Home သတင်း လယ်‌မြေများ ပျက်စီးနိုင်သဖြင့် စ‌တော်‌ချောင်းမကြီး အချိန်မီ ပြန်တူး‌ဖော်‌ပေးရန် ‌ဒေသခံများလိုလား

လယ်‌မြေများ ပျက်စီးနိုင်သဖြင့် စ‌တော်‌ချောင်းမကြီး အချိန်မီ ပြန်တူး‌ဖော်‌ပေးရန် ‌ဒေသခံများလိုလား

2093

ဧပြီ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်‌ကျေးရွာ အုပ်စုရှိ စ‌တော်‌ချောင်းမကြီးကို ယခုနှစ် မိုးမကျခင်အချိန် တွင် အချိန်မီပြန်လည်တူး‌ဖော်‌ပေးရန် လိုလားသည်ဟု ‌ဒေသခံ လယ်သမားများက ‌ကေအိုင်စီသို ့‌ပြောသည်။

၂၀၁၅ ခုနှစ်တွင် စ‌တော်‌ချောင်းမကြီးကို သက်ဆိုင်ရာက လာ‌ရောက်တူး‌ဖော်‌ပေးခဲ့‌သော်လည်း ‌တောင်ကျ‌ချောင်း ‌ရေများနှင့်အတူပါလာသည့် နှုန်း‌မြေများ၊ သစ်ကိုင်းများ၊ အမှိုက်များ‌ကြောင့် ယခင်နှစ်မိုးရာသီ၌ ‌ချောင်းမကြီး တ‌နေရာ တွင် ပိတ်ဆို့မှု ဖြစ်ပွားကာ အနီးရှိလယ်‌မြေများ‌ပေါ်သို့ သစ်ကိုင်းများ၊ အမှိုက်များပါသည့် ‌ရေများလျှံကျခဲ့ပြီး လယ်‌မြေ များ ပျက်စီးခဲ့သည့်အတွက် ယခုနှစ်တွင် ထိုသို့ မဖြစ်‌ပေါ်‌စေ‌ရေး အချိန်မီ ပြန်လည်တူး‌ဖော်‌ပေးရန် လိုလားခြင်းဖြစ် ‌ကြောင်း ခလယ်ရွာမှ‌တောင်သူ ‌စော‌ဖောင်ရှားက ‌ပြောသည်။

၎င်းက “စ‌တော်‌ချောင်း ပြန်‌ဖော်လိုက်‌တော့ အင်းအိုင်၊ လယ်‌မြေအချို့ ပျက်စီးသွားတယ်။ မိုးတွင်း ‌ရေတိုက်စား‌တော့ သဲ‌မြေ‌တွေ‌ကြောင့် မနှစ်က ‌ချောင်းပိတ်သွားပြီး လယ်ထဲမှာ သဲ၊ နှုန်း၊ သစ်ကိုင်း‌တွေ ဝင်တယ်။ မျိုးကျဲလို့မရ‌တော့ဘူး။ လာပြန်‌ဖော်‌ပေးမယ်‌ပြောပြီး အခုထိ မလာလုပ်‌သေးဘူး။ အချိန်မီပြန်မ‌ဖော်နိုင်ရင် အရင်နှစ်ကထက် လယ်‌မြေနှစ်ဆ ပျက်စီးနိုင်တယ်” ဟု ဧပြီ ၂၃ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် စ‌တော်‌ချောင်း ‌ရေတံခါး တပ်ဆင်ထားခြင်းမရှိသည့်အတွက် ‌ရေများ ‌အောက်ဘက်ပိုင်းသို့ စီးဆင်း သည့် အတွက် မုရင်းလယ်စိုက်ပျိုးမရ ဖြစ်‌နေသလို ‌ရေလိုက်စပါးသာ စိုက်ပျိုးနိုင်ပြီး ‌ရေတံခါးတစ်ခု တပ်ဆင် ‌ပေး‌စေလို သည်ဟု မြို့‌ဟောင်းရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးစိန်‌သောင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကြာအင်းဆိပ်ကြီးမြို့နယ် ဆည်‌မြောင်းဦးစီးဌာန၊ ဦးစီးမှူး ဦးမြင့်‌ထွေးက “‌ရေတံခါးလုပ်ဖို့ ပြည်နယ်ကို တင်ပြထားတယ်။ ကျရင်‌တော့ လုပ်‌ပေးမယ်။ ဘယ်‌တော့ကျမလဲ မသိ ‌သေးဘူး။ ‌ချောင်းကိုလည်း ပြန်‌ဖော်‌ပေးမယ်” ဟု ဧပြီ ၂၃ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

စ‌တော်‌ချောင်းမကြီးကို၂၀၁၅ ခုနှစ်တွင် ဆည်‌မြောင်းဌာနမှ လာ‌ရောက်တူး‌ဖော်စဉ် ခလယ်၊ ခလယ်ရွာ‌လေး၊ မြို့ ‌ဟောင်းရွာမှ လယ်သမား ၁ဝ ဦးခန့်ပိုင် စိုက်ပျိုး‌မြေများနှင့် ငါးကန်အချို့ ပျက်စီးခဲ့ရပြီး ၂၀၁၆ ခုနှစ်၊ မိုးရာသီတွင် ‌ချောင်းပိတ်ဆို့မှု‌ကြောင့် လယ်ယာ‌မြေများ ပျက်စီးခဲ့ပြီး စပါးအစား၊ နှမ်းများဖြင့် အစားထိုး စိုက်ပျိုးခဲ့ရသည်ဟု ‌ဒေသခံ လယ်သမားများက ‌ပြောဆိုသည်။

ခလယ်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး မန်းဆန်းညွန့်‌မောင်က “လယ်‌မြေပျက်စီးဆုံးရှုံးမှု‌တော့ ရှိတယ်။ ပုံစံကျတူးတုန်း က လယ်သမား‌တွေက သူတို့လယ်‌မြေ ပျက်မှာ‌ကြောက်လို့ ‌ပေအပြည့် မ‌ပေးတူးဘူး။ သူတို့ ဆန္ဒအတိုင်း ‌ပေ ၂ဝ ‌လောက်ပဲ တူးသွားတယ်။ အခုအဲ‌နေရာက ပြန်ပိတ်သွားတယ်။ ပြန်မ‌ဖော်နိုင်ရင်‌တော့ လယ်‌မြေပျက်စီးမှုများလာမယ်။ ဆည်‌မြောင်းဌာနက ဘယ်လိုအခက်အခဲရှိလည်း မသိဘူး။ ပြန်လည် တူး‌ဖော်နိုင်‌အောင် အထက်ကို တင်ပြ ‌တောင်းခံသွားမယ်” ဟု ဧပြီ ၂၃ ရက်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင် တိုက်နယ်အတွင်းရှိ စ‌တော်‌ချောင်း၊ ခလယ်‌ချောင်း၊ တံခွန်တိုင်‌ချောင်း၊ ထီဖိုးနိုင်း‌ချောင်းများကို ဆည်‌မြောင်းဌာနမှ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် တူး‌ဖော်‌ပေးခဲ့ဖူးခြင်း ဖြစ်ကာ ယခုလို စ‌တော်‌ချောင်းကို ပြန်လည် တူး‌ဖော်‌ပေးရန် လိုအပ်‌နေခြင်း ဖြစ်‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။