Home ဆောင်းပါး အမျိုးသမီးပါဝင်မှု ‌နောက်ပြန်လှည့်သွားသည့် ကရင့်အမျိုးသားနိုုင်ငံ‌ရေး

အမျိုးသမီးပါဝင်မှု ‌နောက်ပြန်လှည့်သွားသည့် ကရင့်အမျိုးသားနိုုင်ငံ‌ရေး

1836

(မလိခ)

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ ‌နောင်လာမယ့် (၄)နှစ်အတွင်းမှာ ဦး‌ဆောင်မယ့် ‌ခေါင်း‌ဆောင်သစ်စာရင်း ထွက် ‌ပေါ်လာတဲ့အခါ ‌ကေအဲန်ယူရဲ့ (၁၆)ကြိမ်‌မြောက်ညီလာခံကို ‌စောင့်ကြည့်‌နေကြသူ အများအပြား တအံ့တဩဖြစ်ခဲ့ကြရပါတယ်။

ယခင်က ကြီးငါးကြီးလိုု့‌ခေါ်တဲ့ ထိပ်တန်း‌ခေါင်း‌ဆောင် (၅)ဦးမှာပါခဲ့တဲ့အထဲက (၃)ဦးဟာ ထိပ်ပိုင်း‌ခေါင်း‌ဆောင်‌နေရာ‌တွေမှာ သာမကဘဲ ဗဟို‌ကော်မတီ(၅၅)ဦး စာရင်းမှာ‌တောင် မပါဘဲ ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ ‌ကေအဲန်ယူအတွင်း အုပ်စုနှစ်စုအားပြိုင်မှု ရဲ့ ရလဒ်‌တွေဖြစ်တယ်လို့ လူအများက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ (၁၅)ကြိမ်‌မြောက် ညီလာခံမှာကတည်းက ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်ပိုင်းမှာ ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး ပါဝင်တဲ့ အုပ် စုနဲ့ ဒု-ဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်အုပ်စုဆိုပြီး အုပ်စုနှစ်စုအားပြိုင်မှု‌တွေ ရှိ‌နေတယ်လို့ အများက မြင်ခဲ့ကြတာပါ။ ဒီလို အုပ်စုအား ပြိုင်မှု‌တွေက ‌ကေအဲန်ယူအတွင်း အမျိုးသမီး‌တွေ ဦး‌ဆောင်မှု‌နေရာ ပါဝင်မှုကိုလည်း စ‌တေးရသလို ဖြစ်ခဲ့တယ်ဆိုတာ ဖြစ်စဉ် ‌တွေက ‌ဖော်ပြ‌နေပါတယ်။

ဒါဟာ အမျိုးသမီး‌တွေအတွက်‌တော့ ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO)ရဲ့ အ‌ထွေ‌ထွေအတွင်း ‌ရေးမှူး ‌နော်က‌ညော‌ဖောက ‌ပြောပါတယ်။
“တကယ့်အ‌တွေ့အကြုံ‌တွေရှိတဲ့ ‌နော်စီဖိုးရာစိန်လို ‌ခေါင်း‌ဆောင်မျိုး မပါလာတာက နှ‌မျောစရာ‌ပေါ့‌နော်။ ကျမတို့ အမျိုးသမီး‌တွေ အတွက် ရှုံးတယ်။ သူက အနှစ်(၄၀)‌ကျော်‌တောင် လုပ်လာတဲ့သူ၊ သူမပါလာတာ‌တော့ စိတ်မ‌ကောင်းဘူး။ အခု‌တော့ အမျိုး သမီး (၅)ဦး‌တော့ ပါလာတယ်။ တစ်‌ယောက်က‌တော့ အသက်ငယ်ပြီး အ‌တွေ့အကြုံ မရှိ‌သေးဘူး”

‌ကေအဲန်ယူ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေမှာ အဆင့်ဆင့်‌ခေါင်း‌ဆောင်မှု‌တွေမှာ အမျိုးသမီး‌တွေ အနည်းဆုံး ၃ဝ ရာခိုင်နှုန်း ပါဝင်ရမယ် လို့ မူအရ ချမှတ်ထားပါတယ်။ ဒါ‌ပေမယ့် ဒါဟာ လက်‌တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။ အရင် (၁၅)ကြိမ်‌မြောက် ညီလာခံသက်တမ်းအ တွင်းမှာ ဗဟိုအမြဲတမ်း‌ကော်မတီဝင် (၄၅)ဦးရှိခဲ့တဲ့အနက် အမျိုးသမီး (၃)ဦးသာ ပါဝင်ခဲ့ပါတယ်။

အခု ကျင်းပပြီးသွားတဲ့ (၁၆)ကြိမ်‌မြောက် ညီလာခံမှာ‌တော့ ဗဟိုအမြဲတမ်း‌ကော်မတီဝင် (၅၅)ဦးထားရှိဖိုု့ ဆုံးဖြတ်ခဲ့‌ပေမယ့် အမျိုးသမီးပါဝင်မှုကို‌တော့ အနည်းဆုံး (၃)ဦးလို့သာ ဆက်လက် သတ်မှတ်ခဲ့ပါတယ်။

ဖွဲ့စည်းပုံမှာ မူအရ အမျိုးသမီး ၃ဝရာခိုင်နှုန်း ပါဝင်ရန် သ‌ဘောတူညီပြီး‌နောက် အမျိုးသမီး (၇)ဦးအထိ မဖြစ်မ‌နေထည့်သွင်းရန် အမျိုးသမီး‌တွေရဲ့ ‌တောင်းဆိုချက်ကို မဲခွဲဆုံးဖြတ်ခဲ့တယ်လို့ ‌နော်က‌ညော‌ဖောက ‌ပြောပါတယ်။
“အမှန်ဆိုရင် ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေအတွက်က တိုးလာတာမို့ ကျမတို့ အမျိုးသမီး ပါဝင်ဖို့ ပိုပြီးများလာရမယ်‌လေ။ ဒါ ‌ကြောင့် အမျိုးသမီးက (၁၂)‌ယောက် အနည်းဆုံးပါရမယ်။ ဒါ‌ပေမဲ့ အနည်းဆုံး (၇)‌ယောက်‌တော့ ပါဝင်ရမယ်ဆိုပြီး ကျမတို့က တင်ပြတာ မရဘူး‌လေ။ ‌နောက်ဆုံး မဲခွဲ‌တော့ အရင်အတိုင်းပဲ (၃)ဦးပဲ ဖြစ်သွားတယ်”

ဒီညီလာခံမှာ အုပ်စုအားပြိုင်မှု‌တွေရှိခဲ့ပြီး ပြည်ပ‌ရောက် ကရင်အမျိုးသား‌တွေကိုလည်း ကိုယ်စားလှယ်မဟုတ်ဘဲ ‌လေ့လာသူအ ဖြစ်သာ တက်‌ရောက်ခွင့်ပြုခဲ့တယ်လို့ ‌နော်ဘလူးမင်းနိုက်ဇန်က ‌ပြောပါတယ်။
“အမှန်က ဖွဲ့စည်းပုံထဲမှာ အဖွဲ့ဝင်တိုင်းဟာ သုံးသပ်‌ဝေဖန်အကြံပြုနုိုင်တယ်‌ပေါ့။ ဒါ‌ပေမဲ့ အဲဒီမှာ မမှန်ဘူးဆိုရင် ‌ခေါင်း‌ဆောင် လုပ်တဲ့လူ‌တွေအ‌နေနဲ့က ပြန်ပြီး‌တော့ ရှင်းလင်းချက်ရှိရတာ‌ပေါ့‌နော်။ အခုက ရှင်းလင်းချက် မရှိတဲ့အခါကျ‌တော့ အပြစ်လိုမျိုး နှစ်ဖက်စလုံး ဖြစ်သွားတယ်‌ပေါ့‌နော်။ ဒါ‌ပေမဲ့ နားလည်နိုင်‌အောင်‌တော့ အချင်းချင်းစိတ်ဝမ်းကွဲတာ‌တော့ မဟုတ်ဘူး။ စိတ်မ ‌ကောင်းကြတာ‌တော့ တကယ်ဖြစ်သွားတာ‌ပေ့ါ”

‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီဝင်တစ်ဦးဖြစ်သူ မန်းငြိမ်း‌မောင်က‌တော့ အမျိုးသမီး‌တွေအ‌နေနဲ့ (၃၀)ရာခိုင်နှုန်း ပါဝင်ဖို့ အများကြီး ကြိုးစားဖို့ လို‌နေ‌သေးတယ်လို့ ‌ပြောပါတယ်။
“အမျိုးသမီး‌တွေက (၃၀)ရာခိုင်နှုန်း ‌တောင်းဆိုတယ်။ (၃၀)ရာခိုင်နှုန်း ပြည့်မီဖို့ဆိုတာ အများကြီး သူတို့ဘက်က ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒါ‌ပေမဲ့ ကျ‌နော်တို့ အဲဒါကိုု မကြည့်ပါဘူး။ အ‌ရေးကြီးတာ အမျိုးသမီး‌တွေရဲ့ အခွင့်အ‌ရေး ဘာညာဆိုပြီး‌တော့ ကျ‌နော်တို့က ‌နောက်ဆုံးကျ‌တော့ သူတို့ကို (၃၀)ရာခိုင်နှုန်းပြည့်မီ‌အောင် တဖြည်းဖြည်း ကြိုးပမ်း‌ဆောင်ရွက်သွားမယ်ဆိုပြီး ‌တော့ ကွန်ကရက်က‌နေ အကြံပြုပါတယ်။ ဒါ‌ပေမဲ့ ကိုယ်စားလှယ်‌တွေရဲ့ မဲ‌ပေး‌ရွေးချယ်မှုမှာ (၃)ဦး ပါလာပါတယ်”

တဖက်မှာလည်း (၁၆)ကြိမ်‌မြောက် ညီလာခံမှာ ‌ရွေးချယ်တင်‌မြှောက်မှုဟာ တရားမျှတမှုရှိတယ်လို့ ပဒိုမန်းငြိမ်း‌မောင်က ‌ပြောပါ တယ်။
“အဲဒီလို အမြင်မရှင်းတာ‌တွေ မဖြစ်‌အောင်လို့ ကျ‌နော်တို့ ကြိုတင်ပြီး‌တော့ ရှင်းရှင်းလင်းလင်းဖြစ်‌အောင် လုပ်ခဲ့ပါတယ်”

(၁၆)ကြိမ်‌မြောက် ညီလာခံတက်ကြတဲ့ ကုိုယ်စားလှယ် (၂၁၈)ဦးမှာ အမျိုးသမီး ကိုယ်စားလှယ် (၂၃)ဦးပါဝင်ပြီး ပြည်တွင်း ပြည်ပ ကရင်အမျိုးသား (၁၀၀)‌ကျော် ‌လေ့လာသူ‌တွေအဖြစ် တက်‌ရောက်ခဲ့ပါတယ်။
အမျိုးသမီး‌တွေ ပါဝင်မှု ‌လျော့နည်းရတာဟာ မဲခွဲဆုံးဖြတ်မှုအ‌ပေါ် မူတည်သလို တက်‌ရောက်လာတဲ့ ကိုယ်စားလှယ်အများစုက အမျိုးသား‌တွေ ဖြစ်‌နေတာရယ်၊ အမျိုးသား‌တွေက အမျိုးသမီး‌တွေအ‌ပေါ်ထားတဲ့ သ‌ဘောထားအ‌ပေါ် သက်‌ရောက်မှု‌တွေ ရှိ တယ်လို့ ‌နော်ဘလူးမင်းနိုက်ဇန်က ‌ပြောပါတယ်။

“အမျိုးသမီးပါဝင်မှု ‌လျော့သွားရတာက မဲ‌ပေးတဲ့အ‌ပေါ်မှာ မူတည်တယ်။ ကွန်ကရက်ထဲမှာ မဲ‌ပေးတဲ့လူ (၂၁၈)‌ယောက်ထဲမှာ အမျိုးသမီးက (၂၃)‌ယောက်ဘဲဆို‌တော့ (၂၀၀)နီးနီးက အမျိုးသား‌တွေပဲဖြစ်တဲ့အတွက် အမျိုးသား‌တွေက အမျိုးသမီး‌တွေအ ‌ပေါ်မှာ ဘယ်လိုမြင်သလဲ၊ ဘယ်လို သ‌ဘောထားသလဲ။ ဘယ်လိုဆုံးဖြတ်သလဲဆိုတာ သူတို့ရဲ့စိတ်ထဲမှာ ခံယူတဲ့အတိုင်း မဲ‌ပေး တဲ့အ‌ပေါ်မှာ ‌ပေါ်လာတာပဲ”

ထိုင်းနယ်စပ်မှာ နှစ်‌ပေါင်းများစွာရှိ‌နေတဲ့ ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်တချို့ဟာ မိမိတို့ရဲ့ အ‌တွေ့အကြုံ‌တွေအ‌ပေါ် ယုံကြည်မှု ‌တွေ အပြည့်ရှိ‌ပေမဲ့ အမျိုးသား‌တွေရဲ့ ယုံကြည်လက်ခံနိုင်မှုက‌တော့ အားနည်း‌သေးတဲ့အတွက် အခုလို အမျိုးသမီးပါဝင်မှု တက် မလာတာဖြစ်တယ်လို့ ‌နော်ဘလူးမင်းနိုက်ဇန်က ‌ပြောပါတယ်။

“‌ပြောမယ်ဆိုရင် ပုဂ္ဂိုလ်‌ရေးဆန်သွားလိမ့်မယ်။ ကျမတို့နားလည်တာက တက်တက်ကြွကြွနဲ့ အင်တိုက်အားတိုက် ‌ဆွေး‌နွေးအ ကြံပြုပြီး စကားများများ‌ပြောတဲ့ အမျိုးသမီး‌တွေကျ‌တော့ ချန်ထားခြင်း ခံရတယ်‌ပေါ့။ စကား‌ပြောနည်းပြီး ဟုတ်ကဲ့၊ မှန်ပါတယ် ‌ပြောတဲ့သူ‌တွေက‌တော့ လူကြိုက်များတာ‌ပေါ့‌နော်။ အဲဒါနဲ့ အမြင်‌တော့ နည်းနည်း‌စောင်းသွားတယ်လို့ ကျမ မြင်ပါတယ်”

ကွန်ကရက်မှာ အမျိုးသမီး‌တွေကို ပြည့်ပြည့်ဝ‌ထောက်ခံတဲ့ အမျိုးသား‌တွေရှိ‌ပေမဲ့လည်း အမျိုးသမီး‌တွေအ‌ပေါ်မှာ အထင်‌သေး တဲ့ အမျိုးသား‌တွေ အများကြီးရှိ‌နေ‌သေးတဲ့အတွက် ‌နောက်ပိုင်း အမျိုးသမီး‌တွေလုပ်တဲ့ သင်တန်း၊ အလုပ်ရုံ‌ဆွေး‌နွေးပွဲ၊ ‌တွေ့ဆုံ ပွဲ‌တွေမှာ အမျိုးသမီး‌တွေချည်းသာ မဟုတ်ဘဲ အမျိုးသား‌တွေကို ပါဝင်‌ဆွေး‌နွေးနိုင်ဖို့ လုပ်‌ဆောင်သွားမယ်လို့ ‌နော်ဘလူးမင်း နိုက်ဇန်က ‌ပြောပါတယ်။

မှတ်ချက် – ဤ‌ဆောင်းပါးကို မြန်မာအမျိုးသမီးသမဂ္ဂ(BWU)မှ စီစဉ်လုပ်‌ဆောင်သည့် HI (Honest Information) Website (www.hiburma.net) မှ ကူးယူ‌ဖော်ပြခြင်းဖြစ်ပါသည်။ မူရင်း Link မှာ http://hiburma.net/2017/04/အမျိုးသမီးပါဝင်မှု-‌နောက်/ ဖြစ်ပါသည်။