Home သတင်း ကျန်းမာ‌ရေးဆိုင်ရာ ‌ဆေးအတတ်ပညာများ သင်ကြားနိုင်ရန် ‌တော‌နော်သင်ကြား‌ရေး‌ဆေးရုံ ဖွင့်လှစ်

ကျန်းမာ‌ရေးဆိုင်ရာ ‌ဆေးအတတ်ပညာများ သင်ကြားနိုင်ရန် ‌တော‌နော်သင်ကြား‌ရေး‌ဆေးရုံ ဖွင့်လှစ်

2459

‌မေ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

လူငယ်များအတွက် ကျန်းမာ‌ရေးဆိုင်ရာ အတတ်ပညာများ သင်ကြားနိုင်ပြီး ‌ဒေသအတွင်းရှိ လူထု ကျန်းမာ ‌ရေးလုပ်ငန်းများကို ပြန်လည်အကျိုးပြုနိုင်ရန် ‌ကော့ကရိတ်မြို့နယ် အံဖကြီး‌ကျေးရွာအုပ်စု နန်း‌ရွှေမှုံ‌ကျေးရွာ တွင် ‌တော‌နော်သင်ကြား‌ရေး‌ဆေးရုံကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယ‌နေ့ ဖွင့်လှစ်လိုက်သည်။

က‌နေဒါနိုင်ငံမှ Global Neighbors အဖွဲ့၏ အကူအညီဖြင့် ‌ဆေးရုံကို နှစ်နှစ်ကြာတည်‌ဆောက်ပြီး‌နောက် ယခုလို ဖွင့်လှစ်နိုင်ခြင်းဖြစ်ပြီး ‌ကေအဲန်ယူနှင့် မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီခဲ့ သည့် ကာလအတွင်း ပထမဦးဆုံး တည်‌ဆောက်ဖွင့်လှစ်နိုင်ခဲ့သည့် ‌ဆေးရုံဖြစ်သည်ဟု ကရင်ကျန်းမာ‌ရေး နှင့် ကယ်ဆယ်‌ရေးဌာန(KDHW) တာဝန်ခံ ပဒို ‌စောအယ်ကလူ‌ရွှေဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ ကရင်‌ဒေသ‌တွေမှာ အခုဆိုရင် ‌ဆေးခန်း အလုံး ‌ခြောက်ဆယ် ‌ကျော်ရှိပါတယ်။ အဲဒီက ‌ဆေးဝန်ထမ်း‌တွေကို ‌ဆေးပညာဆိုင်ရာ ထပ်မံသင်ကြား‌ပေးဖို့ ဒီ‌ဆေးရုံကို တည်‌ဆောက်ပြီး ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်”ဟု ပဒို ‌စောအယ်ကလူ‌ရွှေဦးက ‌ပြောဆိုသည်။

၎င်းသင်ကြား‌ရေး‌ဆေးရုံ ဖွင့်လှစ်ပွဲသို့ ‌ကေအဲန်ယူဘက်မှ ဗဟိုအလုပ်အမှု‌ဆောင် ပဒို ‌စောသမိန်ထွန်း၊ ဌာနဆိုင်ရာနှင့် တပ်ဖက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များ၊ ဒူးပလာယာခရိုင် ‌ခေါင်း‌ဆောင်များ၊ ‌ကော့ကရိတ်မြို့နယ် ကရင်ရဲတပ်ဖွဲ့များ၊ NGOs များ၊ လူထုအ‌ခြေပြု အဖွဲ့အစည်းများ၊ အစိုးရဘက်၌ နယ်လုံဝန်ကြီး ဦး‌အောင်လွင် အပါအဝင် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ စုစု‌ပေါင်း တစ်‌ထောင်ဝန်းကျင် တက်‌ရောက်ခဲ့ကြသည်။

‌ဆေးရုံဖွင့်လှစ်ခြင်းအ‌ပေါ် ‌ဒေသခံဖြစ်သူ ‌စောမြ‌အေးက “‌ဆေးရုံက အခမ်းအနားလည်း ဖွင့်ပြီးပြီ။ မကြာခင် လည်ပတ်‌တော့မယ်။ ကျန်းမာ‌ရေးအတွက် ‌ဒေသခံ‌တွေကို အ‌ထောက်အကူ ပြုလိမ့်မယ်၊ သို့မဟုတ် ကျန်းမာ‌ရေး အာမခံချက်တစ်ခု ရှိသွားနိုင်ပါတယ်။ ကျ‌နော်တို့ ‌ဒေသခံအ‌နေနဲ့ အရမ်းဝမ်းသာပါတယ်”ဟု က ‌ပြောဆိုသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ မှုခင်းပညာ‌ပေးပြခန်း ပြသထားကာ ပြခန်း၌ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိ ကရင်ပြည်နယ် မြို့နယ် (၇)ခုအတွင်း လူသတ်မှု၊ ဓါးပြမှု၊ ပြန်‌ပေးမှု၊ မုဒိမ်းမှု၊ ခိုးမှု စသည့် အမှုများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ခင်းကျင်းပြသထားသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်မထိုးမီက ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေအတွင်း၌ ‌ဆေးခန်း‌ပေါင်း ၃ဝ ‌ကျော်ရှိရာမှ လက်မှတ်ထိုးပြီး‌နောက်ပိုင်း လက်ရှိမှာ ‌ဆေးခန်း‌ပေါင်း ၆ဝ ‌ကျော်အထိ ရှိလာပြီး ဆက်လက်တိုးချဲ့သွားရန် ဖြစ်သည်ဟု KDHW က ‌ပြောသည်။

အလားတူ သင်ကြား‌ရေး‌ဆေးရုံတစ်လုံးကို ‌ကေအဲန်ယူ ‌ညောင်‌လေးပင်ခရိုင်တွင် လက်ရှိ အ‌ကောင် အထည်‌ဖော်လျှက်ရှိပြီး ‌ဆေးဖက်ဆိုင်ရာ ‌ရှေ့လုပ်ငန်းအ‌နေဖြင့် သူနာပြုသင်တန်းနှင့် ‌ဆေးမှူးသင်တန်း တို့ကို တပြိုင်နက် ပို့ချ‌ပေးသွားမည်ဖြစ်‌ကြောင်း KDHW က ဆိုသည်။