Home သတင်း ၅၆ နှစ်ကြာ ‌တော်လှန်‌ရေးတွင် ပါဝင်ခဲ့သူ တပ်မဟာ ၂ တပ်မဟာမှူး ဗိုလ်မှူးချုပ် ‌စော‌ဂျော‌မေ ကွယ်လွန်

၅၆ နှစ်ကြာ ‌တော်လှန်‌ရေးတွင် ပါဝင်ခဲ့သူ တပ်မဟာ ၂ တပ်မဟာမှူး ဗိုလ်မှူးချုပ် ‌စော‌ဂျော‌မေ ကွယ်လွန်

2755

ဧပြီ ၂၅ ရက်၊၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင့်အမျိုးသား‌တော်လှန်‌ရေးတွင် နှစ်‌ပေါင်း ၅၆နှစ်ကြာ တာဝန်ထမ်း‌ဆောင်ခဲ့သူ ‌ကေအဲန်ယူ- ကရင် အမျိုး သား အစည်းအရုံး တပ်မဟာ-၂ တပ်မဟာမှူး ဖြစ်သူ ဗိုလ်မှူးချုပ်‌စော‌ဂျော‌မေ ၇၂ နှစ်သည် ဧပြီ ၂၄ ရက်တွင် တာဝန်ထမ်း‌ဆောင်‌နေသည့် တပ်မဟာ ၂ ‌နေရာ၌ အသဲ‌ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ဗိုလ်မှူးချုပ် ‌စော‌ဂျော‌မေသည် KNU ထိန်းချုပ်နယ်‌မြေ ထန်းတစ်ပင်မြို့နယ် ‌ရေလျှံ‌ကျေးရွာဇာတိဖြစ်ပြီး ၁၉၆၁ ခုနှစ် ကတည်းက ကရင့်‌တော်လှန်‌ရေးတွင် စတင်ဝင်‌ရောက်ခဲ့ပြီး တာဝန်အမျိုးမျိုးကို ‌တော်လှန်း‌ရေး ကာလ အတွင်း ကျရာကဏ္ဍမှ အခက်အခဲမျိုးမျိုးကို ရင်ဆိုင်‌ကျော်လွှားကာ ယခုလို ကွယ်လွန်ချိန်ထိ ၅၆ နှစ် ကြာ တာ ဝန်ထမ်း‌ဆောင်ခဲ့သူ ဖြစ်‌ကြောင်း သူ၏ လုပ်‌ဖော်ကိုင်ဖက်များက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူ၏လုပ်‌ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ KNU ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက “ ကျ‌နော်တို့ရဲ့ ‌တော်လှန် ‌ရေး သမား‌ကောင်း၊ လက်တွဲ‌ဖော်‌ကောင်း တစ်‌ယောက်၊ တပ်မှူး‌ကောင်း တစ်‌ယောက် ဆုံးရှုံးသွားပြီ‌ပေါ့၊ ‌နောက် ထပ်တပ်မှူး တစ်‌ယောက်အစားထိုးလို့ ရနိုင်‌ပေမယ့် သူ့လို စွမ်းရည် ဖြတ်သန်းမှု‌တော့ တစ်မျိုးစီကွာသွားမှာ‌ပေါ့၊ ကျ‌နော်တို့ တပ်မဟာအတွက်‌တော့ အရမ်းကို စိတ်မ‌ကောင်းဖြစ်ရပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကွယ်လွန်သွားသည့် ဗိုလ်မှူးချုပ်‌စော‌ဂျော‌မေသည် ရန်သူနှင့် စစ်တိုက်ရာတွင် လည်း‌ကောင်း၊ တပ်မဟာမှူး တာဝန်ထမ်း‌ဆောင်ရာတွင်လည်း တာဝန်‌ကျေထူးချွန်သူဖြစ်သလို ကွပ်ကဲအုပ်ချုပ်သည့် ‌နေရာ တွင်လည်း ‌ကောင်းမွန်စွာ လုပ်‌ဆောင်‌ပေးနိုင်သူတစ်ဦးဖြစ်သည်ဟု KNU၊ တပ်မဟာ ၂ ရှိ လုပ်‌ဖော်ကိုင်ဖက် များက ‌ပြောသည်။

ဗို်လ်မှူးချုပ် ‌စော‌ဂျော‌မေ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သားတစ်ဦးကျန်ရစ်ခဲ့ပြီး ၎င်း၏ ဈာပနကို ဧပြီ ၂၆ ရက်‌နေ့တွင် KNU/KNLA စစ်ဘက်ဆိုင်ရာ အခမ်းအနားဖြင့် တပ်မဟာ-၂ နယ်‌မြေတွင် ပြုလုပ်သွားမည် ဖြစ်ကာ ခရစ်ယာန်ဘာသာ‌ရေး အစဉ်အလာအရ ဂူသွင်းသၤဂြိုလ်သွားမည်ဖြစ်‌ကြောင်း တပ်မဟာ၂ တာဝန် ရှိသူများထံမှ သိရသည်။