Home သတင်း အသက် ၉၀‌ကျော် ဘိုးဘွားများအား တစ်လလျှင် ကျပ်တစ်‌သောင်းနှုန်း အစိုးရမှ ‌ထောက်ပံ့မည်

အသက် ၉၀‌ကျော် ဘိုးဘွားများအား တစ်လလျှင် ကျပ်တစ်‌သောင်းနှုန်း အစိုးရမှ ‌ထောက်ပံ့မည်

1624

ဧပြီ ၂၁ရက်၊ ၂၀၁၇ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်ရှိ အသက် ၉၀‌ကျော် အဘိုးအဘွားများကို တစ်လလျှင် ကျပ်တစ်‌သောင်းနှုန်းနှင့် လူမှု‌ရေးနှင့် ကယ်ဆယ်‌ရေးဌာ နမှ လူမှု‌ရေးပင်စင်ဖြင့် ဧပြီလမှစ၍ ‌ထောက်ပံ့‌တော့မည်ဖြစ်‌ကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

အဆိုပါ အဘိုးအဘွားများအား ‌ထောက်ပံ့‌ကြေးရရှိရန်အတွက် အသက်အ‌ထောက်အထားများ အတိအကျသိရှိရန် အိမ်‌ထောင်စု စာရင်း၊ သက်ရှိထင်ရှားဓာတ်ပုံနှင့် နိုင်ငံသားစိစစ်‌ရေးကဒ်(မှတ်ပုံတင်) လိုအပ်သည်ဟု ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒု-ညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက ယခုလို ‌ပြောသည်။

“ညီအစ်ကို ‌မောင်နှမအားလုံး ကိုယ့်အဘိုးအဘွား‌တွေကို မှတ်ပုံတင်ရ‌အောင် လုပ်ထား‌စေချင်တယ်။ မှတ်ပုံတင်ရှိမှ ရမယ်လို့ ‌တော့ မဟုတ်ဘူး။ ရှိရင်‌တော့ မြန်မြန်ဆန်ဆန် ပိုက်ဆံထုတ်‌ပေးရတာ လွယ်လိမ့်မယ်။ မှတ်ပုံတင်ထဲမှာ အသက် ၉ဝပြည့်ပြီး သိတာနဲ့ ‌ပေးကို‌ပေးရမှာဖြစ်တယ်။ ၁နှစ်ကို အစိုးရ‌ထောက်ပံ့‌ငွေ ၁သိန်း ၂‌သောင်းရမယ်။ ဒါကိုရဖို့ သားသမီး‌မြေး‌တွေမှာ တာ ဝန်ရှိတယ်။ ဒါ‌ကြောင့် ကိုယ့်ဘိုးဘွားမှတ်ပုံတင်မရှိရင် သက်ဆိုုင်ရာ လဝက‌တွေနဲ့ဆက်သွယ်ပါ”ဟု ဦး‌ဇော်မင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ လက်ရှိ ‌ကောက်ယူထားသည့်စာရင်းအရ လက်ရှိ ပြည်နယ်အတွင်း အသက် ၉၀‌ကျော် အဘိုးအဘွား ၆၅ဝဦးရှိသည့်အနက် ၂၀၀‌ကျော်မှာ မှတ်ပုံတင်မရှိသလို ‌ဝေးလံသည့်‌ဒေသများ၌လည်း ရှိ‌နေအုံးမည်ဖြစ်သည်ဟု ဦး‌ဇော်မင်းက ‌ပြောသည်။

အသက် အ‌ထောက်အထားများအတွက်၂၀၁၇ခုနှစ်၊ မတ်လ ၃၁ရက်‌နေ့တွင် အသက် ၉ဝပြည့်ရမည်ဖြစ်ပြီး တစ်လလျှင် ၁‌သောင်းနှုန်း ‌ထောက်ပံ့မည်ဖြစ်၍ ၃လတစ်ကြိမ် ထုတ်‌ပေးသွားမည်ဖြစ်‌ကြောင်း ၎င်းက ‌ပြောသည်။

ဖားအံမြို့နယ်၊ ‌ထောင်ဝိရွာတွင် ‌နေထိုင်သည့် အသက် ၈၆နှစ်အရွယ် ဖီ့ထားထူက“ ဒီလို‌ထောက်ပံ့မယ်ကြား‌တော့ ဝမ်းသာပါ တယ်။ အဘွားက ၉၀‌တော့ မပြည့်‌သေးဘူး။ အသက် ၉၀‌ကျော်လူ‌တွေလည်း သိပ်မှမရှိ‌တော့တာ။ အဘွားတို့ ၈၀‌ကျော်လည်း ဘာမှမထူးဘူး။ တူတူပဲ အလုပ်မလုပ်နိုင်‌တော့ဘူး။ ‌ဆေးဖိုးက လတိုင်း ကုန်တာ‌ပေါ့။ တစ်လကို ‌ဆေး၂လုံး‌လောက်သွင်းရပြီး တကယ့်လို့ ၈၀‌ကျော် လူ‌တွေကို ‌ထောက်ပံ့နိုင်ရင်‌တော့ ‌ကောင်းတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ‌ထောက်ပံ့‌ပေးခြင်းသည် လူမှုဝန်ထမ်းနှင့် ပြန်လည်‌နေရာချထား‌ရေး ဦးစီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ မြန်မာနိုင်ငံ၏ လူမှုကာကွယ်‌စောင့်‌ရှောက်‌ရေး အမျိုးသားအဆင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပ‌ဒေအရ အသက် ၉၀‌ကျော်ပြည့်သူတိုင်း သည် သက်ဆိုင်ရာ ‌ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးမှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ ဆက်သွယ်အ‌ကြောင်းကြားနိုင် သည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။