Home သတင်း ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စုသည်သာ ငြိမ်းချမ်း‌ရေးအတွက် အ‌ဖြေဟု နိုင်ငံ‌တော် သမ္မတက နှစ်သစ်ဆု‌တောင်းတွင် ထည့်သွင်း‌ပြောဆို

ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စုသည်သာ ငြိမ်းချမ်း‌ရေးအတွက် အ‌ဖြေဟု နိုင်ငံ‌တော် သမ္မတက နှစ်သစ်ဆု‌တောင်းတွင် ထည့်သွင်း‌ပြောဆို

1677
ဧပြီ ၁၇ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

အမျိုးသား ရင်ကြား‌စေ့‌ရေးနှင့် ငြိမ်းချမ်း‌ရေးအတွက် ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုသည်သာ တစ်ခုတည်း‌သော အ‌ဖြေဖြစ် သည်ဟု နိုင်ငံ‌တော်သမ္မတ ဦးထင်‌ကျော်က ယ‌နေ့ (ဧပြီလ ၁၇ရက်) မြန်မာနှစ်ဆန်းတစ်ရက်‌နေ့တွင် နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆု‌တောင်းစကား၌ ထည့်သွင်း‌ပြောဆိုလိုက်သည်။

သမ္မတ ဦးထင်‌ကျော်က “အမျိုးသားရင်ကြား‌စေ့‌ရေးနဲ့ ငြိမ်းချမ်း‌ရေးအတွက် ဒီမိုက‌ရေစီဖက်ဒရယ် ပြည်‌ထောင်စုသည်သာ တစ် ခုတည်း‌သော အ‌ဖြေဖြစ်တဲ့အတွက် ကျ‌နော်တို့အားလုံး စိတ်ဝမ်းမကွဲ ဆိုးတူ‌ကောင်းဖက် ဒီလမ်း‌ကြောင်းကို လက်တွဲ ‌လျှောက် လှမ်းနိုင်ကြမယ်ဆိုရင် အများပြည်သူ‌တွေ ‌မျှော်လင့်‌စောင့်စား‌နေတဲ့ ငြိမ်းချမ်း‌ရေးဆိုတဲ့ခရီးဟာ မည်မျှပင် ခက်ခဲကြမ်းတမ်းပါ‌စေ၊ မကြာမီမှာ ကျ‌နော်တို့ပန်းတိုင်ကို‌ရောက်‌အောင် ‌အောင်မြင်စွာ ‌လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ‌ပြောသည်။

တိုင်းရင်းသားလူမျိုး ၁၀၀‌ကျော် စု‌ပေါင်း‌နေထိုင်သည့် ပြည်‌ထောင်စုကြီးတွင် မတူကွဲပြားမှုကို ‌ပေါင်းစည်းပြီး အင်အားတစ်ရပ်အ ဖြစ် ‌ရောက်ရှိလာ‌အောင် ကြိုးစားသွားရမည်ဖြစ်သလို ငြိမ်းချမ်းပြီး ဘာသာတရား၏ အဆုံးအမ၊ ရိုးသားပြီး မြင့်မြတ်သည့် စာရိတ္တ၊ ယဉ်‌ကျေးပြီး သဟဇာတဖြစ်‌သော ဓ‌လေ့များနှင့် ဖက်ဒရယ် အ‌လေ့အကျင့်‌ကောင်းများကို ပြုစုပျိုး‌ထောင်သွားရမည်ဟု သမ္မတက ဆက်‌ပြောသည်။

ထို့အပြင် ဖက်ဒရယ် ဆိုသည်မှာ မတူကွဲပြားမှုကို လိုက်‌လျောညီ‌ထွေ ‌ပေါင်းစည်းပြီး ညီညွတ်မှုအင်အား တည်‌ဆောက်ခြင်းဖြစ် ကာ ၂၀၁၇ခုနှစ်ကို ငြိမ်းချမ်း‌ရေးနှစ်ဟု ‌မျှော်မှန်းထားပြီး ပြည်သူများအတွက် ဝမ်း‌မြောက်ဖွယ်ရလဒ်များ ‌ဆောင်ကြဉ်းလာနိုင်ရန် ‌မျှော်လင့်ထား‌ကြောင်း နိုင်ငံ‌တော်သမ္မတက ‌ပြောသည်။

အလားတူ နိုင်ငံ‌တော် ဒုသမ္မတ ဦးမြင့်‌ဆွေကလည်း တစ်နှစ်တာကာလအတွင်း ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌ရေး၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တိုင်းရင်းသားပြည်သူအားလုံး သဟဇာတ ပြည့်ဝစွာ ‌နေထိုင်နိုင်‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အသက်‌သွေး‌ကြောသဖွယ် အ‌ရေးကြီးသည့် ပြည်တွင်းငြိမ်းချမ်း‌ရေး အမြန်ဆုံးရရှိရန် တစိုက် မတ်မတ် ‌ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာ့နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

၎င်းအပြင် ပြည်သူများက ငြိမ်းချမ်း‌ရေးရရှိရန်အတွက် အလှူ‌ငွေများ စိတ်အားထက်သန်စွာ ထည့်ဝင်‌နေကြသည်ကိုလည်း အားရ ‌ကျေနပ်ဖွယ် ‌တွေ့ရှိရပြီး ယင်းသည် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အတွက် အစိုးရနှင့် ပြည်သူတစ်သားတည်းရှိ‌ကြောင်း ပြသ‌နေခြင်း ဖြစ်သည်ဟု ဒုသမ္မတ ဦးမြင့်‌ဆွေက ‌ပြောသည်။

လက်ရှိ အစိုးရလက်ထက် တစ်နှစ်‌ကျော်ကာလအတွင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ဆက်လက် ‌ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့ သည့် ၂၀၁၆ခုနှစ်၊ ဩဂုတ်လ ၃၁ရက်‌နေ့တွင် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ (၂၁ရာစုပင်လုံ) ကျင်းပနိုင်ခဲ့သလို NCA တွင် လက်မှတ်မထိုး‌သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့ပြီး တစ်နှစ်အတွင်း မြန်မာ ပြည်အ‌ရှေ့‌မြောက်ပိုင်း၌ တိုက်ပွဲများ အရှိန်မြှင့် ဖြစ်ပွားရှိခဲ့‌ကြောင်း သိရသည်။