Home သတင်း ‌ကေအဲန်ယူ ကွန်ဂရက်၏ ‌ရွေး‌ကောက်ပွဲရလဒ်အ‌ပေါ် နိုင်ငံတကာ ကရင်အဖွဲ့အစည်း သ‌ဘောထားထုတ်ပြန်

‌ကေအဲန်ယူ ကွန်ဂရက်၏ ‌ရွေး‌ကောက်ပွဲရလဒ်အ‌ပေါ် နိုင်ငံတကာ ကရင်အဖွဲ့အစည်း သ‌ဘောထားထုတ်ပြန်

2161

ဧပြီလ ၁၈ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ၁၆ကြိမ်‌မြောက် ကွန်ဂရက်အပြီး ထွက်‌ပေါ်လာသည့် ရလဒ်အ‌ပေါ် အာရှ-ပစိဖိတ်၊ ဥ‌ရောပ၊ ‌မြောက်အ‌မေရိကား စသည့်နိုင်ငံ‌ပေါင်း ၃၀‌ကျော်ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာကရင်အဖွဲ့အစည်း-IKO က အချက် ၇ချက်ပါ သ‌ဘောထားထုတ်ပြန်ချက်တစ်‌စောင်ကို ဧပြီလ ၁၇ရက်(ယမန်‌နေ့)က ထုတ်ပြန်လိုက်သည်။

အဆိုပါ သ‌ဘောထားထုတ်ပြန်ချက်အရ ‌ကေအဲန်ယူ ကွန်ဂရက်အပြီး ‌ရွေး‌ကောက်ခံခဲ့ရသည့် ‌ကေအဲန်ယူ၏ ထိပ်ပိုင်း‌ခေါင်း ‌ဆောင်များမှာ ကရင်တစ်မျိုးသားလုံး၏ အများသ‌ဘောဆန္ဒနှင့် ကိုက်ညီမှုမရှိခြင်းအ‌ပေါ် စိုးရိမ်မိ‌သော‌ကြောင့် ယခုလို ထုတ်ပြန် ရခြင်းဖြစ်‌ကြောင်း IKO ၏ ‌ပြောခွင့်ရသူ မန်း‌အော်လန်းဒိုက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

၎င်းက “ထွက်လာတဲ့ ရလဒ်အ‌ပေါ်မှာ အများကြီးစိုးရိမ်ပါတယ်။ ‌ကေအဲန်ယူရဲ့အင်အားက ကရင်တစ်မျိုးသားလုံးရဲ့ အား‌ပေး ‌ထောက်ခံမှု လိုအပ်တယ်။ အခုက ‌ရွေး‌ကောက်တင်‌မြှောက်လိုက်တဲ့ ညီလာခံက ကြည့်ရတာ တစ်ဖက်သတ်ကြီးဖြစ်တယ်။ ‌ကေ အဲန်ယူက လူအုပ်စုတစ်စုရဲ့အပိုင်တစ်ခု မဟုတ်ဘူး။ ကရင်တစ်မျိုးသားလုံး ပိုင်တယ်။״ဟု ‌ပြောသည်။

ထို့အပြင် လက်ရှိအသစ်တက်လာသည့် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များနှင့် ‌တော်လှန်‌ရေးသမားများအ‌နေဖြင့် ကရင့်‌တော်လှန် ‌ရေးအတွက် အသက်‌ပေးခဲ့သည့် အာဇာနည်များကို သစ္စာရှိသည့်အ‌နေဖြင့် ပြန်လည်လက်တွဲညီညွတ်ကြရန်လည်း တိုက်တွန်း လိုသည်ဟု မန်း‌အော်လန်းဒိုက ဆက်‌ပြောသည်။

မတ်လ ၁၄ရက်‌နေ့မှ ဧပြီလ ၉ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် ၁၆ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်၏ ‌ခေါင်း‌ဆောင်များ ‌ရွေး ‌ကောက်ပွဲတွင် ‌ကေအဲန်ယူ၏ ထိပ်ပိုင်း‌ခေါင်း‌ဆောင် ငါးဦး(ကြီးငါးကြီး)အဖြစ် ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ ဒုဥက္ကဌ ပဒို ‌စောကွယ်ထူးဝင်း၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမှူး၊ တွဲဘက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၁) ပဒို‌စောဆဲပွယ် (ခ) ‌စောစတိဗ်နှင့် တွဲဘက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်းတို့ကို လျှို့ဝှက်မဲစနစ်ဖြင့် ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြပြီး ကျန်ဗဟိုအလုပ်အမှု‌ဆောင်(CEC) ၆ဦးကိုလည်း ဗဟိုအမြဲတမ်း‌ကော်မတီဝင် ၅၅ဦးအထဲမှ ‌ရွေးချယ်တင်‌မြှောက်ခဲ့ကြသည်။

အဆိုပါ ကွန်ဂရက်၏ ‌ရွေး‌ကောက်ပွဲရလဒ်အရ ပြည်တွင်း၊ ပြည်ပ ကရင်များနှင့် ဘဝတူတိုင်းရင်းသားများ ‌မျှော်လင့်ထားသည့် ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်များ ပါဝင်လာခြင်းမရှိဘဲ ဗမာ့တပ်မ‌တော်‌ခေါင်း‌ဆောင်များနှင့် ရင်းနှီးကျွမ်းဝင်ကြသူများသာ တင် ‌မြှောက်ခံခဲ့ရသည်မှာ မဲအနိုင်ရအုပ်စုမှ ‌ကေအဲန်ယူ၏ ယခင် သက်တမ်း ၄နှစ်ကာလအတွင်း ရရှိထား‌သော အာဏာနှင့် လုပ်ပိုင် ခွင့်များကို အသုံးချကာ ၎င်းတို့စိတ်တိုင်းကျ ကိုယ်စားလှယ်များကို ‌ရွေးချယ်‌ခေါ်ယူခဲ့ခြင်းဖြစ်‌ကြောင်း IKO ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

၎င်းအပြင် IKO ၏ထုတ်ပြန်ချက်ထဲတွင် ဗမာ့(မြန်မာ့)တပ်မ‌တော်ဘက် တိမ်းညွတ်သူများနှင့် ၎င်းတို့ကြိုးဆွဲရာလိုက်ပါ လုပ်‌ဆောင်သူများဖြင့်သာ ပါဝင်ဖွဲ့စည်းထား‌သော ‌ခေါင်း‌ဆောင်မှုဖြစ်‌နေ၍ ကရင်တစ်မျိုးသားလုံးနှင့်ကရင့်‌တော်လှန်‌ရေး အနာဂတ်အတွက် များစွာ စိုးရိမ်ပူပန်မိ‌ကြောင်း၊ ကရင်‌တော်လှန်‌ရေး၏ အဆုံးစွန်‌သော ရည်မှန်းချက်ကို စွမ်း‌ဆောင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်‌ကြောင်းလည်း ‌ထောက်ပြထားသည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဖားအံမြို့အ‌ခြေစိုက် ကရင့်‌ရေးရာ‌ကော်မတီ-KAC အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက “သူတို့ (IKO)အ‌နေနဲ့က ကရင်အမျိုးသားအတွက် အရမ်းကိုပဲ စိုးရိမ်ပူပန်တာ များလွန်းပြီး‌တော့မှ သူတို့ခံစားချက်နဲ့ တင်ပြတာမျိုးလို့ မြင်မိတယ်။ ဘာဖြစ်လဲဆို‌တော့ ကရင်နိုင်ငံ‌ရေးဖြစ်‌ပေါ်မှုမှာ လူနှစ်စုခွဲမြင်လို့ ရတယ်။ တစ်စုက‌တော့ ကရင်တစ်မျိုးသားလုံး လိုလား‌တောင့်တတဲ့ နိုင်ငံ‌ရေးပန်းတိုင်မ‌ရောက်မှာကို အရမ်းစိုးရိမ်တဲ့အုပ်စုနဲ့ ကျန်တစ်ဖွဲ့က အဲ့လိုမဟုတ်ဘဲနဲ့ ကရင်တစ်မျိုး သားလုံးရဲ့ပန်းတိုင်ကိုမမြင်ဘဲနဲ့ ကရင်အမျိုးသားထုရဲ့ သိပ်မ‌ဝေး‌သောအနာဂတ်ကိုပဲ လှမ်းမြင်လိုက်တာမျိုး မြင်ရတာ‌ပေါ့။״ဟု သုံးသပ်‌ပြောဆိုသည်။

ထို့အပြင် မကြာ‌သေးခင်က ကျင်းပပြီးစီးခဲ့သည့် ‌ကေအဲန်ယူ၏ ၁၆ကြိမ်‌မြောက် ကွန်ဂရက်တွင် IKO အဖွဲ့၏ ကိုယ်စားအ‌နေဖြင့် ‌လေ့လာသူ ၈ဦး တက်‌ရောက်ခွင့်ရရှိခဲ့ပြီး လက်ရှိ ‌ကေအဲန်ယူအဖွဲ့၏ ရပ်တည်မှုနှင့် ၎င်းတို့ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များအ‌ပေါ် ‌ထောက်ပြ‌ဝေဖန် ‌ဆွေး‌နွေးခဲ့‌သေး‌ကြောင်း ကွန်ဂရက်တက်‌ရောက်သူများ၏ ‌ပြောပြချက်အရ သိရသည်။

IKO-နိုင်ငံတကာ ကရင်အဖွဲ့အစည်းကို ၂၀၁၄ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ခုနှစ်က ဇန်နဝါရီလ ၁၂ရက် ‌နေ့တွင် စတင်ခဲ့သည့် ‌ကေအဲန်ယူ၏ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ‌ဝေဖန်‌ထောက်ပြသည့် သ‌ဘော ထားထုတ်ပြန်ချက်များကို မကြာခဏ ထုတ်ပြန်‌လေ့ရှိသည်။