Home သတင်း KNU ဗဟိုအမြဲတမ်း‌ကော်မတီဝင်အသစ်တွင် ယခင် ထိပ်ပိုင်း‌ခေါင်း‌ဆောင် ၃ဦး မပါဝင်

KNU ဗဟိုအမြဲတမ်း‌ကော်မတီဝင်အသစ်တွင် ယခင် ထိပ်ပိုင်း‌ခေါင်း‌ဆောင် ၃ဦး မပါဝင်

1713
ဧပြီ ၇ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

‌နောက်လာမည့် ‌လေးနှစ်တာကာလအတွင်း တာဝန်ထမ်း‌ဆောင်သွားမည့် ဗဟိုအမြဲတမ်း‌ကော်မတီဝင်များကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ‌ရွေး‌ကောက်ပွဲတွင် ဧပြီလ ၇ရက်(ယ‌နေ့)ည‌နေပိုင်းက ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ရာ၌ ယခင် ထိပ်ပိုင်း‌ခေါင်း‌ဆောင် ၃ဦးမှာ ပြန်လည် ပါဝင်လာခြင်းမရှိ‌ကြောင်း ‌ကေအိုင်စီက သတင်းရယူခဲ့သည်။

အဆိုပါ ‌ရွေး‌ကောက်ပွဲတွင် မဲ‌ပေးခွင့်ရှိသူ ကိုယ်စားလှယ် ၂၁၇ဦးထဲမှ ဗဟိုအမြဲတမ်း‌ကော်မတီဝင်‌လောင်း ၆ဝဦးကို လျှို့ဝှက်မဲ ‌ပေးစနစ်ဖြင့် ဧပြီလ ၆ရက်‌နေ့က ဆန္ဒမဲထည့်ကာ ‌ရွေး‌ကောက်ခဲ့ကြပြီး အ‌ရေအတွက် အပြည့်အစုံကို ဧပြီလ ၇ရက်‌နေ့ မနက် တွင် အတည်ပြုခဲ့ကြသည်။

ထို့‌နောက် ဧပြီလ ၇ရက်‌နေ့ည‌နေတွင် ၎င်း ၆ဝဦးအနက် ၄၁ဦးကို ဆက်လက် ‌ရွေး‌ကောက်ခဲ့ရာ ယခင် ထိပ်ပိုင်း‌ခေါင်း‌ဆောင် (ကြီးငါးကြီး)အနက် ဒု-ဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်၊ တွဲဘက် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲနှင့် တွဲဘက် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းတို့မှာ ပါဝင်ခြင်း မရှိ‌တော့ဘဲ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးနှင့် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ပဒို‌စောကွယ်ထူးဝင်းတို့မှာ ဗဟိုအမြဲတမ်း‌ကော်မတီအသစ်တွင် ပြန်လည် ‌ရွေး‌ကောက်ခံရသည်။

‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေအရ ခရိုင်နှင့် တပ်မဟာ (၇)ခုတို့မှ ခရိုင်ဥက္ကဌနှင့် တပ်မဟာမှူး စုစု‌ပေါင်း ၁၄ဦးမှာ ဗဟို အမြဲတမ်း‌ကော်မတီထဲတွင် အလိုအ‌လျောက် ပါဝင်ပြီးဖြစ်သည်။ ကျန် ၄၁ဦးကိုမူ ‌ရွေး‌ကောက်ပွဲ ကိုယ်စားလှယ်များထဲမှ ‌ရွေး ‌ကောက်ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ကျင်းပခဲ့သည့် (၁၅)ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်တွင် ဗဟိုအမြဲတမ်း‌ကော်မတီဝင်များကို ၄၅ဦးသာ သတ်မှတ်ခဲ့ကြ‌သော်လည်း (၁၆)ကြိမ်‌မြောက် ကွန်ဂရက်တွင် ၅၅ဦး တိုးချဲ့သတ်မှတ် ဆုံးဖြတ်ခဲ့ကြသည်။ ယခု ‌ရွေး‌ကောက်ခံရသည့် ဗဟိုအမြဲတမ်း‌ကော်မတီဝင်များထဲတွင် အမျိုးသမီး ၅ဦးပါဝင်ပြီး ၎င်းတို့အနက် ဘိတ်-ထားဝယ်ခရိုင်မှ ‌နော်လွဲလွဲ‌ဖော ၂၄နှစ်မှာ အသက် အငယ်ဆုံး ဗဟို‌ကော်မတီဝင်ဖြစ်သည်။

လုပ်ထုံးလုပ်နည်းအရ ‌ကေအဲန်ယူ၏ ဗဟိုအမြဲတမ်း‌ကော်မတီကို ‌ရွေး‌ကောက်တင်‌မြှောက်ပြီးလျှင် ထို ၅၅ဦးထဲမှ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးနှင့် တွဲဘက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူးများကို ဧပြီလ ၈ရက်‌နေ့တွင် ဆက်လက် ‌ရွေး‌ကောက် တင်‌မြှောက်သွားကြမည်ဖြစ်သည်။

ထို့အပြင် ဗဟို တရားသူကြီးချုပ်ကိုလည်း ‌ရွေး‌ကောက်ပွဲ ကိုယ်စားလှယ်များကသာ လျှို့ဝှက်မဲဖြင့် ဆက်လက် ‌ရွေး‌ကောက် သွားပြီးမှသာ ကျန် အလုပ်အမှု‌ဆောင်အဖွဲ့ဝင်များကို ကြီးငါးကြီးသာ ‌ဆွေး‌နွေးဆုံးဖြတ်ရ‌ကြောင်း ‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံထဲတွင် ‌ဖော်ပြထားသည်။