Home သတင်း ‌ကေအဲန်ယူ၏ ဒုတိယ‌နေ့ ‌ရွေး‌ကောက်ပွဲတွင် ဗဟို‌ကော်မတီဝင် ၅၅ ဦးကို ဆက်လက်‌ရွေးချယ်

‌ကေအဲန်ယူ၏ ဒုတိယ‌နေ့ ‌ရွေး‌ကောက်ပွဲတွင် ဗဟို‌ကော်မတီဝင် ၅၅ ဦးကို ဆက်လက်‌ရွေးချယ်

1761

ဧပြီ ၇ ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ ဖားအံခရိုင် ၊ ‌လေးဝါးစခန်းတွင် ယမန် ‌နေ့ကတည်းက စတင်ကျင်းပ‌နေသည့် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်သစ် ‌ရွေး‌ကောက်ပွဲတွင် ဗဟို ‌ကော်မတီဝင်‌လောင်း ၆ဝ ဦးကို အတည်ပြုနိုင်ပြီးဖြစ်၍ ယ‌နေ့ (ဧပြီ ၇ရက်) နံနက်ပိုင်းတွင် ဗဟို‌ကော်မတီဝင် ၅၅ ဦးကို ဆက်လက် ‌ရွေးချယ်လျှက်ရှိသည်ဟု သိရသည်။

ယမန်‌နေ့က ကျင်းပသည့် ဗဟို‌ကော်မတီဝင်‌လောင်း ၆ဝ ဦးအတွက် လျှို့ဝှက်မဲစနစ်ဖြင့် မဲ‌ရွေးချယ်ရာတွင် မဲ ‌ပေးသူ ၂၁၇ ဦးမှ ပယ်မဲ ၆ မဲ၊ ခိုင်လုံမဲ ၂၁၁ မဲဖြင့် ‌ရွေးချယ်ခဲ့‌သော်လည်း ကိုယ်စားလှယ်‌လောင်း ၄ ဦးမှာ မဲ အ‌ရေအတွက်တူညီသည့်အတွက် ယ‌နေ့နံနက် အ‌စောပိုင်းတွင် ပြန်လည်‌ရွေးချယ် အတည်ပြုနိုင်ခြင်းဖြစ် သည်။

လက်ရှိ ‌ကေအဲန်ယူ ‌ရွေး‌ကောက်ပွဲတွင် ဗဟို‌ကော်မတီဝင် ၅၅ ဦး‌ရွေး ‌ကောက်သွားမည်ဖြစ်‌သော်လည်း ‌ကေအဲန်ယူ ခရိုင်အဆင့် ကွန်ဂရက်များမှ ခရိုင်ဥက္ကဌ အဖြစ်‌ရွေး‌ကောက်ခံရသူ ၇ ဦးနှင့် ခရိုင် ၇ ခုရှိ တပ်မဟာ မှူး ၇ ဦးတို့ အပါအဝင် စုစု‌ပေါင်း ၁၄ ဦးတို့မှာ ဖွဲ့စည်းပုံအရ အလိုအ‌လျောက် ဗဟို‌ကော် မတီဝင်များ အဖြစ်ရှိ‌နေကာ ကျန်ဗဟို‌ကော်မတီဝင် ၄၁ဦးအတွက်သာ ‌ရွေးချယ်ရမည်ဖြစ်သည်။

‌ကေအဲန်ယူ၏ ‌ရွေး‌ကောက်ပွဲ အစီအစဉ်အရ ‌ရွေး‌ကောက်ခံရသည့် ဗဟို‌ကော်မတီဝင် ၅၅ ဦးသည် ဩဇာအကြီးဆုံးဖြစ်သည့် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်၊ တွဲဘက်အတွင်း‌ရေးမှူး ၁၊ ၂ တို့ကို ပြန်လည် ‌ရွေးချယ်မည်ဖြစ်သည်။

ထို့‌နောက် အ‌ရွေးခံရသည့် ကြီး ၅ကြီးမှ ‌နောက်ထပ် ၄ နှစ်သက်တမ်းအတွက် ဦး‌ဆောင်သွားမည့် ဗဟို အလုပ်အမှု‌ဆောင် ‌ကော်မတီဝင် ၁၁ ဦးနှင့် ‌ကေအဲန်ယူ၏ ဌာနဆိုင်ရာ တာဝန်ခံများကို ပြန်လည်‌ရွေးချယ်သွားမည်ဖြစ်သည်။

ယ‌နေ့ ‌ရွေး‌ကောက်ပွဲတွင် အများက စိတ်ဝင်တစား‌စောင့်ကြည့်‌နေကြသည့် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်၊ တွဲဘက်အတွင်း‌ရေးမှူး ၁၊ ၂တို့ကို ‌ရွေးချယ်တင်‌မြှောက်နိုင်ဖွယ်ရှိသည်ဟု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် တာဝန်ရှိသူထံမှ သိရသည်။