Home သတင်း KED နှင့် KTWG ပူး‌ပေါင်းပြီး ‌နွေရာသီ ‌ကျောင်းဆရာသင်တန်း ၂၅ ‌နေရာပြုလုပ်ပြီးစီး

KED နှင့် KTWG ပူး‌ပေါင်းပြီး ‌နွေရာသီ ‌ကျောင်းဆရာသင်တန်း ၂၅ ‌နေရာပြုလုပ်ပြီးစီး

2110

ဧပြီ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောချာလု

‪‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်‌မြေအတွင်းရှိ ‌နေရာ ၂၅ ‌နေရာတွင် ‌နွေရာသီ ကရင် ‌ကျောင်းဆရာ သင်တန်းကို ကရင်ပညာ‌ရေးဌာန-KED နှင့် ကရင်‌ကျောင်းဆရာများ ပူး‌ပေါင်းလုပ်‌ဆောင်မှုအဖွဲ့-KTWG တို့ ပူး‌ပေါင်း၍ မတ်လ ၁၃ ရက်မှ ဧပြီလ ၁၂ ရက်‌နေ့အထိ ပြုလုပ်ပြီးစီးသွားခဲ့သည်ဟု သိရသည်။‬‬‬

‪‌ကေအဲန်ယူ၏ သထုံ၊ ‌တောင်ငူ ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာနှင့် ဖားအံ စသည့်ခရိုင် ၇ခုအတွင်းရှိ မြို့နယ်များတွင် ပြုလုပ်‌ပေးခြင်းဖြစ်ပြီး ‌ကျောင်းဆရာ၊ ဆရာမများအား နှစ်စဉ်သင်ကြားမှုများတွင် အ‌ထောက်အကူပြုနိုင်ရန်နှင့် ‌ကျောင်းသူ၊ ‌ကျောင်းသားများအား စနစ်တကျသင်ကြား‌ပေးနိုင်ရန်အတွက် USAID ၏ ကူညီ‌ထောက်ပံ့မှုဖြင့် သင်တန်းပြုလုပ်‌ပေးခြင်း ဖြစ်‌ကြောင်း KTWG ၏ တာဝန်ခံ ‌နော်လယ်ထူးက ‌ပြောသည်။‬‬

သူမက “ကျမတို့အ‌နေနဲ့ ပညာ‌ရေးနဲ့ပတ်သက်ပြီးလှုပ်ရှား‌ဆောင်ရွက်‌နေတဲ့သူ‌တွေဖြစ်တာ‌ကြောင့် ကျမတို့မြင် တာ ‌ကျောင်းဆရာ၊ ဆရာမ‌တွေအတွက် သင်ကြား‌ရေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း‌တွေလိုအပ်တာ‌ကြောင့် ဒီ‌နွေရာ သီအားလပ်ချိန်‌တွေမှာ အခုလိုသင်တန်း‌ပေးခြင်းဖြစ်တယ် ”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ယခုနှစ်ပြုလုပ်သည့် အဆိုပါ သင်တန်းကို ‌ကေအဲန်ယူနယ်‌မြေရှိ ခရိုင်၊ မြို့နယ်အသီးသီးမှ ‌ကျောင်းဆရာ၊ ဆရာမ ‌ပေါင်း ၁,၆၀ဝ ဦးသာ ကနဦး သတ်မှတ်‌ခေါ်ယူခဲ့‌သော်လည်း ဆရာ၊ ဆရာမ စုစု ‌ပေါင်း ၁,၈၀၅ဦးထိ တက်‌ရောက်ခဲ့သည်ဟု ‌နော်လယ်ထူးက ဖြည်စွက် ‌ပြောဆိုသည်။

တစ်လကြာ ပြုလုပ်ခဲ့သည့် ၎င်းသင်တန်းတွင် ‌ကျောင်းသူ၊ ‌ကျောင်းသားများ စီမံအုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှု၊ သင်ကြားမှု ဆိုင်ရာကျွမ်းကျင်မှု၊ သင်ကြားမှုနည်းစနစ်အပြင် အဂင်္လိပ်၊ သချင်္ာ၊ ပထဝီဝင်၊ သိပ္ပံနှင့် ကရင်စာ စသည့် ဘာသာရပ်များကိုလည်း သင်ကြား‌ပေးခဲ့သည်ဟု KTWGက ‌ပြောသည်။

‌တောင်ငူခရိုင်၊ သံ‌တောင်ကြီးမြို့နယ်ရှိ ဆာသူး‌လေအလယ်တန်း‌ကျောင်းမှ ‌ကျောင်းဆရာမ ‌နော်ကလဲ‌စေးက“ အခု သင် တန်းတက်ဖြစ်တာက က‌လေး‌တွေကို စာစနစ်တကျပြန်သင်ပြနိုင်ဖို့အတွက် အ‌ရေးကြီးလို့တက်ဖြစ်တာ။ ဒီနှစ်လုပ်တဲ့သင်တန်းက အရင်နှစ်‌တွေက လုပ်တဲ့သင်တန်းထက် ပို‌ကောင်းတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KTWG သည် ကရင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားရာကာလများ ဖြစ်သည့် ၁၉၉၇ ခုနှစ်မှ စတင်ကာ ကရင်ပညာ‌ရေး ဆိုင်ရာလုပ်ငန်းများကို ယ‌နေ့အထိ လုပ်‌ဆောင်‌နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ‌ကေအဲန်ယူ၏ ဌာနဆိုင်ရာ ၁၄ခု အနက် တစ်ခုဖြစ်သည့် KED မှာ ၂၀၀ဝ ခုနှစ်မှစ၍ မြန်မာပြည်အ‌ရှေ့ဘက်ခြမ်း မြို့နယ် ၂၄ ခုနှင့် ထိုင်း-မြန်မာနယ် စပ်တစ်‌လျှောက် ရှိ ဒုက္ခသည်စခန်း ၇ ခုမှ ‌ကျောင်းသား‌ကျောင်းသူ‌ပေါင်း (၃၅၀,၀၀၀)‌ကျော်ကို ပညာ‌ရေး ဆိုင်ရာ အ‌ထောက်အပံ့များ ‌ပေးအပ်လုပ်‌ဆောင်‌နေသည်ဟု KED ၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ‌ဖော်ပြထားသည်။