Home သတင်း သံလွင်တံတား(‌ချောင်းဆုံ)အမည် ‌ပြောင်းလဲသတ်မှတ်ရန် ဆန္ဒပြုလက်မှတ်များကို အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ‌ပေးပို့မည်

သံလွင်တံတား(‌ချောင်းဆုံ)အမည် ‌ပြောင်းလဲသတ်မှတ်ရန် ဆန္ဒပြုလက်မှတ်များကို အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ‌ပေးပို့မည်

1973

ဧပြီ ၂၁ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့ မုပွန်က‌နေတစ်ဆင့် ဘီလူးကျွန်း ‌ချောင်းဆုံသို့ ဆက်သွယ်ထားသည့် တံတားကို ‌ဒေသခံများက ဗိုလ်ချုပ်‌အောင်ဆန်းတံတားမှ မူလ ‌ပေးထားသည့် သံလွင်တံတား ‌ချောင်းဆုံအမည်ဖြင့်သာ ‌ပြောင်းလဲသတ်မှတ်‌ပေးရန် ဆန္ဒ ပြုလက်မှတ်များကို ဧပြီလ ၂၇ရက်‌နေ့တွင် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ‌ပေးပို့သွားမည်ဟု သံလွင်တံတား(‌ချောင်းဆုံ) လှုပ်ရှားမှု‌ကော်မတီက ‌ပြောသည်။

ဗိုလ်ချုပ်‌အောင်ဆန်းတံတား အမည်မဟုတ်ဘဲ မူလ‌ပေးထားသည့် သံလွင်တံတား(‌ချောင်းဆုံ)အမည်ဖြင့်သာ ‌ပြောင်းလဲသတ် မှတ်‌ပေးရန် ဧပြီ ၁၃ရက်မှ ၂၅ရက်‌နေ့အထိ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသင်္ာရီ၊ ပဲခူးနှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့မှ ‌ကောက်ခံရရှိသည့် ဆန္ဒပြုလက်မှတ်များကို တိုင်းရင်းသား‌ရေးရာဝန်ကြီးမှတစ်ဆင့် နိုင်ငံ‌တော် အတိုင်ပင်ခံရုံးသို့ ‌ပေးပို့သွားမည် ဖြစ်သည်ဟု သံလွင်တံတား(‌ချောင်းဆုံ) လှုပ်ရှားမှု‌ကော်မတီဝင် နိုင်မင်းမင်းနွယ်က ဧပြီလ ၂၁ရက်‌နေ့တွင် ‌ပြောသည်။

၎င်းက “ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ အလုပ်သမားအ‌ရေး ဆန္ဒပြ‌တောင်းဆိုတာကျ‌တော့ သက်ဆိုင်ရာအာဏာပိုင်‌တွေက ‌ခေါ်ယူ ‌တွေ့ဆုံ‌ဖြေရှင်းခဲ့တယ်။ ကျ‌နော်တို့ ‌ချောင်းဆုံတံတားကျ‌တော့ မူလအမည် ‌ပြောင်းလဲသတ်မှတ်‌ပေးဖို့ ‌ဒေသခံ‌တွေ နှစ်ကြိမ်ရှိပြီး ဆန္ဒပြကန့်ကွက်တယ်။ အာဏာပိုင်‌တွေ ဘာမှတုန့်ပြန်မှုမရှိဘူး။ ပြည်တွင်း‌ရော၊ ပြည်ပမှာ‌ရော အခု ‌ကောက်ခံရရှိတဲ့ လက်မှတ် ‌တွေကို အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို ‌ပေးပို့သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မူလတံတားအမည် သံလွင်တံတား(‌ချောင်းဆုံ)ကို ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် မိကွန်ချမ်းမှ မတ်လတွင် ပြည်သူ့လွှတ် ‌တော်သို့ ဗိုလ်ချုပ်‌အောင်ဆန်းအမည်ဖြင့် အဆိုတင်သွင်းခဲ့ရာတွင် လွှတ်‌တော်က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သည်။ အဆိုပါ တံတားကို ဗိုလ်ချုပ်‌အောင်ဆန်းတံတားအမည်ဖြင့် အတည်ပြုမှု‌ကြောင့် မွန်ပြည်နယ်တွင် ‌နေထိုင်ကြသည့် မွန်တိုင်းရင်းသားနှင့် အခြားတိုင်းရင်းသားများက ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ တံတားကို သံလွင်တံတား(‌ချောင်းဆုံ)အမည်ဖြင့် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလတွင် စတင် တည်‌ဆောက်ခဲ့ပြီး ကျပ်သန်း ဘီလီယံ ၆ဝ ‌ကျော် ခွင့်ပြုသုံးစွဲခဲ့သည်။ ဧပြီလ ‌နောက်ဆုံးပတ်တွင် တံတားခံနိုင်ဝန် စမ်းသပ်ပြု လုပ်မှုပြီးလျှင် ‌မေလအတွင်း တံတားကိုဖွင့်လှစ်သွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ‌ဒေါက်တာ‌အေးဇံက ‌ပြောကြားထားသည်။