Home သတင်း ဘုရားသုံးဆူနယ်စပ်ဂိတ်တွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ရာနှင့်ချီ ခရီးကြန့်ကြာ‌နေ

ဘုရားသုံးဆူနယ်စပ်ဂိတ်တွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ရာနှင့်ချီ ခရီးကြန့်ကြာ‌နေ

1519

ဧပြီလ ၂ဝရက်၊ ၂၀၁၇ခုနှစ်။ စဖန်း‌ရှောင်း

သကြင်္န်ကာလအတွင်း ‌နေရပ်မှပြန်လာကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအား ထိုင်းဘက်ခြမ်းရှိ နယ်စပ်ဂိတ်တစ်ခု ဖြစ်သည့် နမ့်ပကုပ်နယ်စပ်ဂိတ်မှ ဖြတ်သန်းခွင့်မပြုသည့်အတွက် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများ ရာနှင့်ချီပြီး ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူတွင် ခရီးကြန့်ကြာလျှက်ရှိ‌ကြောင်း သိရသည်။

ဘုရားသုံးဆူတွင် လက်ရှိ‌သောင်တင်ကြန့်ကြာ‌နေသည့် ‌နေရပ်ပြန် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများမှာ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်များမှဖြစ်ပြီး လက်ရှိ‌တွေ့ကြုံ‌နေရသည့် အ‌ခြေအ‌နေများနှင့်ပတ်သက်၍ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမတစ်ဦးဖြစ်သူ ‌ဒေါ်ထူးထူးအိမ်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

သူမက “ကျမတို့ကို ထိုင်းဘက်ခြမ်းက အ‌ထောက်အထားရှိသူ‌ရော၊ မရှိသူ‌ရော ‌ပေးမဝင်ဘူး ‌ပြောတယ်။ ထိုင်းစစ်သား‌တွေ ‌ပြောတာက ဒီဘက်ဂိတ်က သူတို့‌ပေးဝင်၊ ‌ပေးထွက်ဖို့ ခွင့်မပြုဘူး။ သူတို့ခွင့်ပြုတာက မဲ‌ဆောက်တို့၊ ‌ကော့‌သောင်းတို့ဘက်ပဲ တရားဝင် ခွင့်ပြု‌ပေးတယ် ‌ပြောတယ်။ ကျမတို့က‌တော့ ၁၀‌ယောက်‌လောက်ရှိမယ်။ ကား‌တွေလည်း ‌ပေးမတက်ဘူး”ဟု ‌ပြော သည်။

၎င်းအပြင် ဘုရားသုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ခရီးသည်ပို့‌ဆောင်‌ပေးသည့်လုပ်ငန်း အများအပြား ရှိ‌နေ သည့်အတွက် လက်ရှိအ‌ခြေအ‌နေများအရ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား ရာနှင့်ချီပြီး ‌သောင်တင်‌နေ‌ကြောင်း ယင်း‌နေရာရှိ မျက်မြင်တစ်ဦး၏ ‌ပြောပြချက်အရ သိရသည်။

ခရီးသည်ပို့‌ဆောင်‌ရေးလုပ်ငန်းတစ်ခုမှ မန်‌နေဂျာတစ်ဦးက “ကျမတို့က အ‌ထောက်အထားရှိတဲ့သူ‌တွေပဲ ပို့‌ပေးပါတယ်။ အခုက အဲဒီနမ့်ပကုပ်ဂိတ်တစ်ခုပဲ။ အရင်တုန်းက ဒီ‌လောက်မကြပ်ဘူး။ အဲဒီဂိတ်တစ်ခုပဲ။ ကျန်တဲ့ဂိတ်‌တွေက ဘတ်တစ်ရာနှစ်ရာ ‌လောက်‌ပေးရင် သူတို့‌ပေးသွားတယ်။ ကိုယ့်ခရီးသည်‌တွေကို ‌ကောင်း‌ကောင်းမွန်မွန်ပဲ ‌ပေးသွားချင်တယ်”ဟု ‌ပြောသည်။

ထိုင်းအစိုးရမှ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်‌နေကြသူများ၊ ယာယီပတ်စပို့စ် ကိုင်‌ဆောင်ထားသူများ၊ ပန်း‌ရောင်ကဒ်နှင့် မည်သူ မည်ဝါဖြစ်‌ကြောင်း သက်‌သေခံလက်မှတ် CI ကိုင်‌ဆောင်ထားသည့် အ‌ထောက်အထားပြည့်စုံသူ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား များကို သကြင်္န်ကာလအတွင်း ‌နေရပ်ပြန်နိုင်‌ရေးအတွက် ဧပြီလ ၅ရက်မှ ၃ဝရက်‌နေ့အထိ တရားဝင်နယ်စပ်ဂိတ်များတွင် ဝင် ထွက်သွားလာခွင့်ပြုထားခြင်းဖြစ်သည်။

မယ်ဆိုင်-တာချီလိတ်၊ ‌ကော့‌သောင်း-ရ‌နောင်းနှင့် မြဝတီ- မဲ‌ဆောက်ဂိတ်များမှာ ‌နေရပ်ပြန်မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ဝင် ထွက်သွားလာနိုင်သည့် တရားဝင် နယ်စပ်ဂိတ်များဖြစ်‌သော်လည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှ အချို့‌သော မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမားများအ‌နေဖြင့် နီးစပ်ရာ ဘုရားသုံးဆူဂိတ်တွင် နားလည်မှုဖြင့် ဝင်ထွက်သွားလာ‌နေခြင်းဖြစ်‌ကြောင်း သိရ သည်။

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားအချို့မှာ သကြင်္န်ကာလပြီးဆုံးပြီး‌နောက် နယ်စပ်ဂိတ်အသီးသီးမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည် ဝင်‌ရောက်လာလျှက်ရှိပြီး လက်ရှိ ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်-မြဝတီတံတား အ‌ခြေအ‌နေများနှင့် ပတ်သက်၍ မြန် မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ JACBA ဥက္ကဌ ဦးမိုးကြိုးက ယခုလို‌ပြောသည်။

“ထိုင်းဘက်ခြမ်းက‌တော့ အကုန် Free ‌ပေးထားတယ်။ မြန်မာဘက်ခြမ်းက‌တော့ အလုပ်သမား‌တွေကို ဘတ် ၁၀ဝ ‌တောင်း တယ်။ အဲဒါ‌တော့ ရှုတ်ချတယ်။ ဒီဘက်မြဝတီ-မဲ‌ဆောက်တံတားမှာ‌တော့ တစ်ပတ်အတွင်းမှာ လူ ၅‌သောင်းထက်မနည်း ပြန်တယ်။ တစ်ချို့က ‌လှေဂိတ်က‌နေပြန်ကြ‌တော့ အဝင်အထွက်တုံး(တံဆိပ်) မထုရတဲ့အခါကျ‌တော့ ထိုင်းဘက်ခြမ်းမှာ ပြဿနာတက်တာ‌တွေ‌တော့ ရှိတယ်”ဟု ဦးမိုးကြိုးက ‌ပြောသည်။

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့် ‌နေရပ်ပြန်သည့်အခါတွင် တရားဝင် အ‌ထောက်အထားများဖြင့်သာ ဝင်ထွက်သွား လာခြင်းပြုကြရန်၊ ဒုစရိုက်သမားများ၏ မသမာ‌သောလုပ်‌ဆောင်မှုများ၊ ‌ငွေ‌ကြေးလိမ်လည်မှုများကို သတိထားရမည်ဖြစ်ပြီး တရားဝင် ‌ရွှေ့‌ပြောင်းသွားလာခြင်းသာလျှင် အလုံခြုံဆုံးဖြစ်‌ကြောင်း ဦးမိုးကြိုးက အကြံပြု ‌ပြောဆိုသည်။

ထိုင်းနိုင်ငံအတွင်း ဝင်‌ရောက်အလုပ်လုပ်ကိုင်‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ‌နေ့စဉ်နှင့်အမျှ ရှိ‌နေဆဲဖြစ်ပြီး တရားဝင်နှင့် တရားမဝင် အလုပ်လုပ်ကိုင်‌နေသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၃သန်းထက်မနည်းရှိ‌နေ‌ကြောင်း အလုပ် သမားအ‌ရေး လှုပ်ရှား‌ဆောင်ရွက်‌နေသူများက ‌ပြောဆိုသည်။