Home ကဗျာ သံ‌ယောဇဉ် နန်းငယ်

သံ‌ယောဇဉ် နန်းငယ်

3397

(လကင်္ာဒီပ)

ဘဝကိုအရှုံး‌ပေးတဲ့ စကားလုံး
လွှင့်ကျရှုံးသွားတဲ့ည
‌အောက်ဆုံးကို ‌ဇောက်ထိုးလဲပြို
ငိုသံသဲ့သဲ့သဲ့ ရှိုက်သံယဲ့ယဲ့
သက်မဲ့စွာရှိစဉ်ခဏ
‌ကြေမွသွားသည်း‌ခြေ‌တွေ
ငါ‌လေ နင့်ကိုချစ်တဲ့စိတ်တစ်မျှင်နဲ့
ရင်ကွဲခဲ့ အပိုင်းအစလိုက်‌ကောက်ရင်း
မာန်ပြန်တင်းလိုက်ပါတယ် နန်းငယ်။

ဇာတ်တိုက်ထားတဲ့ လျှို့ဝှက်စနစ်
နွံနစ်သူ အပိုင်ချီတဲ့ကြိုး
ထိုး‌ကျွေးဝယ်ယူထားတဲ့အလား
စွမ်းအားရှင်‌တွေ သိမ်းပိုက်သွားကြတယ်
တကယ် နှ‌မျောဖို့‌ကောင်းတဲ့အချိန်‌တွေ
‌တောင်ပံ‌တွေ အခတ်မှားကုန်ပြီထင်ပါ့။

မျက်လုံး‌လေး ကလယ်ကလယ်နဲ့
အပြစ်မဲ့ သူတို့‌လေး‌တွေ
‌အောက်‌ခြေလူတန်းစား‌တွေ
‌မျှော်‌နေကြတဲ့ အနာဂတ်‌တွေ
ဆိုးရွား‌နေကြ ကြပ်တည်းအသက်ဆက်မှု‌တွေ
‌ပြေလည်လာလိမ့်နိုးနိုး
‌မျှော်ကိုးငံ့လင့်မိကြပါရဲ့
ငါ ထားခဲ့လို့‌တော့ မဖြစ်နိုင်ဘူး နန်းငယ်။

လှုပ်ရှားမှုတိုင်းမှာ
သက်လုံဟာ အ‌ရေးကြီးသလို
‌ကျောက်‌ဆောင်လို မာ‌ကျောတဲ့ရင်ခွင်
မှတ်‌ကျောက်တင်ခံဝံ့ နှလုံးသား
လမ်းခွဲသွားလို့မဖြစ်ဘူး ဆိုတဲ့အသိ
တာဝန်သိ တာဝန်ရှိခဲ့ပြီ
တည်ကြည်‌ဖြောင့်မတ် စိတ်မှန်ထား
အမျိုးသား‌ရေးကိုထိန်းညှိ
“သတိ”တစ်လုံးကို ဖမ်းဆုပ်လို့ ငါပြန်ခဲ့တယ်။

ဆန္ဒ ဇွဲ ခွန်နဲ့ အားနဲ့
ချီတက်ခဲ့တာပါပဲ နန်းငယ်
လီဆယ်ခံရ အချိုးအ‌ကွေ့‌ကြောင့်
ငါ ‌နောက်ဆုတ် တပ်‌ခေါက်သွားမယ် မထင်လိုက်ပါနဲ့
ထားခဲ့‌မေတ္တာတရား
ခတ်နှိပ်ထားသစ္စာ
‌ရောက်‌အောင်သာချီခဲ့ပြီ
ငါသည် ‌သွေးမ‌ကြောင် တတ်ခဲ့ပြီ‌ပေါ့။

ဘဝရဲ့ လုပ်စရာတစ်ပုံကြီးထဲ
ဝမ်းနည်းပက်လက် မကျန်ခဲ့ပါဘူး
တစ်ဦးပြီးတစ်ဦး အထွက်အဝင်
‌နေ့မြင်ည‌ပျောက်သွားကြ ‌လောကမှာ
‌ကောင်းနိုးရာရာရည်စူးပြီး
မီးပွားမီးလျံ‌တွေ ငြိမ်း‌စေ‌ရေး
‌ပေးဆပ်စွန့်လွှတ်သွားမှာပါ
ဒါ‌တွေဟာ ငါချစ်တဲ့ရင်ခွင်
သံ‌ယောဇဉ် နန်းငယ်အတွက်ပါပဲ‌ပေါ့ကွယ်။

၂၃ ဧပြီ ၂၀၁၇။