Home သတင်း ရန်ကုန်တိုင်း စာယဉ် ဥက္ကဌ‌နေရာ အ‌ပြောင်းအလဲ ဖြစ်‌ပေါ်

ရန်ကုန်တိုင်း စာယဉ် ဥက္ကဌ‌နေရာ အ‌ပြောင်းအလဲ ဖြစ်‌ပေါ်

1701

ဧပြီ ၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်းဒသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌအဖြစ် လက်ရှိ ကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီး ‌နော်ပန်းဉ်ဖာမျိုးက ယခင် ဥက္ကဌ ‌စောထွန်း‌အောင်မြင့် (ကရင်‌ရေးရာဝန်ကြီး‌ဟောင်း)ထံမှ လွှဲ‌ပြောင်းရယူ လိုက်ပြီးဖြစ်‌ကြောင်း တိုင်းစာယဉ်အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ဧပြီ ၇ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောကြားသည်။

တိုင်းစာယဉ် ဥက္ကဌ အ‌ပြောင်းအလဲ ‌ပေါ်‌ပေါက်လာခြင်းနှင့်ပတ်သက်၍ စာယဉ်အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက “ပြီးခဲ့တဲ့ ဧပြီ ၄ ရက်‌နေ့တုန်းက ဝန်ကြီးက ရန်ကုန်တိုင်း‌ဒေသကြီး၊ အစိုးရအဖွဲ့ရုံးမှာ ကရင်စာ‌ပေသင်ရိုးညွှန်း တမ်း‌ရေးဆွဲဖို့ တစ်မြို့နယ်ကို စာယဉ်ကိုယ်စားလှယ် ၂ ဦးစီ ဖိတ်တယ်။ အဲ့အခမ်းအနားမှာ တိုင်းစာယဉ် ပြန်ဖွဲ့ မယ်ဆိုပြီး ‌ပြောပြီး‌တော့ ပြန်ဖွဲ့တယ်။ ဥက္ကဌအဖြစ် ကရင့်‌ရေးရာဝန်ကြီး ကိုယ်တိုင်တာဝန်ယူလိုက်တယ်။ ကျ‌နော့်ကို‌တော့ အတွင်း‌ရေးမှူး အဖြစ် ပြန်ထားတယ်။ ခရိုင် အလိုက် စာယဉ်ဥက္ကဌ‌တွေကိုလည်း ပြန်ခန့်တယ်။ အ‌သေးစိတ်ပြန် ဖွဲ့တာကို‌တော့ ဧပြီ ၁၉ ရက်‌နေ့ ထပ်လုပ်ဖို့ရှိတယ်” ဟု ‌ပြောသည်။

လက်ရှိ ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း မြို့နယ်အလိုက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများ ဖွဲ့စည်းလျက် ရှိရာ မြို့နယ်အချို့ဖွဲ့စည်းရန် ကျန်ရှိ‌နေပြီး ဖွဲ့စည်းပြီးပါက တိုင်းစာယဉ်အစည်းအ‌ဝေး‌ခေါ်ယူကာ လက်ရှိ ကရင် တိုင်းရင်းသား‌ရေးရာဝန်ကြီးမှ ဥက္ကဌ အဖြစ် လုပ်‌ဆောင်မည်ဆိုက ယခင်ဥက္ကဌက တာဝန်လွှဲ‌ပြောင်း‌ပေးရန်က န ဦးစီစဉ်ထားခြင်းဖြစ်သည်။ သို့‌သော် ဧပြီ ၄ ရက် သင်ရိုးညွှန်းတမ်းဆိုင်ရာ အစည်းအ‌ဝေးအပြီးတွင် တိုင်းစာ ယဉ် ပြန်ဖွဲ့ပြီး ယခုလို ဥက္ကဌ အ‌ပြောင်းအလဲ ဖြစ်‌ပေါ်ခဲ့သလို မည်သူမဆို ဥက္ကဌ လုပ်လုပ် အဓိက စာ‌ပေယဉ်‌ကျေးမှု ဖွံ့ဖြိုးရန်သာလိုသည်ဟု မန်းသန်းဝင်းဦးက ဖြည့်စွက်‌ပြောသည်။

ရန်ကုန်တိုင်း ကရင်တိုင်း‌ရေးသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဖာမျိုးကလည်း ရန်ကုန်တိုင်းစာယဉ် ဥက္ကဌ ‌နေရာကို ယခင် ကရင့်‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်ထံမှ တာဝန်လွှဲ‌ပြောင်းရယူလိုက် ပြီးဖြစ်‌ကြောင်းကို ဧပြီလ ၆ ရက်‌နေ့က သူမ၏ အင်တာနက် Facebook လူမှုကွန်ရက် စာမျက်နှာတွင် ‌ရေးသား‌ဖော်ပြထားသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်အလိုက်စာယဉ် ဥက္ကဌများကိုလည်း ပြန်လည် ‌ရွေးချယ် တာဝန်‌ပေးခဲ့ရာ ‌မြောက် ပိုင်းခရိုင်တွင် ‌စော‌မောင်တိုး(ထန်းတပင်)၊ ‌တောင်ပိုင်းခရိုင်တွင် မန်းမြင့်စိန်(‌ကော့မှူး)၊ အ‌နောက် ပိုင်းခရိုင်တွင် ‌စောထန်းနယ်လဆင်ရှိုး (ကြည့်မြင်တိုင်)နှင့် အ‌ရှေ့ပိုင်းခရိုင်အတွက် အဆိုအပြိုင်ဖြစ်‌နေသည့် အတွက် မ‌ရွေး ချယ်နိုင်ခဲ့ဘဲ သကြင်္န်အပြီး ကျင်းပရန်ရှိသည့် တိုင်းစာယဉ် အစည်းအ‌ဝေးတွင်ပြန်လည်‌ရွေးချယ် သွားရန် ရှိပြီး ခရိုင်အဆင့် ဥက္ကဌ များ‌ရွေးချယ်မှုနှင့် ပတ်သက်၍ အမြင်မတူမှုများလည်း ရှိ‌နေသည်ဟု အစည်းအ‌ဝေးတက် ‌ရောက်ခဲ့သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီကို ၂၀၁၄ ခုနှစ်တွင် ယခင် ကရင်တိုင်းရင်းသား ‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်က ဦး‌ဆောင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီးလက်ထက်တွင် ယခုလို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။