Home သတင်း ဗဟိုအလုပ်အမှု‌ဆောင် ၁၁ဦးနှင့် ဌာနဆိုင်ရာ တာဝန်ခံများကို ‌ကေအဲန်ယူ ‌ရွေးချယ်အတည်ပြု

ဗဟိုအလုပ်အမှု‌ဆောင် ၁၁ဦးနှင့် ဌာနဆိုင်ရာ တာဝန်ခံများကို ‌ကေအဲန်ယူ ‌ရွေးချယ်အတည်ပြု

2169

ဧပြီ ၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ဖားအံရိုင်၊ ‌လေးဝါးစခန်းတွင် ကျင်းပ‌နေသည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ‌ရွေး‌ကောက်ပွဲတွင် ‌နောက်ထပ် ၄ နှစ်သက်တမ်းအတွက် ဦး‌ဆောင်မည့် ဗဟိုအလုပ်အမှု‌ဆောင် ၁၁ ဦးနှင့် ဌာနဆိုင်ရာ တာဝန်ခံများကို ယ‌နေ့ မွန်းလွဲပိုင်းတွင် ‌ရွေးချယ်အတည်ပြုလိုက်ပြီဟု သိရသည်။

‌ကေအဲန်ယူ၏ ဗဟို အလုပ်အမှု‌ဆောင် ၁၁ ဦးမှာ ဥက္ကဌ ‌စောမူတူး‌စေးဖိုး ဒုဥက္ကဌ ပဒို‌စောကွယ်ထူးဝင်း၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမှူး၊ တွဲဘက်အတွင်း‌ရေးမှူး (၁) ‌စောဆဲပွယ်၊ တွဲဘက်အတွင်း‌ရေးမှူး (၂) ပဒို‌စောလှထွန်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ၊ ပဒို‌နော်ဒါးဒါး ပဒိုမန်းငြိမ်း‌မောင်၊ ပဒို‌စော သမိန်ထွန်း၊ ပဒို‌စော‌ရောဂျာခင်နှင့် ဗိုလ်ချုပ် ‌စောအိုင်းဇက်ဖိုးတို့ဖြစ်ကြသည်။

ထို့အပြင် ‌ကေအဲန်ယူ၏ ဌာနဆိုင်ရာ ၁၄ ခုဖြစ်သည့် စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန၊ ကျန်းမာ‌ရေးနှင့် လူမှုကယ်ဆယ်‌ရေးဌာန ၊ ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန၊ သစ်‌တောဌာန ၊ လယ်ယာနှင့် စိုက်ပျိုး‌ရေးဌာန ၊ ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာန ၊ အခွန်‌တော်နှင့် ဘဏ္ဍာ‌ရေးဌာန၊ တရား‌ရေးဌာန ၊ နိုင်ငံခြား‌ရေးဌာန၊ လမ်းပန်းဆက်သွယ်‌ရေးနှင့် သယ်ယူပို့‌ဆောင်‌ရေးဌာန ၊ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန၊ မဟာမိတ်‌ရေး ရာဌာန၊ သတ္တုတွင်းဌာန နှင့် ကာကွယ်‌ရေးဌာနတို့၏ ဌာနတာဝန်ခံ အသီးသီးကိုလည်း ‌ရွေးချယ်အတည်ပြုလိုက်ပြီးဖြစ်သည်။