Home သတင်း ဖက်ဒရယ်ပညာ‌ရေးစနစ်ရရှိရန် အစိုးရအား ဆက်လက်တိုက်တွန်းသွားမည်ဟု အရပ်ဘက်အဖွဲ့များ ‌ပြောဆို

ဖက်ဒရယ်ပညာ‌ရေးစနစ်ရရှိရန် အစိုးရအား ဆက်လက်တိုက်တွန်းသွားမည်ဟု အရပ်ဘက်အဖွဲ့များ ‌ပြောဆို

2075

ဧပြီ ၂၂ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

ဖက်ဒရယ်ပညာ‌ရေးစနစ်ရရှိရန် အစိုးရအား ဆက်လက် တိုက်တွန်းသွားမည်ဟု ဧပြီလ ၂ဝရက်‌နေ့က ဖားအံမြို့၊ သံလွင်ပါရာ ဒိုက်ဟိုတယ်တွင် ပြုလုပ်သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပညာ‌ရေးဆိုင်ရာ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ပါဝင်တက်‌ရောက် ကြသူများက ‌ပြောဆိုလိုက်သည်။

၎င်း‌ဆွေး‌နွေးပွဲတွင် လက်ရှိမြန်မာနိုင်ငံ၏ ပညာ‌ရေးစနစ်သည် ဗဟိုချုပ်ကိုင်သည့် ပညာ‌ရေးစနစ်ဖြစ်‌နေ‌သော‌ကြောင့် ဖက်ဒရယ် ပညာ‌ရေးစနစ်ရရှိရန် ပြည်‌ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများကို တိုက်တွန်းသွားမည်ဖြစ်‌ကြောင်း ပညာ‌ရေးစနစ်ပြုပြင် ‌ပြောင်းလဲ‌ရေးနိုင်ငံလုံးဆိုင်ရာကွန်ယက်-NNER ၏ အဖွဲ့ဝင် ‌ဒေါက်တာသိန်းလွင်က ယခုလို ‌ပြောသည်။

“မြန်မာနိုင်ငံရဲ့ပညာ‌ရေးက နိမ့်ကျ‌နေတယ်။ မြှင့်တင်ဖို့၊ ပြုပြင်‌ပြောင်းလဲဖို့လိုတယ်။ ပြုပြင်‌ပြောင်းလဲ‌ရေးမှာ ‌ဒေသအားလုံးက ‌ဒေသခံ‌တွေဖြစ်တဲ့ ‌ကျောင်းဆရာ‌တွေ၊ ‌ကျောင်းသား‌တွေ၊ မိဘ‌တွေကိုယ်တိုင် ပါဝင်ပြီး‌တော့ အကြံဉာဏ်‌ရော အင်အား‌ရော ကျ‌နော်တို့နဲ့ ပူး‌ပေါင်းကြပါ။ အစိုးရကိုလည်း အတူတကွ တိုက်တွန်းအကြံပြုပါတယ်”ဟု သူက ‌ပြောသည်။

ပညာ‌ရေး ပြုပြင်‌ပြောင်းလဲခြင်းဆိုသည်မှာ ‌ဒေသခံများလိုလားသည့် ပညာ‌ရေးစနစ်ဖြစ်‌သော ပညာ‌ရေးမူဝါဒ ချမှတ်ခြင်း၊ ပညာ ‌ရေးစီမံကိန်း ‌ရေးဆွဲသည့်အခါ ‌ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူထုကိုယ်စားပြု‌သောသူများ ပါဝင်ရန်လို‌ကြောင်း၊ ကရင်‌ဒေသနှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းဖြစ်သည့် ‌ဒေသဆိုင်ရာ ယဉ်‌ကျေးမှု၊ သမိုင်း၊ ဓ‌လေ့ထုံးစံများကို သင်ကြားနိုင် သည့် သင်ရိုးဖြစ်ရန်၊ မိခင်ဘာသာစကားအား အ‌ခြေပြု‌သော ဘာသာစကားသုံးမျိုးစနစ်ဖြစ်သည့် ကရင်၊ ဗမာ၊ အဂင်္လိပ်ဘာသာ စကားအား အ‌ကောင်အထည်‌ဖော်‌သော စနစ်မျိုးဖြစ်ရန်တို့ ပါဝင်သည်ဟု ‌ဒေါက်တာသိန်းလွင်က ဆက်‌ပြောသည်။

NNER နှင့် KSCN အဖွဲ့တို့ ဦး‌ဆောင်ကျင်းပခဲ့သည့် ယင်း‌ဆွေး‌နွေးပွဲတွင် ကရင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်း‌ပေါင်းစုံ၊ နိုင်ငံ‌ရေးပါ တီ၊ ဘုန်း‌တော်ကြီးသင်ပညာ‌ရေး‌ကျောင်း၊ ‌ကျောင်းသားသမဂ္ဂ၊ ကိုယ်ပိုင်‌ကျောင်းများတို့မှ ကိုယ်စားလှယ် ၇၀‌ကျော် တက် ‌ရောက်ခဲ့ပြီး ဖက်ဒရယ်ပညာ‌ရေးနှင့်ဆိုင်‌သော အသိပညာများ တိုးပွားလာ‌ရေး၊ နိုင်ငံ‌ရေးအကူးအ‌ပြောင်း ကြားကာလတွင် ငြိမ်း ချမ်း‌ရေးဖြစ်စဉ်နှင့် ပညာ‌ရေးပြုပြင်‌ပြောင်းလဲမှု၊ အရပ်ဘက်အဖွဲ့အစည်းများ အချင်းချင်း ဝိုင်းဝန်းချိတ်ဆက်ပူး‌ပေါင်းကာ ပညာ ‌ရေးပြုပြင်‌ပြောင်းလဲမှုများကို မည်သို့လုပ်‌ဆောင်သွားနိုင်မည်ကို ‌ဆွေး‌နွေးခဲ့ကြသည်။

‌ဆွေး‌နွေးပွဲ ဦး‌ဆောင်ကျင်းပသူ စရှိုင်းကလည်း “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပညာ‌ရေးစနစ်ဆိုတာ ဗဟိုချုပ်ကိုင်မှု ကင်းရမယ်၊ တိုင်း ရင်းသား‌ခေါင်း‌ဆောင်ကိုယ်၌က ဆုံးဖြတ်ပြီး‌တော့ ပြည်သူလူထုနဲ့ပူး‌ပေါင်းပြီး တိုင်းရင်းသား‌တွေရဲ့ စာ‌ပေ၊ ရိုးရာ၊ ယဉ်‌ကျေးမှုကို အ‌ခြေခံတဲ့ ပညာ‌ရေးစနစ် ဖြစ်တယ်။ ဒါ‌ကြောင့် အခု‌ဆွေး‌နွေးပွဲက တစ်သံတည်းထွက်ဖို့ လိုတယ်။ ကျ‌နော်တို့ KSCN ကလည်း ဒီ State Level (ပြည်နယ်အဆင့်)က‌နေ ကရင်ပြည်နယ်အစိုးရနဲ့ မကြာမကြာ‌တွေ့ဆုံပြီး ‌ဆွေး‌နွေးတိုက်တွန်းသွားမှာပါ”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

အစိုးရမဟုတ်‌သော ပညာ‌ရေးအဖွဲ့အစည်း၊ လူထုပညာ‌ရေးအဖွဲ့အစည်းများနှင့် ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် NNER အ‌နေ ဖြင့် ၂၀၁၂ခုနှစ်မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာ‌ရေး ပြုပြင်‌ပြောင်းလဲမှုများကို တစိုက်မတ်မတ် လုပ်‌ဆောင် ‌နေ‌သော အဖွဲ့အစည်းဖြစ်ပြီး Karen State Civil Society Network -KSCN အဖွဲ့ကိုမူ ကရင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့ ၇ဝဖြင့် ၂၀၁၃ခုနှစ်က ကွန်ယက် စတင် ချိတ်ဆက်ခဲ့ခြင်းဖြစ်သည်။