Home သတင်း ကရင်လူထုုများ ဖက်ဒရယ်စနစ်ဆိုင်ရာ အသိပညာများ သိမြင်လာရန် ‌ဆွေး‌နွေးပွဲပြုလုပ်

ကရင်လူထုုများ ဖက်ဒရယ်စနစ်ဆိုင်ရာ အသိပညာများ သိမြင်လာရန် ‌ဆွေး‌နွေးပွဲပြုလုပ်

1695

ဧပြီလ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင့်‌ရေးရာ‌ကော်မတီ KAC မှ ဦး‌ဆောင်ပြီး ကရင်နိုင်ငံ‌ရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဘာသာ‌ရေး ‌ခေါင်း ‌ဆောင်များ ပါဝင်သည့် ဖက်ဒရယ်နှင့် ဒီမိုက‌ရေစီဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ဧပြီလ ၂၇ ရက်‌နေ့က ဖားအံမြို့ရှိ သု‌မေဓာရာမ‌တောရ‌ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲမှာ ဖားအံခရိုင်အဆင့် ပြုလုပ်သည့် ဖက်ဒရယ်နှင့်ဒီမိုက‌ရေစီဆိုင်ရာ အလုပ်ရုံ‌ဆွေး ‌နွေးပွဲဖြစ်ပြီး ‌အောက်‌ခြေ ကရင်လူထုမှ ဖက်ဒရယ်စနစ်ဆိုင်ရာ အသိပညာများပိုမိုသိမြင်လာ‌စေရန်နှင့် ဖက်ဒရယ် စနစ်ထူ‌ထောင်ရာ တွင် ပူး‌ပေါင်းပါဝင်လာ‌စေရန် ရည်ရွယ်ခြင်းဖြစ်‌ကြောင်း KAC အတွင်း‌ရေးမှူး ‌စော‌ကျော်စွာ က ‌ပြောသည်။

၎င်းက “နိုင်ငံ‌တော် တည်‌ဆောက်‌ရေးမှာ အားလုံးက ဖက်ဒရယ်စနစ်နဲ့သွားမယ်ဆိုတာ သ‌ဘောတူူကြတယ်။ ဖက် ဒရယ်စနစ်ဆိုတာဘာလဲဆိုတာ ‌အောက်‌ခြေလူထု‌တွေသိ‌အောင်လုပ်တာဖြစ်တယ်။ KNU တို့ နိုင်ငံ‌ရေးပါ တီတို့ရဲ့ သ‌ဘောဆန္ဒ‌တွေချည်းမဟုတ်ပဲနဲ့ ပြည်လူထုအသံလည်း ပါဝင်‌စေချင်တာဖြစ်ပါတယ်။ ပြီး‌တော့ ဖက်ဒရယ် စနစ်နဲ့နိုင်ငံတည်‌ဆောက်ခြင်းသည်သာ စစ်မှန်တဲ့ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်‌ပေးနိုင်မယ်ဆိုတာကို သိ‌စေချင်တာလည်းဖြစ်တယ်” ဟု‌ပြောသည်။

ယခုပြုလုပ်သည့် ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ကရင်အမျိုးသားအစည်းအရုံး -KNU၊ ဖလုံစ‌ဝေါ်ဒီမို ကရက်တစ်ပါတီ၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD၊ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ KHRG၊ ကရင်အရပ်ဖက် လူမှုအဖွဲ့အစည်းကွန်ရက်-KSCN၊ ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ စသည့်အဖွဲ့အစည်း ၁၅ ဖွဲ့ခန့်မှ လူ ၁၁ဝ ဦး တက်‌ရောက် ‌ဆွေး‌နွေး ခဲ့ကြသည်။

ထိုသို့‌ဆွေး‌နွေးကြရာတွင် ကရင်နိုင်ငံ‌ရေးပါတီမှ ကိုယ်စားလှယ်တစ်ဦး၊ KNU မှ ကိုယ်စားလှယ်တစ်ဦး၊ ကရင် အရပ် ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦးတို့မှ ဖက်ဒရယ်စနစ် ဆိုင်ရာ သ‌ဘောထားအမြင်များတင်ပြခြင်း၊ ‌ဆွေး‌နွေးခြင်း၊ သ‌ဘောထားရလဒ်များ စုစည်းခြင်းနှင့် ‌ရှေ့ဆက် လုပ်‌ဆောင်မည့် အစီအစဉ်များအား ‌ဆွေး‌နွေးဆုံးဖြတ်ခြင်းများပြုလုပ်ခဲ့ကြသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲတက်‌ရောက်လာသည့် KNU နဘူးမြို့နယ် ကိုယ်စားလှယ်ဖြစ်သူ ‌စောလား‌ဟော်ထူးက“ ကျ‌နော်တို့ အခု လိုလုပ်‌ပေးတာ ဖက်ဒရယ်စနစ်နဲ့ပတ်သက်လို့ မသိတဲ့သူ‌တွေ‌ရော၊ သိတဲ့သူ ‌တွေ‌ရော အကျိုးရှိတယ်။ ပိုပြီးသိလာရတာ ‌တွေလည်းရှိတယ်။ အဓိကက‌တော့ အခုလို ကရင်အဖွဲ့အစည်း‌တွေနဲ့ မကြာခဏ‌တွေ့ဆုံမှု‌လေး‌တွေက‌နေ ထိ‌တွေ့ မှုပို‌ကောင်းလာတယ်။ ကျ‌နော့်အမြင်က‌တော့ ဒီလိုအချင်း ချင်း ထိ‌တွေ့မှု‌လေး‌တွေများများလုပ်‌ပေးနိုင်‌လေ ‌ကောင်း‌လေပဲလို့မြင်ပါတယ်”ဟု‌ပြောသည်။

ထို့အပြင် ယ‌နေ့‌ဆွေး‌နွေးပွဲများမှ ရရှိလာသည့် သ‌ဘောထားများကို စုစည်းပြီး လာမည့် ဇွန်လတွင် အလားတူ အလုပ်ရုံ‌ဆွေး‌နွေးကို ပြည်နယ်အဆင့်တစ်ကြိမ်ထပ်မံပြုလုပ်မည်ဖြစ်ကာ ရရှိလာသည့် ဖက်ဒရယ်စနစ်ဆိုင်ရာ သ‌ဘောထားများကို ကရင်ပြည်နယ် တစ်ဝှမ်းလုံးရှိ လူထု၏ အသံအဖြစ် ကိုယ်စားပြုပြီး ကရင်လက်နက်ကိုင် အဖွဲ့များ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ပြည်နယ်လွှတ်‌တော်များတွင် ‌ပေးပို့သွားမည်ဖြစ်‌ကြောင်းလည်း KAC ထံမှသိရသည်။