်းအတွင်း ယခင်ကတည်းက နှစ်စဉ် မိရိုးဖလာ ‌တောင်ယာစိုက်ပျိုး လုပ်ကိုင်စား‌သောက်ရင်း ဓါးမဦးချ ဘိုးဘွားပိုင် ‌မြေများဖြစ်လာပြီး BGF က ‌မြေများ သိမ်းယူသည့်အတွက် ‌ဒေသခံများနှင့် အငြင်းပွားမှုများ ဖြစ်‌ပေါ်လာ‌ကြောင်း မွန်‌ဒေသ ‌မြေယာကွန်ရက် ‌ကော်မတီ အဖွဲ့ဝင် ‌စော‌ကျော်‌ကောင်းမြတ်က ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

၎င်းက “မကြာ‌သေးမီက အဲဒီ‌နေရာမှာ တစ်ခြားကုမ္ပဏီနဲ့ ၂၀၂၁ နယ်ခြား‌စောင့်တပ်ရင်းနဲ့ ‌ပေါင်းတဲ့အခါ ကျ ‌တော့ ပြည်သူလူထု‌မြေ‌တွေ သူတို့သိမ်းသွားတယ်။ အများမဟုတ်‌တော့ပဲနဲ့ သူတို့အဖွဲ့အစည်းပုံစံနဲ့ သိမ်းတဲ့အခါ ကျ‌တော့ လူထု‌တွေ နစ်နာလာတယ်။ အဲဒါကို တင်ပြတဲ့အခါကျ‌တော့ ကျန်‌နေတဲ့အပိုင်း‌တွေကိုလည်း ထပ်ပြီး တိုးချဲ့လာတယ်။ လူထုမခံနိုင်‌တော့ ပြဿနာဖြစ်လာတယ်” ဟု ‌မေ ၂၃ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းဒါလီကြိုးဝိုင်း ရွာသားများ သစ်ပင်သွား‌ရောက်စိုက်ပျိုးသည့် ‌မြေ‌နေရာကို အစိုးရက တရားဝင်ချထား‌ပေးသည့် ‌မြေဧရိယာ အတွင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေသလို BGF ကလည်း ၂၀၁၂ ခုနှစ် အတွင်းက တပ်‌မြေ အဖြစ် သတ်မှတ်ထားသည့် ‌မြေဧရိယာ ၆၀ဝ အတွင်း ပါဝင်သည့်ဟု ‌ပြောဆိုကာ အငြင်းပွား‌မြေ‌နေရာများ ဖြစ်သည်ဟု နှစ်ဖက်အဖွဲ့က အသီးသီး‌ပြောဆို‌နေကြသည်။