Home ဆောင်းပါး ၁၆ကြိမ်‌မြောက်ကွန်ဂရက်နှင့် ‌ဝေဖန်သံများ၊ စိန်‌ခေါ်မှုများ

၁၆ကြိမ်‌မြောက်ကွန်ဂရက်နှင့် ‌ဝေဖန်သံများ၊ စိန်‌ခေါ်မှုများ

1918

(‌မောင်‌ကျော်စွာ)
(၂၀၁၇ခုနှစ်၊ ဧပြီလ ၁၁ရက်)

KNU-ကရင်အမျိုးသားအစည်းအရုံးရဲ့ (၁၆)ကြိမ်‌မြောက် ကွန်ဂရက် ‌အောင်မြင်စွာ ပြီးစီးခဲ့ပါပြီ။ (၁၆)ကြိမ်‌မြောက် ကွန် ဂရက်အတွင်း လာမယ့် ၄နှစ်သက်တမ်းကာလ တာဝန်ယူဦး‌ဆောင်သွားမယ့် ‌ခေါင်း‌ဆောင်မှုအစုအဖွဲ့ကိုလည်း ‌ရွေး‌ကောက်တင် ‌မြှောက်ခဲ့ပါပြီ။

ဘယ်လိုနိုင်ငံ‌ရေးပါတီ၊ အဖွဲ့အစည်းတစ်ရပ်မှာမဆို လမ်းစဉ်နှစ်ရပ်တိုက်ပွဲ၊ သ‌ဘောထားအမြင်နှစ်ခုတိုက်ပွဲနှင့် ထိုလမ်း စဉ်/ထိုသ‌ဘောထားအမြင်ကို ကိုယ်စီစွဲကိုင် ကိုယ်စားပြုကြသူ‌တွေအကြား အပြန်အလှန် ငြင်းခုန်‌ဆွေး‌နွေးမှု‌တွေရှိကြတာ ပုံမှန် အချင်းအရာတစ်ခု၊ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင် ဖြစ်ပါတယ်။ မိမိတို့ စွဲကိုင်ယုံကြည်တဲ့လမ်းစဉ် သို့မဟုတ် နိုင်ငံ‌ရေးသ‌ဘောထား လမ်း‌ကြောင်းကို ပါတီအဖွဲ့အစည်းရဲ့ ကွန်ဂရက်/ညီလာခံသို့ တင်ပြပြီး ကွန်ဂရက်/ညီလာခံရဲ့ အဆုံးအဖြတ်ကို ခံယူကြသည် မှာလည်း ဒီမိုက‌ရေစီ လုပ်ထုံးလုပ်နည်းတစ်ခုပင် ဖြစ်ပါတယ်။

ကွန်ဂရက်/ညီလာခံက ‌နောက်ဆုံးပိတ် အဆုံးအဖြတ်‌ပေးလိုက်ပြီဆိုလျှင် အဲဒီအဆုံးအဖြတ်ကို “အားလုံး”က ပါတီဝင် ထုတစ်ရပ်လုံးက၊ အဖွဲ့ဝင်တစ်ရပ်လုံးက ထိုအဆုံးအဖြတ်အတိုင်း တညီတညွှတ်တည်း လက်ခံလိုက်နာ လုပ်‌ဆောင်ကြရ‌တော့ မည်သာ ဖြစ်ပါတယ်။

ဤအချက်ကို ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းမှာမဆို ‌ရေးသားပြဋ္ဌာန်းပါရှိပြီးသား ဖြစ်ပါတယ်။ သက်ဆိုင်ရာ ပါတီ/အဖွဲ့အစည်းရဲ့ ပါတီကွန်ဂရက် (သို့မဟုတ်) ပါတီညီလာခံဟာ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။ ကွန်ဂရက်/ညီလာခံက‌နေ လမ်းစဉ်လုပ်ငန်းနှင့် ထိုလမ်းစဉ်၊ လုပ်ငန်းစဉ်ကို အ‌ကောင်အ ထည်‌ဖော်မယ့် ‌ခေါင်း‌ဆောင်မှု အစုအဖွဲ့ကို ‌ရွေးချယ်အတည်ပြုသတ်မှတ်‌ပေးခြင်းဖြစ်ပါတယ်။ ကွန်ဂရက်/ညီလာခံ သက်တမ်း တစ်ခုနှင့်တစ်ခုအကြား အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းမှာ ပါတီ/အဖွဲ့အစည်းရဲ့ ဗဟို‌ကော်မတီအစည်းအ‌ဝေးများပင် ဖြစ်ပါ တယ်။ ဒီအချက်ကိုလည်း ဖွဲ့စည်းပုံစည်းမျဉ်းမှာ ‌ရေးဆွဲသတ်မှတ် ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။

ကွန်ဂရက်က ဆုံးဖြတ်သတ်မှတ်ထားတာ‌တွေကို အ‌ခြေအ‌နေ တစုံတရာ‌ကြောင့်ဖြစ်‌စေ၊ နိုင်ငံ‌ရေး အ‌ကြောင်းအချင်း အရာတစ်ခုခု‌ကြောင့်ဖြစ်‌စေ ပြင်ဆင်ဖို့၊ ‌ပြောင်းလဲဖို့ လိုအပ်လာတဲ့အခါ အထူး သို့မဟုတ် အ‌ရေး‌ပေါ် ကွန်ဂရက်/ ညီလာခံ ‌ခေါ် ယူပြီး ‌ပြောင်းလဲသတ်မှတ် ချမှတ်ကြရမည်သာ ဖြစ်ပါတယ်။ ဒီအတွက်လည်း သက်ဆိုင်ရာ ပါတီအဖွဲ့အစည်း‌တွေရဲ့ စည်းမျဉ်း မှာ ‌ရေးသားထားမြဲဖြစ်ပါတယ်။

တဦးတ‌ယောက်ဟာ ပါတီအဖွဲ့အစည်းကို နာခံရမယ်။ ‌အောက်‌ခြေအဆင့် ပါတီအဖွဲ့အစည်းဟာ အထက်ဆင့်ပါတီ အဖွဲ့အစည်းကို နာခံရမယ် (ဥပမာ မြို့နယ်ပါတီအဖွဲ့အစည်းက ပြည်နယ်/တိုင်းပါတီအဖွဲ့အစည်းကို နာခံရမယ်) တစ်ပါတီလုံး အဖွဲ့အစည်းတစ်ရပ်လုံးက ဗဟို‌ကော်မတီကို နာခံရမယ်။ ဗဟို‌ကော်မတီက အမြင့်ဆုံးဖြစ်တဲ့ ကွန်ဂရက်/ညီလာခံကို နာခံရမယ်။ ဒါဟာ နိုင်ငံ‌ရေးအဖွဲ့အစည်းတိုင်းမှာရှိတဲ့ ဒီမိုက‌ရေစီစည်းမျဉ်းဖြစ်တယ်။ အ‌ရေးအသားပုံစံသာ ကွဲလွဲချင်ကွဲလွဲမယ် အနှစ်သာရ မှာ ဘာမျှခြားနားခြင်း မရှိပါ။

ကြံ့ဖွံ့ပါတီမှာ‌တော့ ဒီလိုစည်းမျဉ်း ရှိပုံမ‌ပေါ်ပါဘူး။ သူတို့ပါတီညီလာခံ‌ရွေးချယ်ထားတဲ့ ‌ခေါင်း‌ဆောင်‌တွေကို ဩဂုတ်လ ၁၂ရက်‌နေ့ညမှာ အာဏာသိမ်းသလို ဖြုတ်ချဖယ်ရှားခဲ့သလို ဒီလို ဒီမိုက‌ရေစီမဆန်တဲ့လုပ်ရပ်ကိုလည်း ကျင်းပခဲ့တဲ့ ကြံ့ဖွံ့ညီ လာခံမှာ ဒီမိုက‌ရေစီနည်းကျ ‌ဆွေး‌နွေးတင်ပြနိုင်ခွင့် မရှိပါဘူူး။ စစ်ဗိုလ်အငြိမ်းစား‌တွေနဲ့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်‌လေ‌တော့ “အမိန့်သာလျှင် အမိ အမိန့်သာလျှင် အဖ” ဖြစ်ပါလိမ့်မယ်။

ကြံ့ဖွံ့ပါတီက‌တော့ စစ်သား‌ဟောင်း/စစ်ဗိုလ်‌ဟောင်းဖြစ်ရင် ကြံ့ဖွံ့ပါတီဝင် အလိုလိုဖြစ်ပြီးသားပဲ ထင်ပါတယ်။ စစ်တပ် က အနားယူတဲ့ စစ်ဗိုလ်အငြိမ်းစားဟာ စစ်တပ်မှာ ‌နောက်ဆုံး တာဝန်ယူခဲ့တဲ့ ရာထူးအဆင့်အတန်းနဲ့အညီ ကြံ့ဖွံ့ပါတီမှာ အ‌ကောင်ကြီးကြီး တန်းဖြစ်တာပါပဲ။

ပုံမှန်အားဖြင့် မည်သူမဆို သူနှစ်သက်ရာ ပါတီအဖွဲ့အစည်းကိုဝင်တဲ့အခါ ထိုအဖွဲ့အစည်းက ချမှတ်ထားတဲ့ နိုင်ငံ‌ရေး လုပ်ငန်းစဉ်၊ လမ်းစဉ်၊ မူဝါဒ‌တွေနဲ့ ပါတီအဖွဲ့အစည်းရဲ့ စည်းမျဉ်းဥပ‌ဒေကို လက်ခံယုံကြည် လိုက်နာပါ့မယ်ဆိုတာကို ဝန်ခံကတိ ပြုရတာချည်း ဖြစ်ပါတယ်။

ဒီစည်းမျဉ်း၊ ဒီသတ်မှတ်ချက်ကို ဥက္ကဋ္ဌ၊ အတွင်း‌ရေးမှူးကအစ ဟိုး‌အောက်‌ခြေပါတီဝင်အဖွဲ့ဝင်ထိ (ကိုယ့်သ‌ဘောထား ဆန္ဒနဲ့ ကိုက်ညီသည်ဖြစ်‌စေ/ မကိုက်ညီသည်ဖြစ်‌စေ) တညီတညွှတ်တည်း နာခံကြရမည်သာ ဖြစ်ပါတယ်။ မနာခံ၊ လက်မခံ ချိုး‌ဖောက်ကြမယ်ဆိုရင် ထိုပါတီအဖွဲ့အစည်း က‌သောင်းကနင်းဖြစ်ကာ ပြိုကွဲပျက်စီးသွားမှာသာ ဖြစ်ပါတယ်။

လမ်းစဉ်လုပ်ငန်းစဉ်၊ မူဝါဒတစ်ရပ်ကို အမြင့်ဆုံးဖြစ်တဲ့ ကွန်ဂရက်/ညီလာခံကိုတင်ပြပြီး အဆုံးအဖြတ်ခံယူတဲ့အခါမှာ ကွန်ဂရက်/ ညီလာခံရဲ့ အဆုံးအဖြတ်ကို အားလုံးက တညီတညွတ်တည်း နာခံရမှာသာဖြစ်ပါတယ်။ မတူညီတဲ့ သ‌ဘောထား အမြင်ကို ကွန်ဂရက်က မှတ်တမ်းတင်ထားရမှာ ဖြစ်ပါတယ်။

ဒါကို တစ်ဖက်ဖက်က လက်မခံချိုး‌ဖောက်ကြတဲ့အခါ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းဟာ နှစ်ပိုင်းကွဲ‌တော့တာပါပဲ။ ဒါ‌ကြောင့် သက်ဆိုင်ရာ ပါတီအဖွဲ့အစည်း‌တွေ ပြိုကွဲတယ်ဆိုတာ လမ်းစဉ်နှစ်ရပ်ကိုင်စွဲကြသူ အုပ်စုနှစ်ခုအကြား တိုက်ပွဲဟာ အထွဋ်အထိပ် ‌ရောက်ရှိလာတာကို တဖက်မှာ‌ဖော်ပြပြီး တဖက်ဖက်က ကွန်ဂရက်/ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို လက်မခံ/ မနာ ခံတဲ့အခါ ထိုပါတီအဖွဲ့အစည်းရဲ့ နှစ်ပါတီ/နှစ်ဂိုဏ်း/နှစ်ဖွဲ့ကွဲမှု ဖြစ်‌တော့တာပါပဲ။ ဒါဟာ ပါတီအဖွဲ့အစည်း‌တွေ ကွဲကြပြဲကြတာရဲ့ ‌ယေဘုယျ အသွင်အပြင်နဲ့ အ‌နေအထား ဖြစ်ပါတယ်။

အဲဒီက‌နေ တစ်ပါတီက‌နေ နှစ်ပါတီဖြစ်သွားတာပါပဲ။ တစ်ဖွဲ့က‌နေ နှစ်ဖွဲ့ဖြစ်လာတာပါပဲ။ ဘယ်ဖက်က မှန်တယ်/ ဘယ် ဖက်က မှားတယ်ဆိုတာကို သက်ဆိုင်ရာ အချက်အလက်နဲ့ အ‌ခြေအ‌နေအ‌ပေါ် မူတည်ပြီး ဆုံးဖြတ်ကြရမှာသာ ဖြစ်ပါတယ်။ ဒါ ‌ကြောင့် အကွဲအပြဲတိုင်းဟာ (မူဝါဒလမ်းစဉ် သို့မဟုတ် ဦး‌ဆောင်သူ‌ရွေးချယ်မှု) “မူ နဲ့ လူ”အ‌ပေါ် မူတည်‌လေ့ရှိပါတယ်။

ပါတီအဖွဲ့အစည်း‌တွေဟာ အ‌ကြောင်းအချက်မဲ့‌တော့ ကွဲ‌လေ့ပြဲ‌လေ့ မရှိပါဘူး။ ပါတီအဖွဲ့အစည်းမှာရှိတဲ့ ပြင်ပက အ‌ကြောင်း အချင်းအရာ အချက်အလက်က ပါတီတွင်း၊ အဖွဲ့အစည်းတွင်းကို ဂယက်ရိုက်ခတ်လာပြီး ထိုအ‌ကြောင်းအချင်းအရာ ‌ပေါ် လက်ခံသူနဲ့ လက်မခံသူ၊ ‌ထောက်ခံသူနဲ့ ကန့်ကွက်သူဆိုတာ သဘာဝကျစွာ ‌ပေါ်လာတတ်စမြဲ ဖြစ်ပါတယ်။ ဒီပဋိပက္ခကို ပါတီအဖွဲ့အစည်း စည်းမျဉ်းနဲ့အညီ အဆုံးအဖြတ်ယူကြရာက‌နေ တဖက်ဖက်က အဆုံးအဖြတ်ကို မနာခံ‌တော့တဲ့အခါ နှစ်ခြမ်း/ နှစ်ဂိုဏ်းကွဲ‌တော့တာပါပဲ။

အခုလည်း (၁၆)ကြိမ်‌မြောက်ကွန်ဂရက်အ‌ပေါ် ‌ဝေဖန်သံမျိုးစုံ ကြား‌နေရပါတယ်။ အနိုင်ရသူလို့ ဆိုနိုင်တဲ့ တဖက်အစု ကလည်း အရင်က “‌ခေါင်းနှစ်လုံးနဲ့ အီးစီ”ဟာ အခု‌တော့ “‌ခေါင်းတစ်လုံးထဲနဲ့ အီးစီ” ဖြစ်သွားပြီဆိုတဲ့ ‌ပြောဆိုသံလည်း ကြားရပါ တယ်။ ဒီလိုအသံ‌တွေဟာ သက်ဆိုင်ရာအစုအဖွဲ့ကို ကိုယ်စားပြု‌နေတယ်၊ ရပ်တည်‌နေတယ်ဆိုတာကို ‌ဖော်ပြ‌နေတဲ့ သ‌ဘော ထားအမြင်‌တွေပဲ ဖြစ်ပါတယ်။

ဒီအထဲမှာ ဒီမိုက‌ရေစီမူအရ၊ ထားရှိသင့်ထားရှိထိုက်တဲ့ သ‌ဘောထားအရ မှန်ကန်တဲ့ သ‌ဘောထားမှုတစ်ခုကို ကြားရပါ တယ်။ ဒီစကားကို‌ပြောကြားသူက (၁၅)ကြိမ်‌မြောက်ကွန်ဂရက်တုန်းက ‌ရွေးချယ်ခံခဲ့ရသူ၊ (၁၅)ကြိမ်‌မြောက်ကွန်ဂရက်သက် တမ်းမှာ တွဲဖက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၁)အဖြစ် တာဝန်ယူခဲ့သူ ပဒို‌စော‌သောသီဘွဲ ဖြစ်ပါတယ်။ သူက အခုလို ‌ပြောပါ တယ်။

“ကျ‌နော်တို့ ဘာမှ‌တော့ မြင်ချင်စရာ မရှိပါဘူး။ ဒါက ကွန်ဂရက်က‌နေ ‌ရွေးချယ်တင်‌မြှောက်ရလာတဲ့ ရလဒ်‌တွေပဲဆို တာ ကျ‌နော်တို့က ‌ကျေ‌ကျေနပ်နပ်နဲ့ အားအားရရ ‌ထောက်ခံပြီး‌တော့မှ ပံ့ပိုးသွားရမှာပါ။ ဒါက ဘာဖြစ်လို့လည်းဆိုု KNU အဖွဲ့အ စည်းဝင်တစ်‌ယောက်အ‌နေနဲ့ ဘယ်သူပဲရရ ကျ‌နော်တိုု့က‌တော့ အဖွဲ့အစည်းရဲ့တာဝန်၊ အဖွဲ့အစည်းဝင်ရဲ့ တာဝန်ဝတ္တရား‌တွေက အပြည့်အဝရှိထားပြီးပဲ ဖြစ်တဲ့အတွက်‌ကြောင့်မို့ ကျ‌နော်တိုု့က ‌ရှောင်လိုု့မရဘူး၊ ဒီအလုပ်ကို‌တော့ ကျ‌နော်တို့က ပံ့ပိုးရမယ်။ ကျ‌နော်တို့က အ‌ထောက်အကူပြုရမယ်။ ဒါက ကျ‌နော်တို့ရဲ့တာဝန်ပဲဖြစ်တယ်” တဲ့။

ဒီသ‌ဘောထားဟာ ဒီမိုက‌ရေစီသ‌ဘောထား၊ အဖွဲ့အစည်းညီညွတ်‌ရေးကို ‌ရှေ့ရှုတဲ့သ‌ဘောထား၊ ထားရှိသင့်တဲ့ သ‌ဘောထား ဖြစ်ပါတယ်။

သူ့ကို ယခုကျင်းပပြီးစီးခဲ့တဲ့ ၁၆ကြိမ်‌မြောက် ကွန်ဂရက်က ပြန်လည်‌ရွေးချယ်ခဲ့ခြင်းမရှိသလို အမြဲတမ်း‌ကော်မတီဝင် ၅၅ဦးမှာလည်း ပါဝင်‌ရွေးချယ်ခံရခြင်း မရှိပါဘူး။ ၁၆ကြိမ်‌မြောက်ကွန်ဂရက်ရဲ့ ထူးခြားမှုလို့ဆိုရမလား‌တော့ မသိပါဘူး။ ယခင် ၁၅ကြိမ်‌မြောက် ကွန်ဂရက်နဲ့ ကွန်ဂရက်သက်တမ်းကာလအတွင်းမှာ ဒုတိယဥက္ကဋ္ဌ၊ တွဲဖက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၁) နဲ့ (၂) တို့ဟာ အမြဲတမ်း‌ကော်မတီဝင်အဖြစ်ပင် ပြန်လည်‌ရွေးချယ်ခံရခြင်းမရှိတဲ့ အချက်ပါပဲ။

ဒီလို ထင်သာမြင်သာရှိလွန်းတဲ့ အချက်အလက်‌တွေကို ‌ထောက်ပြပြီး (KNU) အဖွဲ့အစည်းအတွင်းမှာ စစ်တပ်ဘက် ယိမ်းတဲ့/ စစ်တပ်က မျက်နှာသာ‌ပေးတဲ့ အုပ်စုက ကွန်ဂရက်မှာ အပြတ်အသတ် အနိုင်ရသွားတာလို့ ‌ဝေဖန်သုံးသပ်‌ပြောဆို‌နေ ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၆ကြိမ်‌မြောက်ကွန်ဂရက်က ‌ရွေးချယ်လိုက်တဲ့ “ကြီးငါးကြီး” အမည်စာရင်းကို ‌ဖော်ပြပြီး ထုတ် ပြန်လိုက်တဲ့ ကြံ့ဖွံ့ပါတီရဲ့ ‌ကြေညာချက်‌ကြောင့်လည်း ‌ဝေဖန်သုံးသပ်‌နေမှု ဒီဂရီကို ပိုမိုမြင့်တက်‌စေပါတယ်။

ကြိုက်သည်ဖြစ်‌စေ၊ မကြိုက်သည်ဖြစ်‌စေ၊ ဘယ်လိုပဲဖြစ်ဖြစ် ၁၆ကြိမ်‌မြောက် ကွန်ဂရက်အဆုံးအဖြတ်ကို လက်ခံကြရ မှာ ဖြစ်ပါတယ်။ (KNU)ကရင်အမျိုးသားအစည်းအရုံးက ကိုင်စွဲလာခဲ့တဲ့ (‌စောဘဦးကြီး မူ ၄ရပ် အပါအဝင်) အစဉ်အဆက် မူဝါဒ သ‌ဘောထားများ၊ အ‌တွေ့အကြုံနဲ့ သင်ခန်းစာများ၊ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စု ‌ဖော်‌ဆောင်‌ရေး ဆိုတဲ့ ပင်မ ဦးတည်ချက်တို့ကို လက်‌တွေ့ ဘယ်လိုအ‌ကောင်အထည်‌ဖော်မလဲ ဆိုတဲ့တာဝန်ဟာ ၁၆ကြိမ် ‌မြောက် ကွန်ဂရက်က ‌ရွေးချယ်လိုက်တဲ့ ‌ခေါင်း‌ဆောင်စု ပခုံး‌ပေါ်မှာ ကျ‌ရောက်‌နေပြီဖြစ်ပါတယ်။

ဒီတာဝန်‌တွေကို လက်‌တွေ့မှာ ဘယ်လိုအ‌ကောင်အထည်‌ဖော်မလဲဆိုတာ ၁၆ကြိမ်‌မြောက်ကွန်ဂရက်က ‌ရွေးချယ်လိုက် တဲ့ ‌ခေါင်း‌ဆောင်အစုအဖွဲ့ရဲ့ အဓိက စိန်‌ခေါ်ချက် ဖြစ်ပါတယ်။ ဒါ့အပြင် ၁၆ကြိမ်‌မြောက်ကွန်ဂရက်က ‌ရွေး‌ကောက်တင်‌မြှောက် လိုက်တဲ့ ‌ခေါင်း‌ဆောင်အစုအဖွဲ့ကို စစ်‌ဆေးမယ့် မှတ်‌ကျောက်လည်း ဖြစ်ပါလိမ့်မယ်။