Home သတင်း KNU ၏ ဦး‌ဆောင်မှု‌အောက်တွင် အခိုင်အမာ ရပ်တည်မည်ဟု KNLA နှင့် KNDO သ‌ဘောထားထုတ်ပြန်

KNU ၏ ဦး‌ဆောင်မှု‌အောက်တွင် အခိုင်အမာ ရပ်တည်မည်ဟု KNLA နှင့် KNDO သ‌ဘောထားထုတ်ပြန်

4220
ဧပြီ ၁၁ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA နှင့် ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော် -KNDO တို့အ‌နေဖြင့် KNU – ကရင်အမျိုးသားအစည်းအရုံး၏ ဦး‌ဆောင်မှု‌အောက်တွင် နိုင်ငံ‌ရေး၊ စစ်‌ရေး၊ အုပ်ချုပ်‌ရေးနှင့် စည်းရုံး‌ရေးတာဝန်များကို အခိုင်အမာ ဆက်လက် ရပ်တည်‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ဧပြီလ ၁ဝရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်လိုက်သည်။

မတ်လ ၁၄ရက်မှ ဧပြီလ ၉ရက်‌နေ့အထိ ကျင်းပသည့် ၁၆ကြိမ်‌မြောက် KNU ကွန်ဂရက်အပြီး ဧပြီလ ၁ဝရက်‌နေ့တွင် KNLA စစ် ဌာနချုပ်၌ ဆက်လက် ပြုလုပ်ခဲ့သည့် KNLA နှင့် KNDO တပ်မှူးကြီးများ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုအပြီးတွင် KNU လက်‌အောက်ရှိ တပ် ဖက်ဆိုင်ရာမှ ယခုလိုသ‌ဘောထား ရပ်တည်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ KNLA ၏ ပထမတန်း စစ်ဦးစီးမှူး G1 ဖြစ်သူ ဗိုလ်မှူးကြီး‌စောတာမလာ‌သောက “ကျ‌နော် တို့အ‌နေနဲ့က KNU ရဲ့ နိုင်ငံ‌ရေး ဦး‌ဆောင်မှု‌အောက်မှာ တ‌သွေမတိမ်း လိုက်နာ‌ဆောင်ရွက်သွားရမယ့် တာဝန်ရှိပါတယ်။ အဲဒီအ တွက် KNU ချမှတ်ထားတဲ့ နိုင်ငံ‌ရေးလမ်းစဉ်၊ လုပ်ငန်းစဉ်‌တွေအတိုင်း ရပ်တည်ပြီး အ‌ကောင်အထည် ‌ဖော်‌ပေးသွားမယ်ဆိုတာ ကို သ‌ဘောထားထုတ်‌ဖော်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးများနှင့်ပတ်သက်သည့် ကြားကာလအစီအစဉ်များတွင် ၎င်းတို့၏ နိုင်ငံ‌ရေး၊ စစ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးမူများအတိုင်း အခိုင်အမာ ရပ်တည်ပြီး ညီညွတ်စွာဖြင့် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမည်ဖြစ် ‌ကြောင်းလည်း သ‌ဘောထားထုတ်ပြန်ချက်တွင် ထည့်သွင်း‌ဖော်ပြထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ် NCA အပိုဒ် ၂၅ (က)အရ စာချုပ်တွင်လက်မှတ်‌ရေးထိုးထားကြ‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့နှင့်သက်ဆိုင်သည့် အပစ်ရပ်နယ်‌မြေများအတွင်း ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် လုံခြုံ‌ရေးဆိုင်ရာကိစ္စရပ်များတွင် မိမိတို့အဖွဲ့အတိုင်းအတာအရ တာဝန်ယူ‌နေကြ‌သော အဖွဲ့အစည်းများဖြစ်သည့်အား‌လျော်စွာ အပစ်ရပ်စဲထားပြီး ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲများ ကျင်းပအ‌ကောင်အထည်‌ဖော်‌နေသည့် ကာလအတွင်း ၎င်းနယ်‌မြေများတွင် နှစ်ဖက်ညှိနှိုင်းပြီး ‌အောက်ပါကိစ္စရပ်များကို ‌ဆောင်ရွှက်သွားရန်သ‌ဘောတူသည်ဟုပါရှိသည်။

စာချုပ်ပါအချက်များဖြစ်သည့် ညှိနှိုင်း‌ဆောင်ရွက်ရန်သ‌ဘောတူသည့်ကိစ္စရပ်များမှာ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူမှု‌ရေးနှင့် စိးပွား‌ရေးဆိုင်ရာ အ‌ခြေခံဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး။ တိုင်းရင်းသားလူမျိုးများဒဘာသာစကား၊စာ‌ပေနှင့်ယဉ်‌ကျေးမှုထိန်းသိမ်းမြှင့်တင်‌ရေး၊‌ဒေသဆိုင်ရာတည်ငြိမ်‌အေးချမ်း‌ရေးနှင့် တရားဥပ‌ဒေဆိုင်ရာကိစ္စ၊မူယစ်‌ဆေးဝါးတိုက်ဖျက်‌ရေး၊ ‌ဒေသဆိုင်ရာဖွဲ့ဖြိုး‌ရေးနှင့် စွမ်းရည်မြှင့်တင်‌ရေးလုပ်ငန်းများအတွက် ပြည်တွင်းပြည်ပ အလှူရှင်အဖွဲ့အစည်းများ၏ အကူညီရယူခြင်းဆိုင်ရာကိစ္စရပ်များစသည်တို့ ဖြစ်ကြသည်။

“ဒါ‌တွေက NCA ထဲမှာ ပါပြီးသား‌တွေဖြစ်ပါတယ်။ ဒါ‌ပေမဲ့ အ‌ကောင်အထည်‌ဖော်မှုအပိုင်းမှာ အားနည်း‌နေတာ‌တွေ ရှိတာ‌ပေါ့။ ကြားကာလမှာ ‌ဆောင်ရွက်ရမယ့် လုပ်ငန်း‌တွေမှာ ညှိနှိုင်း‌ဆောင်ရွက်မှု space မရှိခဲ့တဲ့အတွက်‌အောက်‌ခြေမှာ ပြဿနာ‌လေး‌တွေ အနည်းအကျဉ်းရှိခဲ့တယ်။ အဲဒါ‌ကြောင်အဲဒါ ‌တွေကို ညှိနှိုင်း‌ဆောင်ရွက်နိုင်မယ့် space တစ်ခုရှိဖို့ လိုအပ်တယ်။အဲဒါမှပဲ အပစ်အခတ်ရပ်စဲ‌ရေးကို အ‌ထောက်အကူပြုပြီး ‌အောင်မြင်နိုင်မယ်”ဟု ဗိုလ်မှူးကြီး ‌စောတာမလာ‌သောက ဆက်‌ပြောသည်။

အလားတူ ကျင်းပပြီးစီးခဲ့သည့် ၁၆ကြိမ်‌မြောက် KNU ကွန်ဂရက်တွင် KNLA အ‌နေဖြင့် အပစ်အခတ်ရပ်စဲ‌ရေး ပြုလုပ်ခဲ့သည့်အ ချိန်မှ စတင်ကာ ၎င်းတို့၏နယ်‌မြေများအတွင်း ‌တွေ့ကြုံရသည့်အ‌ခြေအ‌နေများ အပါအဝင် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ထောင် နိုင်သည်အထိ အချက် ၂၂ချက် ပါဝင်‌သော သုံးသပ်ချက် အစီရင်ခံစာကို တင်သွင်းခဲ့သည်။

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက “အခု ‌တွေ့ဆုံမှုက ကွန်ဂရက်အပြီး ‌တွေ့ဆုံတဲ့သ‌ဘောပါ။ လာမဲ့ ဗဟိုအမြဲတမ်း ‌ကော်မတီရဲ့ အစည်းအ‌ဝေးပြီးတဲ့‌နောက်ပိုင်းမှာ ကျ‌နော်တို့ရဲ့ တပ်အစည်းအ‌ဝေးကို ထပ်မံ ‌ဆောင်ရွက်သွားမှာလို့ပဲ ‌ပြောချင်ပါ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

KNU အ‌နေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA တွင် လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း စာချုပ်ပါ သ‌ဘောတူညီချက်များအရ အပစ်ရပ်နယ်‌မြေများအတွင်း နှစ်ဖက်မှ အ‌ကောင်အထည် ‌ဖော်မှုအားနည်းချက်များ ရှိခဲ့ သည့်အတွက် လာမည့် ‌ရှေ့လုပ်ငန်းစဉ်တွင် အဆိုပါကိစ္စရပ်များအား ဦးစား‌ပေးလုပ်‌ဆောင်သွားရန် KNU ခရိုင် တပ်မဟာအချို့ မှ စစ်ဖက်၊ အရပ်ဖက်‌ခေါင်း‌ဆောင်များကလည်း လိုလား‌နေကြသည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA နှင့် ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော်-KNDO တို့သည် ၎င်းတို့၏ သ‌ဘောထားများကို ထုတ်ပြန်‌ပြောဆို‌လေ့မရှိသည့်အတွက် ယခုထုတ်ပြန်ချက်မှာ ထူးခြားမှုများရှိနိုင်‌ကြောင်း ကရင်လူမှုအသိုင်း အဝိုင်းမှ သုံးသပ်‌ပြောဆိုမှုများလည်း ရှိ‌နေသည်။ KNLA နှင့် KNDO သည် ‌ကေအဲန်ယူ၏ ဌာန‌ပေါင်း ၁၄ခုအနက် ကာကွယ်‌ရေး ဌာန‌အောက်တွင် တည်ရှိသည့် တပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည်။