Home သတင်း ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် အနိုင်ရ တိုုင်းရင်းသားပါတီများကို ဂုဏ်ပြု‌ကြောင်း ကရင်ပါတီများ‌ပြောဆို

ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် အနိုင်ရ တိုုင်းရင်းသားပါတီများကို ဂုဏ်ပြု‌ကြောင်း ကရင်ပါတီများ‌ပြောဆို

2511
ဧပြီ ၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

နိုင်ငံတစ်ဝှမ်းလုံး လစ်လပ်မဲ ဆန္ဒနယ် ၁၉ ‌နေရာအတွက် ဧပြီ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်‌ရွေး ‌ကောက်ပွဲတွင် အနိုင်ရ တိုင်းရင်းသားပါတီများကို ဂုဏ်ပြုလို‌ကြောင်း ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ ပါတီနှင့် ကရင်အမျိုးသားပါတီ တာဝန်ရှိသူများက ဧပြီ ၂ ရက်‌နေ့တွင် ‌ပြောသည်။

အဆိုပါ ကြားဖြတ်‌ရွေး‌ကောက်ပွဲ ‌နောက်ဆုံးရလဒ်များကို ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ဧပြီ ၂ ရက်‌နေ့ ည‌နေပိုင်းတွင် ထုတ်ပြန်‌ကြေညာခဲ့ရာ အာဏာရ အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်က ၉ ‌နေရာဖြင့် အများစုအနိုင်ရခဲ့သလို ရှမ်းတိုင်း ရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်က ၆ ‌နေရာ၊ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ၂ ‌နေရာ၊ ရခိုင် အမျိုးသားပါတီနှင့် လူမျိုး‌ပေါင်းစုံဒီမိုက‌ရေစီပါတီ (ကယား)တို့မှ တစ်‌နေရာစီ အသီးသီးအနိုင်ရသွားသည်။

ပြည်နယ်များတွင် တိုင်းရင်းသားပါတီများအများစု အနိုင်ရသွားသည့် အ‌ပေါ် ကရင်ပြည်သူ့ ပါတီ ဒုဥက္ကဌ ‌စော‌စေးဝါးက “ အနိုင်ရ တိုင်းရင်းသားပါတီ‌တွေကို ဂုဏ်ပြုပါတယ်။ အခု ‌ရွေး‌ကောက်ပွဲရလဒ်ကို ကြည့်ရင် တိုင်းရင်းသား‌တွေ ပိုသ‌ဘော‌ပေါက်လာပြီးလို့ မြင်တယ်။ ဒီမိုက‌ရေစီ အ‌ရေးတစ်ခုထဲနဲ့ မရဘူး။ တိုင်းရင်းသား အ‌ရေးလည်း အာရုံစိုက်ရမယ်။ အဲ့ဒါ နိုင်ငံ‌ရေးအ‌ရွှေ့ပဲ ဒီအ‌ရွေ့ကို ကရင်အမျိုးသား‌တွေက လိုက်ပါလာဖို့ လိုတယ်။ မလိုက်ပါဘူးဆိုရင်‌တော့ ကျန်ခဲ့မှာပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အနိုင်ရ တိုင်းရင်းသားပါတီများမှ လွှတ်‌တော်ကိုယ်စားလှယ်များ အ‌နေဖြင့် လွှတ်‌တော်ထဲတွင် ဒီမိုက ‌ရေစီ အာဏာရှင် ပုံစံမျိုးမဖြစ်‌အောင် ပိုမိုထိန်း‌ကြောင်း နိုင်မည်ဟု ‌မျှော်လင့်မိသည်ဟု ‌စော‌စေးဝါးက ဆက် ‌ပြောသည်။

အလားတူ ကရင်အမျိုးသားပါတီ ဒုဥက္ကဌမန်းထိန်ဝင်းစိန်က “ အနိုင်ရ တိုင်းရင်းသားပါတီ‌တွေကို ဂုဏ်ပြုပါ တယ်။ အခုကြားဖြတ် ‌ရွေး‌ကောက်ပွဲရလဒ်က ဒီဖက်ဒရယ်ပြည်‌ထောင်စုအတွက် တိုင်းရင်းသားပါတီ‌တွေကိုပဲ အားကိုး ရမယ်လို့ တိုင်းရင်သားမဲဆန္ဒရှင် မြင်လာတယ်။ ဖက်ဒရယ်ပြည်‌ထောင်စုကို သွားဖို့ တိုင်းရင်းသားပါတီမှ တပါး အခြားအားကိုး စရာမရှိဘူးလို့ နည်းနည်းသ‌ဘော‌ပေါက်လာပြီး၊ ဟိုးတုန်းက သူတို့ အမြင်က‌တော့ စစ်အာဏာရှင် စနစ်မရှိရင်ပြီး‌ရော‌ပေါ့။ စစ်အာဏာရှင်မရှိ‌သော်လည်းပဲ ဖက်ဒရယ် ပြည်‌ထောင်စု မဖြစ်ရင်‌တော့ တိုင်းရင်းသား ‌တွေအတွက် မပြည့်စုံဘူး။ ပြည်တွင်းစစ်ကလည်းမငြိမ်း ချမ်းနိုင်ဘူး။ အဲ့ဒါကို မြင်လာတယ်” ဟု ‌ပြောသည်။

ယခု ကြားဖြတ်‌ရွေး‌ကော်ပွဲတွင် လှိုင်သာယာ၊ ‌ကော့မှူး၊ ဒဂုံ(အ‌ရှေ့ပိုင်း)၊ ဒဂုံ(ဆိပ်ကမ်း)နှင့် မုံရွာ ပြည်သူ့လွှတ် ‌တော်‌နေရာများ၊ ချင်းပြည်နယ် အမျိုးသားလွှတ်‌တော် မဲဆန္ဒ အမှတ် ၃၊ ပဲခူးတိုင်း‌ဒေသကြီး အမျိုးသားလွှတ် ‌တော် မဲဆန္ဒနယ် အမှတ် ၄ နှင့် ရန်ကုန်တိုင်း‌ဒေသကြီး အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ် အမှတ် ၆၊ ရှမ်းပြည် နယ် ‌ညောင်‌ရွှေမြို့နယ် ပြည်နယ်လွှတ်‌တော် ‌နေရာများတွင် NLD ပါတီက အနိုင်ရရှိခဲ့သည်။

ရှမ်းပြည်နယ် ‌ကျေးသီးနှင့် မိုင်းရှူး မြို့နယ် ပြည်သူ့လွှတ်‌တော် ၂ ‌နေရာ ပြည်နယ်လွှတ်‌တော် ၄ ‌နေရာစလုံးကို ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့သလို၊ မွန်ပြည်နယ် ‌ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ် ‌တော် တစ်‌နေရာ နှင့်၊ ရှမ်းပြည်နယ် ကျိုင်းတုံ ပြည်နယ်လွှတ်‌တော် တစ်‌နေရာတို့ကို ပြည်‌ထောင်စု ကြံ့ခိုင်‌ရေး နှင့် ဖွံ့ဖြိုး‌ရေးပါတီက အနိုင်ရရှိသွားသည်။

ထို့အပြင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်‌တော်‌နေရာအတွက် ရခိုင်အမျိုးသားပါတီ၊ ကယားပြည်နယ် ဖရူဆို ပြည်နယ်လွှတ်‌တော်အတွက် လူမျိုး‌ပေါင်းစုံ ဒီမိုက‌ရေစီပါတီ (ကယား) တို့က အသီးသီးအနိုင်ရရှိခဲ့သည်။

၂၀၁၇ ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်အ‌ခြေစိုက် ကရင်ပါတီများ ဝင်‌ရောက်ယှဉ်ပြိုင်ခြင်း မရှိ‌သော်လည်း ‌ကော့မှူးမြို့နယ် ပြည်သူ့လွှတ်‌တော် ‌နေရာအတွက် ကရင်ပြည်နယ် အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက် တစ် ပါ တီက ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး အ‌ရွေးခံရခြင်း မရှိ‌ကြောင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် တရားဝင် ထုတ်ပြန် ချက်များအရ သိရသည်။