Home သတင်း အလယ်တန်းနှင့် မူလတန်းအဆင့်စာ‌မေးပွဲ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ ရာနှုန်းပြည့် ‌အောင်ချက်‌ကောင်း

အလယ်တန်းနှင့် မူလတန်းအဆင့်စာ‌မေးပွဲ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ ရာနှုန်းပြည့် ‌အောင်ချက်‌ကောင်း

2416

ဧပြီ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

မတ်လ၂၃ ရက်‌နေ့တွင် အစိုးရက ထုတ်ပြန်ခဲ့သည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အလယ်တန်းနှင့် မူလတန်း အဆင့် အစိုး ရစစ် စာ‌မေးပွဲတွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်‌ဒေသရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၃၆ ‌ကျောင်းမှ စာစစ်ဌာနသုံးခု တွင် ‌ဖြေဆိုခဲ့ သည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသူ၊ ‌ကျောင်းသားများမှာ ယခုနှစ်တွင် ရာနှုန်းပြည့်‌အောင်ချက်‌ကောင်း‌ကြောင်း မြန်မာ‌ရွှေ့ ‌ပြောင်းပညာ‌ရေးတာဝန်ရှိသူများက ‌ပြောသည်။

ဆာသူး‌လေ၊ ‌သွေးသစ်နှင့် ပါရမီ‌ကျောင်း စာစစ်ဌာန သုံးခု၌ ယခုနှစ်ပညာသင်နှစ်တွင် ‌ကျောင်းသူ၊ ‌ကျောင်းသား‌ပေါင်း ၅၀၀‌ကျော် ဝင်‌ရောက်‌ဖြေဆိုရာ စာစစ်ဌာနတိုင်းတွင် ‌ဖြေဆိုသူအားလုံး နီးပါး‌အောင်မြင်ခဲ့ပြီး ‌ဖြေဆိုသူအချို့သာ ကျရှုံးခဲ့ ‌ကြောင်း မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများပညာ‌ရေး‌ကော်မတီ-BMWEC၏ ရုံးညွှန်ကြား‌ရေးမှူး လည်းဖြစ်၊ ဆာသူး‌လေ ‌ကျောင်းအုပ်ဖြစ်သူ‌နော်ဆာအယ်က ‌ပြောသည်။

သူမက “ဒီနှစ် ကျမတို့ ဆာသူး‌လေ စာစစ်ဌာနမှာ စတုတ္ထတန်းက ၂၂၂ ဦးဝင်‌ဖြေတာ အကုန်‌အောင်တယ်။ အဌမတန်းက ၇၈ ဦးဝင်‌ဖြေတာ ၆၁ ဦး‌အောင်တယ်။ စတုတ္ထတန်းက ရာနှုန်းပြည့်‌အောင်တာ‌ပေါ့။ အဌမတန်းက ၇၈ ရာခိုင်နှုန်းသာသာပဲ ‌အောင်တယ်‌ပြောရမှာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆာသူး‌လေ‌ကျောင်း စာစစ်ဌာန၌ ယခင်နှစ်က ‌ကျောင်း‌ပေါင်း၂ဝ မှ စတုတ္ထတန်း၂၁၇ ဦးနှင့် အဌမတန်း ၄၈ဦး စုစု‌ပေါင်း ၂၆၅ ဦး ဝင်‌ရောက်‌ဖြေဆိုခဲ့ပြီး ၂၆၁ ဦး ‌ဖြေဆို‌အောင်မြင်ခဲ့ကာ ယခုနှစ်တွင် ‌ကျောင်း‌ပေါင်း ၁၉ ‌ကျောင်းမှ စတုတ္ထနှင့် အဌ မတန်းမှ‌ကျောင်းသူ၊ ‌ကျောင်သား‌ပေါင်း ၃၀ဝ ဦးဝင်‌ရောက် ‌ဖြေဆိုခဲ့ရာ ၂၈၃ ဦး‌ဖြေဆို ‌အောင်မြင်ခဲ့သည်ဟု ဆာသူး ‌လေ ‌ကျောင်းတာဝန်ရှိသူထံမှ သိရသည်။

‌သွေးသစ်‌ကျောင်း၏ ဒု-‌ကျောင်းအုပ် ‌နော်မာချိုက “ဒီနှစ်‌သွေးသစ်‌ကျောင်းစာစစ်ဌာနမှာ‌ကျောင်း ၅ ‌ကျောင်းလာ‌ဖြေတာ စတုတ္ထတန်းမှာ စုစု‌ပေါင်း ၇၁ ‌ယောက်‌ဖြေတာ ၇၁ ‌ယောက်လုံး‌အောင်တယ်။ အဌမတန်းမှာလည်း ၃၅‌ယောက်‌ဖြေတာ ၃၅ ‌ယောက်လုံးပဲ‌အောင်တယ်။ မနှစ်ကနဲ့စာရင် ဒီနှစ်က‌တော့ ရာနှုန်းပြည့်‌အောင်တယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် နယ်စည်းမခြားကူညီ‌စောင့်‌ရှောက်‌ရေးအဖွဲ့-HWF၏ အစီအစဉ်‌အောက်ရှိ ပါရမီ‌ကျောင်းစာစစ်ဌာန၌ ယခုနှစ်တွင် ‌ကျောင်း‌ပေါင်း ၁၂ ‌ကျောင်းမှ စတုတ္ထတန်းတွင် ၁၂၄ ဦး နှင့် အဌမတန်းတွင် ၂၃ ဦး စုစု‌ပေါင်း ၁၄၇ ဦးဝင်‌ရောက်‌ဖြေဆိုရာ တွင် ၁၄၇ဦးလုံး ရာနှုန်းပြည့်‌ဖြေဆို‌အောင်မြင်ခဲ့သည်ဟု HWF ထံမှ သိရသည်။

မဲ‌ဆောက်‌ဒေသ၏ မဲ‌ဆောက်၊ မယ်လမတ် နှင့်ဖုတ်ဖရမြို့နယ်သုံးမြို့နယ်၌ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ သား သမီးများအတွက် ဖွင့်လှစ်ထားသည့် ‌ကျောင်း‌ပေါင်း ၇၄ ‌ကျောင်းရှိရာမှ ‌ထောက်ပံ့‌ရေး အခက်အခဲများ‌ကြောင့် ၆၃ ‌ကျောင်းသာကျန်ရှိပြီး နှစ်နိုင်ငံ အစိုးရတို့၏ အသိအမှတ်ပြုမှုမခံထားရသည့် ‌ကျောင်းသူ၊ ‌ကျောင်းသား‌ပေါင်း နှစ် ‌သောင်းဝန်းကျင် ပညာသင်ယူ‌နေသည်ဟု မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းတာဝန်ရှိသူများက ဆိုသည်။

မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းများအ‌နေဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထတန်း၊ အဌမတန်းနှင့် တက္ကသိုလ်ဝင်တန်း အစိုးရစစ် စာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုခွင့်ကို ယခင် ၂၀၁၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲအဆင့်မှ စတင်‌ဖြေဆိုခွင့်ရခဲ့ပြီး မူလတန်းနှင့် အလယ်တန်း‌ဖြေဆိုခွင့်ကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။