Home သတင်း ကရင်စာယဉ်သင်တန်းဆင်းပွဲအတွက် မွန်ပြည်နယ်အစိုးရမှ သိန်း ၆၀ဝ ခွင့်ပြု‌ပေးမည်

ကရင်စာယဉ်သင်တန်းဆင်းပွဲအတွက် မွန်ပြည်နယ်အစိုးရမှ သိန်း ၆၀ဝ ခွင့်ပြု‌ပေးမည်

2448

ဧပြီ ၂၁ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်၊ ဆင်ရွာတွင် ပထမဆုံးအကြိမ်အဖြစ် ‌မေ ၇ရက်မှ ၉ရက်‌နေ့အထိ ကျင်းပမည့် ၄၇ကြိမ်‌မြောက် ပြည် နယ်အဆင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲ အခမ်းအနားအတွက် မွန်ပြည်နယ်အစိုးရမှ ကျပ်သိန်း ၆၀ဝ ခွင့်ပြု‌ပေးသွားမည်ဟု ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ဧပြီလ ၂ဝရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က “တိုင်းရင်းသားအချင်းချင်း၊ ပစ်ပယ်ထားမှု မရှိဘူး။ လိပ်ပြာချည်ပွဲ၊ နှစ်သစ်ကူး၊ အမျိုးသား‌နေ့‌တွေ မှာလည်း လိုအပ်မှု‌တွေကို တတ်နိုင်သ‌လောက် ဖြည့်ဆည်း‌ပေးတယ်။ တိုင်းရင်းသား စာ‌ပေ ယဉ်‌ကျေးမှု‌တွေကိုလည်း တန်ဖိုး ထားတယ်။ သင်တန်းဆင်းပွဲ ‌အောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် သိန်း ၆၀ဝကို အစိုးရက ခွင့်ပြု‌ပေးသွားမယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသင်္ာရီတိုင်း‌ဒေသကြီးများတွင် ‌နေထိုင်ကြသည့် ကရင်လူမျိုးများသည် ၎င်းတို့‌နေထိုင်ရာ မြို့နယ်များတွင် မတ်လကတည်းက စတင်ကာ ပိုးကရင်၊ စ‌ကောကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှုဆိုင်ရာ သင်တန်းများကို ဖွင့်လှစ် သင်ကြား‌ပေးခဲ့ပြီး‌နောက် ယခုလို စု‌ပေါင်းသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် မွန်ပြည်နယ်၌ ပထမဆုံးအ ကြိမ် ကျင်းပပြုလုပ်ရန် စီစဉ်‌နေခြင်းဖြစ်သည်။

မွန်ပြည်နယ်၏ ၁ဝမြို့နယ်တွင် ကရင်တိုင်းရင်းသားဦး‌ရေ ၃သိန်းနီးပါးရှိပြီး အချို့‌နေရာများတွင် ကရင်စာ‌ပေယဉ်‌ကျေးမှုကို ထိန်းသိမ်းရာတွင် အားတက်သ‌ရော မဖြစ်‌သေးသည့်‌နေရာများ ရှိ‌နေ‌သေးသည့်အ‌ပေါ် ယခုလို ကရင်ပြည်နယ်မှာ ကျင်းပ‌လေ့ရှိ သည့်ပွဲက မွန်ပြည်နယ်အထိ ကျင်းပခွင့်ရလာသည့်အတွက် မိမိတို့၏ စာ‌ပေယဉ်‌ကျေးမှု ထိန်းသိမ်းမြှင့်တင်လိုစိတ် ဖြစ်လာမည် ဟု ဝန်ကြီး‌စော‌အောင်မြင့်ခိုင်က ဆက်‌ပြောသည်။

‌ပေါင်မြို့နယ် ကရင်စာ‌ပေ ယဉ်‌ကျေးမှု‌ကော်မတီမှ လက်‌ထောက်သင်တန်းမှူး ‌စော‌ခေဖိုးခွာက “ဒီကလူ‌တွေက သင်တန်းဆင်းပွဲ နဲ့ မရင်းနှီး‌တော့ ရံပုံ‌ငွေ‌ကောက်ခံတဲ့‌နေရာမှာ အခက်အခဲ‌တော့ ရှိတယ်။ ပြည်နယ်အစိုးရက ‌ထောက်ပံ့‌ငွေ‌ပေးမယ်လို့‌တော့ ‌ပြောထားတယ်။ ‌လော‌လောဆယ် မလာ‌သေးဘူး‌ပေါ့‌နော်။ မွန်ပြည်နယ် ၁ဝမြို့နယ် အတိုင်းအတာနဲ့ ကျင်းပသွားမယ်။ အခမ်း အနား ၅ဝရာခိုင်နှုန်း‌ကျော်‌တော့ ပြင်ဆင်ထားပြီးပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အဆိုပါ ၄၇ကြိမ်‌မြောက် ပြည်နယ်အဆင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲတွင် မွန်ပြည်နယ် အပါ အဝင် ကရင်ပြည်နယ်တို့မှ စုစု‌ပေါင်းပြိုင်ပွဲဝင် ဒုံးအကအဖွဲ့ ၃ဝခန့်မှာ လက်ရှိအချိန်တွင် ‌လေ့ကျင့်မှုများလုပ်‌ဆောင်‌နေပြီဟု ယင်းကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲ၏ ဒုံးပြိုင်ပွဲ အမှတ်‌ပေးဒိုင်တစ်ဦးဖြစ်သူ ဆရာကဗျာစိန်က ‌ပြောသည်။

ယခင်နှစ် ၄၆ကြိမ်‌မြောက် ပြည်နယ်အဆင့် စာယဉ် စု‌ပေါင်းသင်တန်းဆင်းပွဲကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းရွာ တွင် ကျင်းပခဲ့ပြီး ယခုနှစ် ၄၇ကြိမ်‌မြောက် စု‌ပေါင်းသင်တန်းဆင်းပွဲ အခမ်းအနားသို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသင်္ာရီ တိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းမှ ကရင်တိုင်းရင်းသားများ တက်‌ရောက်မည်ဖြစ်ပြီး စာ‌ပေ၊ ‌တေးသီချင်း၊ ပြဇာတ်၊ ယဉ်‌ကျေးမှု တူရိယာ၊ ကရင်ဒုံးအကပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဟု ယဉ်‌ကျေးမှု‌ကော်မတီထံမှ သိရသည်။