Home သတင်း တနသင်္ာရီတိုင်း‌ဒေသကြီး၊ ကရင်စာ‌ပေယဉ်‌ကျေးမှု သင်တန်းဆင်းပွဲ ‌ဒေသခံ ၅၀၀‌ကျော် တက်‌ရောက်

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ကရင်စာ‌ပေယဉ်‌ကျေးမှု သင်တန်းဆင်းပွဲ ‌ဒေသခံ ၅၀၀‌ကျော် တက်‌ရောက်

1670

ဧပြီ ၂၁ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

စတုတ္ထကြိမ်‌မြောက် ကရင်စာ‌ပေ ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်း အခမ်းအနားကို ဧပြီလ ၂၁ရက်‌နေ့တွင် တနသင်္ာရီတိုင်း‌ဒေ သကြီး၊ ပု‌လောမြို့နယ်၊ ဆယ်အိမ်စုရွာတွင် ပြုလုပ်ခဲ့ရာ ‌ဒေသခံ ၅၀၀‌ကျော် ပါဝင်တက်‌ရောက်ခဲ့‌ကြောင်း ဦး‌ဆောင်သူများက ‌ပြောသည်။

စစ်‌ဘေးစစ်ဒဏ်‌ကြောင့် စာ‌ပေ၊ ယဉ်‌ကျေးမှုအပိုင်း အားနည်းခဲ့ရသည့် ပု‌လောမြို့နယ်ရှိ ‌ကျေးရွာအုပ်စု ၉စုမှ သင်တန်းသူ၊ သင် တန်းသားဦး‌ရေ ၄၀၀‌ကျော်အား ကရင်စာ လိက်ထူးလီ၊ ဒုံးအက အတတ်ပညာ၊ ယဉ်‌ကျေးမှု တူရိယာအတတ်ပညာများကို မတ်လ ၂ဝရက်မှ ဧပြီလ ၂ဝရက်‌နေ့အထိ သင်ကြားပို့ချ‌ပေးပြီး‌နောက် ယခုကဲ့သို့ သင်တန်းဆင်းပွဲ ပြုလုပ်‌ပေးခြင်းဖြစ်သည်ဟု သင်တန်းဆရာ ‌စော‌ယောင့်သာအဲဆန်က ‌ပြောသည်။

သူက “ဒီဘက်‌ဒေသက တစ်ချို့ဆို ကရင်စာ‌တောင် မမြင်ဖူးဘူး။ တစ်ရာခိုင်နှုန်း‌လောက်ပဲ ကရင်စာတတ်ကြတယ်။ စာ‌ပေ၊ ယဉ် ‌ကျေးမှု အားနည်းတဲ့အ‌ပေါ်မှာ တိုးတက်ပြန့်နှံ့လာ‌အောင် ‌ဖော်‌ဆောင်‌ပေးခြင်းဖြစ်တယ်။ စိတ်ပါဝင်စားစွာနဲ့ ‌ဒေသခံ ၅၀၀‌ကျော် အထိ တက်‌ရောက်လာတယ်”ဟု ဧပြီလ ၂၁ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ သင်တန်းဆင်းပွဲ၌ မနက် ၇နာရီ အလံတင် အခမ်းအနားဖြင့် စတင်ပြီး သဘာပတိ အဖွင့်မိန်ခွန်း‌ပြောကြားခြင်း၊ စာ‌ပေ ထူးချွန်ဆုရ ‌ကျောင်းသူ၊‌ကျောင်းသားများကို ဆုချီးမြှင့်ခြင်းနှင့် ‌ဒေသခံ ကရင်ဒုံးအက ၇ဖွဲ့က တက်‌ရောက်‌ဖျော်‌ဖြေခဲ့‌ကြောင်း သိ ရသည်။

ပု‌လောမြို့နယ် ဆယ်အိမ်စုရွာ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုအဖွဲ့မှ ‌စော‌အောင်တင်က “ဒီဘက်မှာ အရင်က ကရင်စာတတ်‌မြောက် မှု နည်းတယ်။ ‌ကျေးရွာအုပ်စု ၃ အုပ်စုပဲ လာသင်ကြတယ်။ အခု ‌ကျေးရွာ ၉အုပ်စုအထိ စာ‌ပေ၊ ယဉ်‌ကျေးမှုအပိုင်း လာပြီး သင် ယူကြတယ်။ ‌ဒေသခံ‌တွေ ကရင်စာ‌ရော၊ ယဉ်‌ကျေးမှု ဒုံးအကပိုင်းမှာ‌ရော ‌တော်‌တော်‌လေး တတ်‌မြောက်လာ‌နေပြီး”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

တနသင်္ာရီ တိုင်း‌ဒေသကြီးအ‌နေဖြင့် ယခင်နှစ် တတိယအကြိမ်‌မြောက် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု သင်တန်းဆင်းပွဲကို ပု‌လောမြို့ နယ် မိ‌ချောင်းသိုက်‌ကျေးရွာတွင် ကျင်းပခဲ့ပြီး ယခုနှစ် ‌ဒေသအသီးသီးမှ ပြည်နယ်အဆင့် စု‌ပေါင်းသင်တန်းဆင်းပွဲကိုမူ ‌မေလ ၇ ရက်မှ ၉ရက်‌နေ့အထိ မွန်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ‌ပေါင်မြို့နယ်၊ ဆင်ရွာတွင် စု‌ပေါင်းကျင်းပသွားမည်ဟု သိရ
သည်။