Home သတင်း ‌လေး‌ကေ‌ကော်မြို့သစ်အတွက် လျှပ်စစ်မီးမရရှိ‌သေးခင် ဆိုလာစနစ်ဖြင့် တပ်ဆင်‌ပေးရန်ရှိ

‌လေး‌ကေ‌ကော်မြို့သစ်အတွက် လျှပ်စစ်မီးမရရှိ‌သေးခင် ဆိုလာစနစ်ဖြင့် တပ်ဆင်‌ပေးရန်ရှိ

1651

ဧပြီ ၂ဝရက်၊ ၂၀၁၇ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ နယ်စပ်ရှိ ‌လေး‌ကေ‌ကော်မြို့သစ်အတွက် လျှပ်စစ်မီး မရရှိ‌သေးခင် အချိန်အတွင်း ဆိုလာစနစ်(‌နေ‌ရောင်ခြည် သုံးစွမ်းအင်)ဖြင့် အိမ်တိုင်းတပ်ဆင်‌ပေးရန်ရှိသည်ဟု ကရင်ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က ‌ကေအိုင်စီသို့ ‌ပြော သည်။

‌လေး‌ကေ‌ကော်မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့၏‌တောင်ဘက် ၉မိုင်ခန့်အကွာတွင် တည်‌ဆောက်ထားပြီး စစ်‌ဘေး ‌ရှောင် ‌နေရပ်စွန့်ခွာခဲ့ကြသည့် ဒုက္ခသည်များနှင့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မိသားစုဝင်များအတွက် ကရင် ပြည်နယ်အစိုးရက ပြန်လည်‌နေရာချထားသည့် စီမံကိန်းဖြစ်သည်။

အဆိုပါ မြို့သစ်စီမံကိန်းတွင် ‌မြေ‌နေရာသတ်မှတ်ပြီး လူ‌နေအိမ်‌ခြေများ တည်‌ဆောက်ပြီးစီး‌သော်လည်း လျှပ်စစ်မီး မရရှိသည့် အတွက်‌ကြောင့် ပြန်လည်‌နေထိုင်ကြသည့် ဒုက္ခသည်များအတွက် လျှပ်စစ်မီးမရခင် စပ်ကြားတွင် ဆိုလာစနစ်ဖြင့် တပ်ဆင်‌ပေး ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ဂျပန်အဖွဲ့နှင့် ‌ဆွေး‌နွေးတိုင်ပင်‌နေဆဲဖြစ်သည်ဟု လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်က ‌ပြော သည်။

ဝန်ကြီး ဦးစိုးလှိုင်က “ထိုုင်းဘက်မှာရှိတဲ့ လျှပ်စစ်ကို ဝယ်ယူမယ်။ အခု လက်ရှိမှာ‌တော့ ထိုင်းဘက်က စာချုပ်မူကြမ်းကို ‌စောင့် ‌နေပါတယ်။ နယ်စပ်‌ရေးရာ ဝန်ကြီးဌာနက‌နေပြီး‌တော့ လျှပ်စစ်မီးမရခင် ‌လော‌လောဆယ် ဆိုလာနဲ့သုံးလို့ရ‌အောင် ‌ဆွေး‌နွေး ထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် မတ်လအတွင်း လျှပ်စစ်မီးရရှိရန် ကြိုးစား‌နေသည်ဟု ‌ဖေ‌ဖော်ဝါရီလက ဝန်ကြီးဦးစိုးလှိုင်က ‌ပြောဆိုထား‌သော်လည်း ယခုအချိန်ထိ လျှပ်စစ်မီးမရရှိ‌သေး‌ပေ။ လျှပ်စစ်မီးရရှိမည်ဆိုပါက ပြန်လည်‌နေထိုင်ကြသည့် ဒုက္ခသည်ပြည်သူများအတွက် အလုပ်အကိုင်နှင့် တပိုင်တနိုင်လုပ်ငန်းများ စတင်လုပ်‌ဆောင်မည်ဟု ‌လေး‌ကေ‌ကော်မြို့သစ် လူငယ်တာဝန်ခံ ‌စောသန်းမြင့် ‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“လျှပ်စစ်က အခုထိ‌တော့ မရရှိ‌သေးဘူး။ ဒါ‌ပေမဲ့လို့ တာဝန်ရှိတဲ့ လူ‌တွေက‌တော့ ကြိုးစား‌နေတုန်းပဲလို့‌တော့ သိရတယ်။ ဆိုလာ စနစ်‌ပေး‌ဝေမယ့်ကိစ္စလည်း ကျ‌နော်တို့ မကြားမိ‌သေးပါဘူး။ လျှပ်စစ်မီးရရင်‌တော့ အလုပ်အကိုင်‌တွေလည်း ရရှိလာလိမ့်မယ်လို့ ‌တော့ ‌မျှော်လင့်တယ်”ဟု ‌ပြောသည်။

အဆိုပါ မြို့သစ်စီမံကိန်းသည် ၂၀၁၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလအထိ ဒုက္ခသည်များနှင့် ‌ကေအဲန်ယူအဖွဲ့ဝင် တပ်မိသားစုများ ပြန်လည် စု‌ပေါင်း‌နေထိုင်သူ လူဦး‌ရေ ၃,၂၀ဝဦးရှိသည်ဟု ‌လေး‌ကေ‌ကော် ပြန်လည်‌နေရာချထား‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ‌စော‌ဌေး မြင့်‌အောင်၏ ‌ပြောပြချက်အရ သိရသည်။ ၎င်းမြို့သစ်တွင် ပြန်လည်‌နေထိုင်ကြသူများ၏ ‌နေ‌ရေး၊ထိုင်‌ရေး အဆင်‌ပြေကြ‌သော် လည်း စားဝတ်‌နေ‌ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါး‌နေဆဲဖြစ်‌ကြောင်း မြို့သစ်တွင် ‌နေထိုင်သူများက‌ပြောသည်။

ယင်း‌လေး‌ကေ‌ကော်မြို့သစ်စီမံကိန်းသည် ‌ကေအဲန်ယူနှင့် ပြည်‌ထောင်စုအစိုးရတို့ ညှိနှိုင်း‌ဆောင်ရွက်မှုဖြင့် တည်‌ဆောက်ထား သည့် စီမံကိန်းဖြစ်ပြီး ၂၀၁၄ခုနှစ်၊ ဇွန်လအတွင်းက စတင်အ‌ကောင်အထည်‌ဖော်‌ဆောင်လာသည့် ၅နှစ်စီမံကိန်းဖြစ်သည်။ ထိုစီ မံကိန်းတွင် ‌မြေဧကအားဖြင့် ၁,၈၀ဝလျာထားကာ ၇၅၅ဧကကို အရစ်ကျ အ‌ကောင်အထည်‌ဖော်မည်ဖြစ်သည်။

ယခုအချိန်အတွင်း တန်ဖိုးနည်း အိမ်အလုံး ၆၅ဝလုံးကို တည်‌ဆောက်ထားပြီး သတ်မှတ်ထားသည့် အိမ်အလုံး ၁,၅၀ဝ တည် ‌ဆောက်ပြီးသွားပါက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ပြန်လာမည်ဟု ‌လေး ‌ကေ‌ကော် ပြန်လည်‌နေရာချထား‌ရေး‌ကော်မတီထံမှ သိရသည်။