Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1819

‌ခေါင်း‌ဆောင်‌ကောင်းများ လိုချင်သည်

ယခုနှစ်ဦးပိုင်း လတ်တ‌လောကာလတွင် ကရင်အမျိုးသားများအကြား လူ‌ပြောသူ‌ပြော အများဆုံးကိစ္စမှာ ‌ခေါင်း‌ဆောင်‌ကောင်း များ လိုချင်သည်ဟူ‌သော စကားပင် ဖြစ်သည်။ ယင်းက ပြီးခဲ့သည့် မတ်လတွင် ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ၁၆ကြိမ်‌မြောက် ကွန်ဂရက်ကျင်းပကာ ‌နောက်‌လေးနှစ် သက်တမ်းအတွက် ‌ခေါင်း‌ဆောင်များ‌ရွေးချယ်မှု ပြုလုပ်မည့်အ‌ပေါ် စိတ်ဝင်တစား ‌ပြောဆိုခြင်းဖြစ်သလို ထိုကွန်ဂရက်မှ ဧပြီလ ၈ရက်‌နေ့တွင် ‌ခေါင်း‌ဆောင်သစ်များကို ‌ရွေး‌ကောက်တင်‌မြှောက် လိုက်ပြီးဖြစ်သည်။

‌ခေါင်း‌ဆောင်‌ကောင်းများကို လိုချင်ရသည့် အဓိကအ‌ကြောင်းရင်းမှာ အရည်အချင်းပြည့်ဝသူ ‌ခေါင်း‌ဆောင်၏ ဦး‌ဆောင်မှုဖြင့် ‌အောင်ပွဲရရှိနိုင်သည်ဟု ယုံကြည်ထား၍ ဖြစ်သည်။ အမှန်စင်စစ် ‌ခေါင်း‌ဆောင်‌ကောင်း ဟူသည် အခွင့်ထူးခံ မဟုတ်။ မိမိအဖွဲ့အ စည်း၊ ပြည်သူ၊ လုပ်‌ဖော်ကိုင်ဖက်၊ ရဲ‌ဘော်ရဲဘက်များအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ရဲစွမ်းသတ္တိ ပြည့်စုံစွာ၊ ဉာဏ်ပညာ အ‌မျှော်အမြင်ရှိစွာ တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ဖြင့် ပန်းတိုင်သို့‌ရောက်‌အောင် ဦးစီးလုပ်‌ဆောင်နိုင်သူများကိုသာ ‌ခေါင်း‌ဆောင် ‌ကောင်းဟု ဆိုနိုင်သည်။

အထူးသဖြင့် မိမိ‌ခေါင်း‌ဆောင်မှု‌ကြောင့် စည်းလုံးညီညွှတ်မှု ပျက်ပြား‌စေခြင်းကို အထူးသတိထားသင့်သည်။ ‌ခေါင်း‌ဆောင်ဖြစ်စဉ် ကာလ လူမှုအဖွဲ့အစည်းအတွက် မကြည့်ဘဲ ကိုယ်ကျိုးရှာခဲ့ခြင်းဖြင့် လူ့အသိုင်းအဝိုင်း၏ လက်မခံနိုင်မှု၊ ဆန့်ကျင်မှုနှင့် မုန်းတီးမှု သာ ရရှိခဲ့သည့် ‌ခေါင်း‌ဆောင်များလည်း ရှိခဲ့ဖူးသည်ကို‌တွေ့နိုင်သလို ‌ခေါင်း‌ဆောင်မှု အရည်အချင်း မပြည့်ဝသဖြင့် သူတစ်ပါး ကြိုးဆွဲရာလိုက်ရပြီး ထီးနန်းစွန့် သမိုင်းမလှသည့် ‌ခေါင်း‌ဆောင်းများလည်း ရှိခဲ့ဖူးသည်။

သို့‌သော် ကမ္ဘာကိုကိုင်လှုပ်နိုင်သည့် ‌ခေါင်း‌ဆောင်‌ကောင်းများ ‌ခေတ်အဆက်ဆက် ထွက်‌ပေါ်လာခဲ့သည်ကို သမိုင်းတွင် ‌တွေ့ရ မည်ဖြစ်သည်။ ဥပမာအားဖြင့် အိနိ္ဒယနိုင်ငံမှ ပါကစ္စတန်နိုင်ငံ ‌ပေါ်‌ပေါက်လာရန် ဦး‌ဆောင်ခဲ့သူ မိုဟာမက်ဂျင်းနား၊ သာမန် ကျွန်း နိုင်ငံ‌လေးကို ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်‌အောင် တည်‌ထောင်ခဲ့သူ စင်ကာပူ ‌ခေါင်း‌ဆောင်ကြီးလီကွမ်းယု စသဖြင့် နယ်ပယ်စုံတွင် ‌ခေါင်း‌ဆောင်‌ကောင်းများ ‌ပေါ်ထွက်လာခဲ့သည် ‌တွေ့နိုင်သည်။

အလားတူ ကရင့်အမျိုးသား‌တော်လှန်‌ရေးတွင်လည်း အာဇာနည်ပုဂ္ဂိုလ် ‌စောဘဦးကြီးကဲ့သို့ စည်းစိမ်ချမ်းသာများကို စွန့်လွှတ်ပြီး အမျိုးသား‌ရေးအတွက် အနစ်နာခံ တာဝန်ထမ်း‌ဆောင်ခဲ့သူများ၊ ‌တော်လှန်‌ရေး စနစ်တကျဖြစ်‌စေ‌ရေးအတွက် အဖက်ဖက်မှ ပြန် လည်ထူ‌ထောင်လမ်းစဉ်ချ‌ပေးခဲ့သူ ဥက္ကဌကြီး မန်းဘဇံကဲ့သို့ ‌ခေါင်း‌ဆောင်များ ‌ပေါ်ထွက်ခဲ့ဘူးသည်။ သို့‌သော် ‌တော်လှန်‌ရေး ခရီး လမ်းခုလတ်မှပင် ‌ကျောခိုင်းသွားပြီး သမိုင်းမလှခဲ့သည့် ‌ခေါင်း‌ဆောင်များလည်း ၁၉၆၀‌ကျော်‌နောက်ပိုင်းကာလများတွင် ‌တွေ့ရမည်ဖြစ်သည်။

လက်ရှိ ‌ခေတ်‌ရေစီး‌ကြောင်းအရ ကမ္ဘာ့နိုင်ငံ‌ရေး အလားအလာ၊ မြန်မာ့နိုင်ငံ‌ရေး အ‌ခြေအ‌နေအရ လူမျိုးစုများအ‌နေဖြင့် မိမိကံ ကြမ္မာ ကိုယ်တိုင်ဖန်တီးခွင့်၊ ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးလမ်း‌ကြောင်း‌ပေါ်သို့ အစပြုနိုင်သည့် လမ်းစများရှိလာသလို ကရင်အမျိုးသားများ အမျိုးသားနိုင်ငံ‌ရေး နိုးကြားမှု တဖန် ထွက်‌ပေါ်လာသည်ကို ‌တွေ့နိုင်မည်ဖြစ်သည်။ ထိုအ‌ခြေအ‌နေများကို အဖက်ဖက်မှ သုံးသပ်ကာ အမျိုးသားစုစည်းညီညွတ်မှု၊ ဒီမိုက‌ရေစီဖက်ဒရယ်အ‌ရေးအတွက် အင်အားစုအသီးသီးနှင့် ညီညွတ်မှု တည်‌ဆောက်ကာ နိုင်ငံ‌ရေးအရ ဦး‌ဆောင်မှု‌ပေးနိုင်သူများဖြစ်ရန် ကွန်ဂရက်မှ ‌ရွေး‌ကောက်တင်‌မြှောက်လိုက်သည့် ‌ခေါင်း ‌ဆောင်များအ‌နေဖြင့် ကြိုးပမ်းလုပ်ကိုင်သွားရမည် ဖြစ်သည်။

ထို့‌ကြောင့် ကိုယ်ကျိုးစွန့် အနစ်နာခံ၊ ရိုးသားမှု၊ တာဝန်ခံ ဉာဏ်ပညာပြည့်ဝမှု စသည့်‌ခေါင်း‌ဆောင်‌ကောင်း အဂင်္ါရပ်များနှင့်အညီ ၁၆ကြိမ်‌မြောက်ကွန်ဂရက်မှ ‌ရွေး‌ကောက်တာဝန်‌ပေးခြင်းခံရသည့် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များအ‌နေဖြင့် အနယ်နယ် အရပ်ရပ် မှ ကရင်အမျိုးသားများအတွက် လိုအပ်‌နေသည့် ‌ခေါင်း‌ဆောင်မှုကွက်လပ်ကို ဖြည့်ဆည်းကာ ပန်းတိုင်သို့ ဦး‌ဆောင်တက်လှမ်း သွားရန် တိုက်တွန်းလိုပါသည်။