Home တွေ့ဆုံမေးမြန်းခန်း “လက်‌ဝှေ့ကလပ်တစ်ခု ထူ‌ထောင်ချင်တယ်၊ နိုင်ငံရပ်ခြား‌တွေမှာ သွားထိုးနိုင်ဖို့ ကြိုးစား‌နေပါတယ်”ဆိုတဲ့ ကရင်လက်‌ဝှေ့သမား ‌စောရန်ပိုင်

“လက်‌ဝှေ့ကလပ်တစ်ခု ထူ‌ထောင်ချင်တယ်၊ နိုင်ငံရပ်ခြား‌တွေမှာ သွားထိုးနိုင်ဖို့ ကြိုးစား‌နေပါတယ်”ဆိုတဲ့ ကရင်လက်‌ဝှေ့သမား ‌စောရန်ပိုင်

2198

ဧပြီ ၁၈ရက်၊ ၂၀၁၇ခုနှစ်။ (‌ကေအိုင်စီ)

မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ အားကစားတစ်ခုဖြစ်တဲ့ လက်‌ဝှေ့‌လောကမှာ ‌အောင်မြင်မှု‌တွေ ရလာ‌နေသူက‌တော့ ဒုတိယ တန်း လက်‌ဝှေ့သမား အသက် ၂၈နှစ်အရွယ် ‌စောရန်ပိုင်ဖြစ်ပါတယ်။ နာမည်ရလာ‌အောင် ကြိုးစားဖို့ ဆုံးဖြတ်ထားသလို အခု ချိန်မှာ‌တော့ သူ့အတိုင်းအတာနဲ့ သူ့ရည်မှန်းချက်က ပြည့်စုံလာ‌နေပါပြီ။

သူက ကရင်လူငယ်တစ်ဦးဖြစ်ပြီး မွန်ပြည်နယ်ဇာတိ ဖြစ်ပါတယ်။ ‌စောရန်ပိုင်က သူ့အ‌နေနဲ့ လက်‌ဝှေ့‌လောကထဲကို ဝင်လာဖြစ်ပုံ ကို အခုလို ‌ပြောပြပါတယ်။
“အရင်ကတည်းက လက်‌ဝှေ့ကို ဝါသနာပါခဲ့တာဖြစ်ပါတယ်။ ငယ်ငယ်တုန်းကလည်း လက်‌ဝှေ့ထိုးတယ်။ ကြီးလာ‌တော့ သူငယ် ချင်း‌တွေနဲ့ လိုက်လည်တယ်။ ဒီဘိလပ်‌မြေစက်ရုံက သူငယ်ချင်း‌တွေဆီ လိုက်လည်‌တော့ ထိုးတာ‌တွေ့တယ်။ လိုက်လည်တာ များ‌တော့ လက်‌ဝှေ့ကိုလည်း ဝါသနာပါ‌တော့ ထိုးဖြစ်သွားတာဖြစ်ပါတယ်။”လို့ ‌ပြောပါတယ်။

သူဟာ လယ်သမာ‌လေးဘဝက‌နေ လက်‌ဝှေ့သမားဖြစ်လာတာပါ။ သူ့အသက် ၁၇နှစ်အရွယ်မှာ လက်‌ဝှေ့ကို စထိုး တာဖြစ်ပြီး ဆရာသမား‌တွေရဲ့ လမ်းညွှန်သင်ပြမှု‌ကြောင့် အခုအ‌ခြေအ‌နေထိကို ‌ရောက်ရှိလာတာဖြစ်တယ်လို့ ‌ပြောပါ တယ်။ လက်‌ဝှေ့ မယ့်အချိန်မှာ စိန်‌ခေါ်မှု‌တွေရှိတယ်။ မိဘ‌တွေက မကြိုက်လို့ ကန့်ကွက်ကြ‌ပေမယ့် ညီအစ်ကို‌တွေက ‌တော့ လက်‌ဝှေ့ထိုးမယ်ဆိုရင် နာမည်တစ်လုံးရ‌အောင်‌တော့ ထိုးပါလို့ အား‌ပေးမှု‌တွေလည်းရှိ‌နေ‌ကြောင်း ‌စောရန်ပိုင် က ‌ပြောပါတယ်။

သူဟာ ‌ဝေါ်‌လေ၊ မြိုင်ကြီးငူနဲ့ ‌ရွှေကုက္ကိုအပြင် ‌နေရာ‌တော်‌တော်များများ‌တွေမှာ သွား‌ရောက်ထိုးခဲ့ဖူးပါတယ်။
“အဲဒီက‌နေ နည်းနည်းချင်းတက်လာပြီး‌တော့ ၂၀၀၉ မှာ ကြယ်လင်း‌အောင်နဲ့ ပြန်ထိုးဖြစ်တယ်။ အဲဒီအချိန်တုန်းကဆိုရင် ကြယ် လင်း‌အောင်တို့က အကြီးတန်းတက်တယ်။ ကျ‌နော်က‌တော့ တက်သစ်စ ထိုးတယ်။ အဲဒီမှာ ကျ‌နော်တစ်ကြိမ် ရှုံးတယ်။ ‌နောက် နှစ် ၂၀၁ဝ မှာ ‌တောင်က‌လေးနှစ်သစ်ကူးမှာ ကျ‌နော်နဲ့ ထပ်ထိုးတယ်။ အဲဒီမှာ တစ်ကြိမ်၊ ကြယ်လင်း‌အောင်နဲ့ ကျ‌နော်တို့ သုံး ‌လေးကြိမ်‌လောက် ထိုးဖြစ်တယ်။ အဲဒီက တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း၊ တူးတူးနဲ့လည်း တစ်ကြိမ်ထိုးဖူးပါတယ်။ ထွန်းထွန်းမင်း လည်း ထိုးခဲ့ဖူးတယ်။ စိုးလင်းနဲ့လည်း ထိုးဖူးတယ်။ အခုလူ‌တွေနဲ့ အားလုံးနီးပါး ထိုးဖူးတယ်။ ‌တွေ့မ‌ရှောင်တို့၊ လုံး‌ချောတို့၊ ‌စော ငမန်းတို့ကလွှဲပြီး ကျန်တဲ့လူ‌တွေအကုန်လုံးထိုးခဲ့ဖူးတယ်။”လို့ ‌ပြောပါတယ်။

လက်‌ဝှေ့‌လောကကို စ‌ရောက်ခဲ့တုန်းက‌တော့ ဘိလပ်‌မြေစက်ရုံကလပ်မှာပဲ‌နေထိုင်ပြီး ဆရာမိုးပုလဲဆီမှာ ပညာသင်ကြားလာခဲ့ တာ အခုချိန်ထိပါပဲလို့ ‌စောရန်ပိုင်က ‌ပြောပါတယ်။ ‌နေထိုင်စား‌သောက်တဲ့ ကုန်ကျစရိတ်ကို‌တော့ ဘိလပ်‌မြေစက်ရုံမှူးက အကုန် ကျခံ ထုတ်‌ပေးတယ်လို့လည်း ‌ပြောပါတယ်။

သူထိုးလာခဲ့တဲ့ လက်‌ဝှေ့သက်တမ်းတစ်‌လျှောက် သူ့ဝိတ်တန်းနဲ့သူက ‌အောင်လံ၊ ဆုဖလား၊ ‌ရွှေတံဆိပ်၊ ‌ငွေတံဆိပ်၊ ‌ကြေးတံ ဆိပ် စတဲ့ ဆု‌တွေအားလုံးကို ရရှိခဲ့သလို သ ူ‌လေးစားအားကျမိတဲ့ လက်‌ဝှေ့အ‌ကျော်အ‌မော်‌တွေအ‌ကြောင်း အခုလို ‌ပြောပြပါ တယ်။

“အားကျမိတာက သတ္တိ‌အောင်တို့၊ တာဒိုဝါးတို့ပြီး‌တော့ ကျ‌နော့်တို့ရဲ့ ဆရာသမား‌တွေပဲဖြစ်ပါတယ်။ ‌စောငမန်းတို့၊ လုံး‌ချောတို့ ဆိုလည်း အားကျမိတယ်။ ကျ‌နော်တို့ ‌ရောက်‌ရောက်ချင်းတုန်းက သူတုို့က ချန်ပီယံဖြစ်‌နေပြီ‌လေ။”လို့ ‌ပြောပါတယ်။

လတ်တ‌လောအချိန်မှာ သူ့အ‌နေနဲ့က မြန်မာပြည်ရဲ့ ဒုတိယတန်းအဆင့် ၇၁ကီလိုတန်း လက်‌ဝှေ့သမားတစ်‌ယောက်အဖြစ်မှ နိုင်ငံ‌ကျော် လက်‌ဝှေ့အ‌ကျော်အ‌မော်တစ်‌ယောက်ဖြစ်‌အောင် ကြိုးစားလျှက်ရှိပြီး နိုင်ငံရပ်ခြား‌တွေမှာ သွား‌ရောက်ပြီး လက်‌ဝှေ့ ထိုးသတ်နိုင်ဖို့ ကြိုးစားလုပ်‌ဆောင်‌နေတယ်လို့ ‌စောရန်ပိုင်က ‌ပြောပါတယ်။

“ကျ‌နော့်အဆင့်က‌တော့ ဒုတိယအဆင့်ပဲ ရှိပါ‌သေးတယ်။ ပထမတန်းအဆင့်က မ‌ရောက်‌လောက်‌သေးဘူး။ အ‌ခြေအ‌နေက တကယ်လုပ်သွားရင် ပထမတန်းကို ‌ရောက်မှာပါ။ ဖြည်းဖြည်းချင်းလုပ်ရင်‌တော့ ‌ရောက်မှာပါ။ ကိုယ့်ဝိတ်တန်းနဲ့ ကိုယ်‌ပေါ့‌နော်။ စိတ်ထဲမှာ‌တော့ အခြားနိုင်ငံ‌တွေမှာ သွားထိုးချင်ပါတယ်။ သူများ‌တွေသွား‌တော့ သွားချင်စိတ်ရှိတယ်။ ဒါ‌ပေမယ့် ‌လော‌လော ဆယ်က‌တော့ အဆင့်မ‌ရောက်‌သေးတဲ့အတွက် သွားလို့မရ‌သေးဘူး‌ပေါ့။ နိုင်ငံရပ်ခြား‌တွေမှာသွားဖို့က ဆန္ဒရှိတာ‌ပေါ့‌လေ။ သွား နိုင်ဖို့လည်း ကြိုးစားလုပ်‌ဆောင်‌နေပါတယ်။”လို့ ‌ပြောပါတယ်။

‌စောရန်နိုင်တစ်‌ယောက် လက်‌ဝှေ့ထိုးလာခဲ့တဲ့ သက်တမ်းဟာ ၁၂နှစ်ရှိပါပြီ။ အသက် ၃၁နှစ်၊ ၃၂နှစ်‌လောက်မှာ အနားယူဖို့ စဉ်း စားထားပြီး အနားယူတဲ့အချိန်မှာ‌တော့ နည်းပြတစ်‌ယောက်ဖြစ်ချင်တယ်လို့လည်း ‌ပြောသွားပါတယ်။
“နည်းပြမဖြစ်လာရင် ကိုယ့်အလုပ်နဲ့ ကိုယ်ပြန်လုပ်ရမှာ‌ပေါ့။ နည်းပြတစ်‌ယောက် ဖြစ်မလာရင်‌ပေါ့‌လေ။ ‌ငွေအနည်းငယ်စုပြီး ‌တော့ တခြားကိုယ်ပိုင်အလုပ်‌တွေ ပြန်လုပ်မယ်‌ပေါ့။ အဲ့ဒီလို‌တော့ စဉ်းစားထားတယ်။ ဆန္ဒက‌တော့ နည်းပြ ဖြစ်ချင်တယ်။ လုပ် ချင်တာ‌ပေါ့။ ကလပ်တစ်ခုလည်း ထူ‌ထောင်ချင်ပါတယ်။”လို့ ‌စောရန်ပိုင်က ‌ပြောပါတယ်။

သူ့ဟာ ခန့်မှန်း‌ခြေ ပွဲ‌ပေါင်း ၇ဝနီးပါး ယှဉ်ပြိုင်ထိုးခဲ့ပါတယ်။ နိုင်ပွဲက‌တော့ ၄၀‌လောက်ရှိပြီး ရှုံးပွဲ ၁ဝပွဲနဲ့ ကျန်တာက‌တော့ သ‌ရေ ပွဲ ဖြစ်ပါတယ်။ လက်‌ဝှေ့ဝါသနာရှင် ပရိဿတ်‌တွေအတွက် ‌စောရန်ပိုင် အသိ‌ပေး‌ပြောကြားလိုတဲ့ စကားက‌တော့
“‌ရှေ့ဆက် ဒီထက်‌ကောင်း‌အောင် ကြိုးစားမယ်။ လက်ရှိအ‌ခြေအ‌နေထက် ‌ကောင်း‌အောင် လုပ်‌ဆောင်မယ်။ အခုထိုးတာက လည်း အခြားလူ‌တွေမဟုတ်ပါဘူး။ ကျ‌နော်တို့ ကရင်အချင်းချင်းပဲ ထိုးတာပဲ ရှိပါတယ်။ အကယ်၍ အခြားသူ‌တွေနဲ့ ထိုးဖြစ်ရင် ကရင့်အလံကိုပါ သယ်ယူသွားချင်ပါတယ်။ အခုလည်း သိမ်းထားတာ ရှိပါတယ်။”လို့ ‌ပြောသွားပါတယ်။