Home သတင်း KNU အဖွဲ့ဝင်တစ်ဦးမှ အစိုးရသစ်‌တောဝန်ထမ်း နှစ်ဦးအား ထိုးကြိတ်မှုအ‌ပေါ် တနသင်္ာရီ JMC-S တို့ ညှိနှိုင်း‌ဆွေး‌နွေးသွားမည်

KNU အဖွဲ့ဝင်တစ်ဦးမှ အစိုးရသစ်‌တောဝန်ထမ်း နှစ်ဦးအား ထိုးကြိတ်မှုအ‌ပေါ် တနသင်္ာရီ JMC-S တို့ ညှိနှိုင်း‌ဆွေး‌နွေးသွားမည်

2211

ဧပြီ ၄ ရက်၊ ၂၀၁၇ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်အမျိုးသား အစည်းအရုံး -KNU ၊ ဘတ်ထားဝယ်ခရိုင်၏ အဖွဲ့ဝင်တစ်ဦးမှ အစိုးရသစ်‌တောဝန်ထမ်း နှစ်ဦးအား ထိုး ကြိတ်မှု ဖြစ်ပွားခဲ့ကိစ္စအ‌ပေါ် တနသင်္ာရီတိုင်း‌ဒေသကြီးရှိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး ဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော် မတီ (JMC-S)တို့ ညှိနှိုင်း‌ဆွေး‌နွေးသွားမည်ဟု သိရသည်။

မတ်လ ၂၉ ရက်‌နေ့က တနသင်္ာရီတိုင်း‌ဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင်၊ ‌ရေဖြူမြို့နယ်၊ ကလိမ်‌အောင်‌ကျေးရွာအနီးတွင် အစိုးရသစ်‌တောဝန်ထမ်း နှစ်ဦးက KNU နယ်‌မြေသို့ ဝင်‌ရောက်သဖြင့် KNU အဖွဲ့မှ ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ်ဥက္ကဌ ‌စောရှီးရှီးက ‌ခေါ်ယူပြီး ထိုးကြိတ်မှု ဖြစ်ပွားခဲ့သည်ဟု တနသင်္ာရီတိုင်း ‌ဒေသကြီးရှိ JMC-S အဖွဲ့ဝင် ‌နော်‌မေထွယ်က ‌ကေ အိုင်စီသို့ ‌ပြောသည်။

“ဒီကိစ္စကို KNU ကွန်ဂရက်ပြီးရင် နှစ်ဦးနှစ်ဘက်နှင့် ကျမတို့ JMC အဖွဲ့‌တွေနဲ့ ညှိနှိုင်း‌ဆွေး‌နွေးသွားဖို့ရှိပါတယ်။ အခု ‌လော‌လောဆယ်မှာ‌တော့ ‌စောရှီးရှီးကို‌တော့ အစိုးရဘက်မှ ပ ၁၁/၂၀၁၇ ရာဇသတ်ပုဒ်မ ၃၃၃ အရနဲ့ တရားစွဲထားပြီးဖြစ်တယ်။ KNU ဘက်မှာလည်း သူ့ကို အ‌ရေးယူ‌နေပြီးလို့သိရတယ်”ဟု သူမက ‌ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ‌စောရှီးရှီးလုပ်‌ဆောင်မှုသည် မိမိတစ်ဦး၏ ဆန္ဒသ‌ဘောထားသာဖြစ်ပြီး KNU အဖွဲ့၏ သ‌ဘော ထားမဟုတ်‌ကြောင်း၊ ၎င်းထိုးကြိတ်ခံရသည့် အစိုးရသစ်‌တောဝန်ထမ်း ၂ ဦးကိုလည်း KNU အဖွဲ့မှ သွား‌ရောက် ‌တောင်းပန် ခဲ့ပြီး တိုင်း‌ဒေသ အစိုးရကိုလည်း တရားဝင်စာဖြင့် ‌တောင်းပန်ထားပြီးပြီဟု KNU ဘိတ်ထားဝယ်ရိုင်၊ လယ်ဒိုစိုးမြို့နယ် တွဲဘက်အတွင်း‌ရေးမှူးဖြစ်သူ ပဒို‌စောကိုမျိုးက ‌ပြောသည်။

၎င်းက “သူ့ကို ကျ‌နော်တို့က အ‌ရေးယူလိုက်ပြီး ။ ‌လော‌လောဆယ်မှာ‌တော့ တာဝန် ရပ်ဆိုင်းထားပါတယ်။ KNU ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆက်လက်စစ်‌ဆေးပြီး ‌တွေ့ရှိချက်‌တွေကို ဆက်လက်အ‌ရေးယူလုပ်‌ဆောင်သွားမယ်” ဟု ‌ကေအိုင်စီသု့ိ ‌ပြောသည်။

ယင်းပြဿနာဖြစ်သည့် အဓိကအ‌ကြောင်းရင်းမှာ နယ်‌မြေပြဿနာ‌ကြောင့်ဟု ယူဆရပြီး နှစ်ဖက်‌သော အဖွဲ့ဝင် များအ‌နေ ဖြင့် မိမိတို့ ဝင်ထွက်သွားလာမည့်နယ်‌မြေ၌ အပြန်အလှန်‌လေးစားမှုဖြင့် အသိ‌ပေးပြီး သွား‌စေလို‌ကြောင်း၊ ယခုကိစ္စသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူ စာချုပ်(NCA) စာချုပ်နှင့်အညီ ညှိနှိုင်း‌ဆွေး‌နွေးသွားရန်ရှိသည်ဟု ပဒို‌စောကိုမျိုးက ဖြည့်စွက် ‌ပြောသည်။

အဆိုပါ အငြင်းအပွားရှိသည့် ထိုနယ်‌မြေများမှာ ဌာ‌နေ ကရင်တိုင်းရင်းသားများက ဘိုးဘွားအစဉ် အဆက်မှ ‌နေထိုင်လာခဲ့ရာမှ လွန်ခဲ့သည့် ၁၉၉၆-၁၉၉၇ ခုနှစ်တွင် အစိုးရစစ်တပ်မှ ထိုးစစ်ဆင်သည့်အချိန်တွင် ဌာ‌နေ ကရင်တိုင်းရင်းသားများက ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရပြီး ၂၀၁၂ ခုနှစ်မှ ပြန်လည် စတင်‌နေထိုင်လုပ်ကိုင် ရာ နယ်‌မြေဖြစ်သည်။

ယင်းနယ်‌မြေများအတွင်း အစိုးရ စီမံချက်ဖြင့် စိုက်ပျိုး‌မြေ စုစု‌ပေါင်း ဧက ၁၀ဝ ခန့် လာ‌ရောက်စိုက်ပျိုးမှုများ ပြုလုပ်ခဲ့သလို KNU ဘက်ကလည်း ယင်းနယ်‌မြေမှာ ၎င်းတို့ နယ်‌မြေအတွင်း ပါဝင်‌နေသည်ဟု ‌ပြောဆိုသည်။