Home သတင်း ဖားအံမြို့ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းအား ကရင်ပြည်နယ် ဝန်ကြီးချုပ် တက်‌ရောက်အား‌ပေး

ဖားအံမြို့ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းအား ကရင်ပြည်နယ် ဝန်ကြီးချုပ် တက်‌ရောက်အား‌ပေး

1814

ဧပြီ ၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

ဖားအံမြို့ရှိ ကရင်‌ကျောင်းသားများရိပ်သာ၊ အထက်တန်းအဆင့်သင် ကိုယ်ပိုင်‌ကျောင်းတွင် မတ် ၂၅ ရက်မှစ၍ နှစ်ပတ်‌ကျော်ကြာ ပြုလုပ်သည့် (၄၇)ကြိမ်‌မြောက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုဆရာဖြစ်သင်တန်းတွင် သင်တန်းတက်‌ရောက်သည့် လူငယ်များအား အသိပညာဗဟုသုရရှိရန် ရည်ရွယ်၍ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ဧပြီ ၆ ရက်‌နေ့၊ ည‌နေတွင် သွား‌ရောက်‌တွေ့ဆုံ စကား‌ပြောခဲ့သည်။

ထိုသို့ သွား‌ရောက်‌တွေ့ဆုံရာတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်က ဒီမိုက‌ရေစီ အစိုးရ တက်လာပြီး‌နောက် တိုင်းရင်းသားစာ‌ပေလွတ်လပ်ခွင့် ပိုမိုရရှိလာသည့် ဆိုင်ရာ အ‌ကြောင်းများကို ‌ပြောကြားခဲ့ပြီး သင်တန်းရှိ လူငယ်များနှင့် အ‌မေးအ‌ဖြေ အစီအစဉ်ကိုလည်း တစ်နာရီ‌ကျော်ကြာ ‌တွေ့ဆုံစကား‌ပြောခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က “ဒီလို နင်တို့နဲ့ လာ‌တွေ့တာ ဝမ်းသာတယ်။ ‌ပြောစရာ‌တွေလည်း အများကြီးရှိတယ်။ (စစ်အစိုးရ‌ခေတ်)အရင်တုန်းကဆို အဂင်္လိပ်စာ သင်တန်း၊ တရုတ်စာ သင်တန်းတို့ဆိုရင် ကြိုက်သလို ဆိုင်းဘုတ်‌တွေ တင်ပြီး ဖွင့်လို့ ရတယ်။ တို့ကရင် စကားက အရင်တုန်းက စုစု‌ဝေး‌ဝေး သင်လို့ မရခဲ့ဘူး။ အခုလို သင်တန်း‌တွေဖွင့်ပြီး သင်‌ပေးတာ အ‌ပြောင်းအလဲတစ်ခုရဲ့ အစပါပဲ။”ဟု သင်တန်းတွင် ‌ပြောကြားခဲ့သည်။

ကရင်ပြည်နယ် စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ ဦးစီးသည့် ယခုသင်တန်းတွင် ကရင်ပြည်နယ်ရှိ မြို့နယ်များ အပါအဝင် မွန်ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများဖြစ်သည့် ပဲခူး၊ တနသင်္ာရီ စသည့် တိုင်း‌ဒေသကြီးတို့မှ ကရင်လူငယ်များ စုစု‌ပေါင်း ၈၀ဝ ‌ကျော် တက်‌ရောက်ခဲ့‌ကြောင်း သင်တန်းဦး‌ဆောင်သူများက ဆိုသည်။

‌ကော့ကရိတ်မြို့နယ်မှ တက်‌ရောက်လာသည့် သင်တန်းသားဖြစ်သူ ‌စောအဲဖို့‌ချေက “ကျ‌နော်တို့ ဝန်ကြီးချုပ်က အခုလို ကျ‌နော်တို့ကို ‌တွေ့ဆုံစကား‌ပြောတာ အရမ်းဝမ်းသာတယ်။ ‌နောက်လာမည့် သင်တန်း‌တွေမှာလည်း အခုလို လာ‌ရောက်‌စေချင်ပါတယ်။ ‌ပြောသွားတဲ့အထဲက ကျ‌နော်တို့အတွက် မှတ်သားစရာ‌တွေ အများကြီး ရှိ‌စေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုဆရာဖြစ်သင်တန်းတွင် ကရင်စာ‌ပေများအပြင် ကရင်ဒုံးအကများကို သင်ကြား‌ပေးသလို စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြိုင်ပွဲ စသည်တို့လည်း ပါဝင်ပြီး ယခု သင်တန်းကို ဧပြီ ၁ဝ ရက်‌နေ့တွင် သင်တန်းဆင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ကရင်ပြည်နယ် စာယဉ်မှ ဦးစီးကျင်းပသည့် (၄၆)ကြိမ်‌မြောက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ဆရာဖြစ်သင်တန်းတွင် တက်‌ရောက်သူ ၇၀ဝ ‌ကျော် ရှိခဲ့‌ကြောင်း သင်တန်းစီစဉ်သူများက ဆိုသည်။