Home သတင်း ဝင်း‌ရော်‌ဒေသအတွင်း ယခုနှစ် ‌မြွေ‌ပွေးကိုက်ခံရမှုများလာပြီး အကိုက်ခံရသူ ၁ဝ ဦး‌ကျော်တွင် ၂ ဦး‌သေဆုံးခဲ့

ဝင်း‌ရော်‌ဒေသအတွင်း ယခုနှစ် ‌မြွေ‌ပွေးကိုက်ခံရမှုများလာပြီး အကိုက်ခံရသူ ၁ဝ ဦး‌ကျော်တွင် ၂ ဦး‌သေဆုံးခဲ့

1963

မတ် ၂၇ ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသတွင် ယခုနှစ် ၂၀၁၇ ခုနှစ်တွင် ‌ဒေသခံများ ‌မြွေ‌ပွေး အကိုက်ခံ ရမှုများပြားလာပြီး ဇန်နဝါရီမှ ယခုမတ်လအထိ ‌မြွေ‌ပွေးကိုက်ခံရသူ‌ပေါင်း ၁ဝ ဦး‌ကျော်တွင် ၂ ဦး ‌သေဆုံးခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ ‌မြွေကိုက်ခံရသည့် ‌ကျေးရွာများမှာ ခလယ်၊ တံခွန်တိုင်၊ မြို့‌ဟောင်း၊ ပူးလိင်၊ ထွီ‌မောင်ထို၊ တမို‌ဝေါင်း နှင့် ဒိုင် လွတ်‌ကျေးရွာတို့ဖြစ်ပြီး အကိုက်ခံရသူ အများစုမှာ လယ်ယာ လုပ်ငန်း လုပ်ကိုင်သူ၊ ရာဘာခြံလုပ် ငန်း လုပ်ကိုင်သူနှင့် သားငါးရှာ‌ဖွေကြသူများဖြစ်ကြသည်ဟု ‌ဒေသခံများက ဆိုသည်။

လွန်ခဲ့သည့် ၅လက မုရင်းလယ်ကွင်းသွားရင်း ‌မြွေ‌ပွေးကိုက်ခံရသူ ခလယ်ရွာမှ ‌စော‌ရွှေလှဝင်းက “အဓိက လယ်လုပ် သူနည်းလာ‌တော့ ချုံ‌တွေထူလာတယ်။ ရွာနားမှာ နှီးပြား‌တွေနဲ့ ကြွက်‌တွေ‌ခေါ်ကြတယ်‌လေ။ အဲမှာ ကြွက်‌တွေ‌ရော ‌မြွေ‌တွေ‌ရော ‌ရောပြီးလာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မိမိအ‌နေဖြင့် ‌မြွေကိုက်ခံရပြီး‌နောက် ယခင်ကဲ့သို့ စား‌သောက်၍ အဆင်မ‌ပြေ‌သေးသလို ခုခံအား ကျသွား သည့်အတွက် ပင်ပန်းသည့်အလုပ်မလုပ်နိုင်‌သေး‌ကြောင်း၊ လယ်၊ ခြံသွားပါက ဖိနပ်ရှည်ဝတ်သွားပြီး ‌မြွေကိုက်ခံရလျှင် မိရိုးဖလာနည်းဖြင့်မကုဘဲ ‌ဆေးရုံသို့သာ အမြန်းဆုံး တက်‌ရောက်ကုသရန် လိုအပ်သည်ဟု ‌စော‌ရွှေလှဝင်းက ဆက် ‌ပြောသည်။

တမို့‌ဝေါင်းရွာ အုပ်ချုပ်‌ရေးမှူး မန်းခင်လှိုင်ကလည်း “‌မြွေ‌ပွေး‌တွေ ‌တော်‌တော်များလာတယ်။ အရင်က ဒီ‌လောက်ထိ မရှိ ဘူး။ အခု‌တောင်‌ပေါ်မှာ‌ရော၊ လယ်ကွင်းမှာ‌ရော၊ ရွာထဲမှာလည်း ရှိလာတယ်။ ရွာသား‌တွေ ညအချိန် သွားလာရင် သ တိထားသွားလာ‌နေရတယ်”ဟု ‌ပြောသည်။

ယင်း‌မြွေအန္တရာယ်ကို ကြိုတင်ကာကွယ်ရန် ပူပြင်းသည့်ရာသီဖြစ်၍ တွင်းထဲက‌နေ ‌မြွေထွက်ရှိလာနိုင်သည့် အတွက် မိ မိအိမ်နီးနား ပတ်ဝန်းကျင်တွင် ‌မြွေခို‌အောင်းနိုင်မှုမရှိ‌စေရန် ရှင်းလင်းထားရမည်ဖြစ်ပြီး ညဘက်တွင် မီး၊ တုတ်၊ လက် ရှည် ဖိနပ်များစီးပြီး သွားလာကြရန်လိုအပ်‌ကြောင်း ခလယ်-တံခွန်တိုင် တိုက်နယ်ပြည်သူ့ ‌ဆေးရုံမှ ‌ဒေါက်တာ စည်သူ ‌အေးက ‌ပြောကြားသည်။

၎င်းက “အရင်နှစ်‌တွေက တစ်‌ယောက်စ နှစ်‌ယောက်စပဲ ‌မြွေကိုက်ခံရတာရှိတယ်။ ဒီနှစ်မှာ အခု‌လော‌လော ဆယ် ၅ ‌ယောက် ၆‌ယောက်ရှိ‌နေပြီး။ ဖြစ်နိုင်ရင်‌တော့ ‌မြွေကိုက်ခံရပြီးဆိုရင် အဆိပ်မပြန့်ခင် ‌ဆေးရုံကို မြန်မြန်လာဖို့ အ‌ရေး ကြီးတယ်။ တိုက်နယ်‌ဆေးရုံအ‌နေနဲ့ ပဏာမ အဆိပ်‌ဖြေ‌ဆေး ၄ လုံးထိုး‌ပေးတယ်။ ဆီးမထွက်တာတို့၊ ‌ကျောက်ကပ်ပါ ‌ဆေးရမယ်ဆိုရင် အ‌ခြေအ‌နေအရ မြို့ကိုပို့တယ်” ဟု ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဆယ်စုနှစ်အတွင်း သစ်‌တောများခုတ်ထွင်ကာ ရာဘာအစားထိုးစိုက်ပျိုးမှုများလာပြီး ‌မြွေ များခို‌အောင်းသည့်‌နေရာ နည်းပါးလာသဖြင့် ‌ကျေးရွာနားသို့ ဝင်‌ရောက်ခို‌အောင်းလာသည့်အတွက် ‌ဒေသခံများ‌မြွေ ကိုက်ခံရမှု များလာခြင်းဖြစ်သည်ဟု ‌ဒေသခံများ ‌ပြောသည်။

ဝင်း‌ရော်‌ဒေသတွင် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်က နိုဝင်ဘာလမှ ယခုနှစ် ၂၀၁၇ ခုနှစ် မတ်လအထိ ‌မြွေကိုက်ခံရသူ ဦး‌ရေ စုစု‌ပေါင်း ၁၆ ဦးရှိသည့်အနက် ၂ ဦး‌သေဆုံးခဲ့သည်ဟု ‌ဒေသခံရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။