Home သတင်း ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းစဉ်တခုပြီး‌သော်လည်း ဆက်ကူညီ‌ပေးသွားမည်ဟု နီပွန်‌ဖောင်‌ဒေးရှင်းဥက္ကဌ ‌ပြောဆို

ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းစဉ်တခုပြီး‌သော်လည်း ဆက်ကူညီ‌ပေးသွားမည်ဟု နီပွန်‌ဖောင်‌ဒေးရှင်းဥက္ကဌ ‌ပြောဆို

1888

မတ်လ ၁ဝရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များ၌ ပါဝင်ကူညီ‌ပေး‌နေသည့် ဂျပန်နိုင်ငံမှ နီပွန်‌ဖောင်‌ဒေးရှင်းအ‌နေဖြင့် ‌နေရပ်ပြန် ဒုက္ခသည် များအတွက် ပြန်လည်ထူ‌ထောင်‌ရေး လုပ်ငန်းများကို ဆက်လက် ကူညီ‌ပေးသွားမည်ဟု နီပွန်‌ဖောင်‌ဒေးရှင်း ဥက္ကဌ မစ္စတာဆာ ဇာကာဝါက ယ‌နေ့ ‌ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ‌လေး‌ကေ့‌ကော်မြို့သစ်တွင် ယ‌နေ့ပြုလုပ်သည့် မြန်မာနိုင်ငံအ‌ရှေ့‌တောင်‌ဒေသများရှိ ပဋိပက္ခဒဏ် သင့် ‌ဒေသခံပြည်သူများအတွက် တည်‌ဆောက်‌ပေးခဲ့‌သော အ‌ဆောက်အအုံများ ပြီးစီးမှုနှင့် လွဲ‌ပြောင်းမှု အထိမ်းအမှတ် အခမ်း အနားတွင် မစ္စတာဆာဇာကာဝါ က ယခုလို ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “မကြာ‌သေးခင်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်က‌နေ ‌ဒေသခံ‌တွေက‌တော့ ဒီလုပ်ငန်းပြီးသွားရင် နီပွန်‌ဖောင်‌ဒေးရှင်းနဲ့ ဂျပန်အစိုးရ ရဲ့အကူအညီက ပြီးသွားမယ်၊ဒီကပဲရပ်သွားမယ်လို့ ‌ကောလဟာလ ထွက်‌နေတယ်လို့ ကျ‌နော်တို့ကြားသိရပါတယ်။ ဒီ‌ကောလ ဟလက‌တော့ လုံးဝ မှားပါတယ်။ ကျ‌နော်တို့ ဒုတိယအဆင့်အ‌နေနဲ့ ‌ဒေါ်လာ‌ပေါင်း သိန်း ၃၀၀‌လောက် ပမာဏရှိတဲ့ ထူ‌ထောင် ‌ရေးလုပ်ငန်း‌တွေကို ဆက်ပြီး‌တော့ မြန်မာအစိုးရဘက်က‌နေ ခွင့်ပြုပြီး‌တော့ ကျ‌နော်တို့ဆက်ပြီး‌တော့ လုပ်‌ဆောင်ရမှာ ဖြစ်ပါ တယ်”ဟု စကားပြန်မှတစ်ဆင့် ‌ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ငြိမ်းချမ်း‌ရေးရရှိရန်အတွက် ဂျပန်အစိုးရနှင့် ဂျပန်ပြည်သူလူထုထံ၌လည်း တာဝန်ရှိ‌နေသည်ဟု ယူဆထားသလို ဂျပန် ပြည်ဗုံးကြဲခံခဲ့ရစဉ် ကြုံ‌တွေ့ခဲ့ရသည့် အခက်အခဲများနှင့် နှိုင်းယှဉ်စာနာပြီး ငြိမ်းချမ်း‌ရေးတန်ဖိုးကို နားလည်‌သော‌ကြောင့် မြန်မာ ပြည် ငြိမ်းချမ်း‌ရေးရရှိရန်အတွက် မိမိတို့တာဝန်ကဲ့သို့ မှတ်ယူကာ ကူညီ‌ပေး‌နေခြင်းဖြစ်သည်ဟုလည်း မစ္စတာဆာဇာကာဝါက ဆက်‌ပြောသည်။

နီပွန်‌ဖောင်‌ဒေးရှင်းအဖွဲ့သည် ၂၀၁၆ခုနှစ်၊ မတ်လ ၁ရက်‌နေ့မှစ၍ KNU-ကရင်အမျိုးသားအစည်းအရုံးနယ်‌မြေ သထုံခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်နှင့် ဒူးပလာယာခရိုင်များတွင် အ‌မေရိကန်‌ဒေါ်လာ သိန်း ၃၀ဝ ကုန်ကျတန်ဘိုးရှိသည့် ‌နေအိမ်‌ပေါင်း ၁၀၁၅လုံး၊ စာသင်‌ကျောင်းနှင့် အတွင်းပရိ‌ဘောဂပစ္စည်းပါ ‌ကျောင်း ၇‌ကျောင်း၊ ‌ကျေးလက်‌ဆေး‌ပေးခန်း ၃လုံး၊ ‌ရေတွင်း ၅တွင်း၊ ‌ပေ ၁၀ဝ ကွန်ကရစ်တံတားတစ်စင်းနှင့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုစင်တာတစ်ခုကို ‌ဆောက်လုပ်‌ပေးခဲ့သည်ဟု နီပွန်‌ဖောင်‌ဒေးရှင်း၏ စာရင်းအရသိရသည်။

အုန်းဖျန်ဒုက္ခသည်စခန်းမှ ‌လေး‌ကေ့‌ကော်မြို့သစ်သို့ ပြန်‌ရောက်ရှိ‌နေထိုင်သူ ‌နော်‌ဖောလွဲမူးက “ဒီမှာပြန်လာ‌နေ‌တော့ က‌လေး ‌တွေအတွက် ပညာ‌ရေးနဲ့ ကျန်းမာ‌ရေးအတွက် အခက်အခဲ‌တွေရှိ‌နေ‌သေးပါတယ်။ သူတို့ ‌ကျောင်းသွားတက်ရတာ အရမ်း‌ဝေး တယ်။ ကျမတို့က‌လေး‌တွေအတွက်သာမက ကျမတို့ပါ ကျန်းမာ‌ရေးအတွက်ဖြစ်‌စေ အလုပ်အကိုင်နဲ့ ပညာ‌ရေးအတွက် ပိုပြီး ‌တော့မှ ကူညီ‌ထောက်ပံ့‌ပေးဖို့အတွက် ‌မျှော်လင့်ရတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် အ‌ဆောက်အဦးများပြီးစီးမှုအထိမ်းအမှတ်အခမ်းအနားသို့ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန၏ ဒု-ဥက္ကဌ ‌ဒေါက်တာတင်မျိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်၊ ပြည်နယ် နယ်စပ်‌ရေးရာ လုံခြုံ‌ရေးဝန် ကြီး ဗိုလ်မှူးကြီး‌အောင်လွင်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နီပွန်‌ဖောင်‌ဒေးရှင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ဒု-သံအမတ်ကြီး မစ္စတာမာဂူယာမာ၊ ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူ‌စေးဖိုးနှင့် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်အ ချို့နှင့် ‌ဒေသခံလူထု စုစု‌ပေါင်း ၅၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နီပွန်‌ဖောင်‌ဒေရှင်းဥက္ကဌက လုပ်ငန်းဆိုင်ရာများ ရှင်းလင်း‌ပြောကြားခဲ့ပြီး အစိုးရနှင့် ‌ကေအဲန်ယူ တာဝန်ရှိသူ များက အမှာစကားနှင့် ‌ကျေးဇူးတင်စကား အသီးသီး ‌ပြောကြားခဲ့ကြသည်။ ထို့အပြင် တည်‌ဆောက်ပြီးစီးမှု အထိမ်းအမှတ် ‌ကျောက်တိုင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးပြီး ရိက္ခာဆန်လွှဲ‌ပြောင်းခြင်း၊ အမှတ်တရ သစ်ပင်စိုက်ခြင်းနှင့် ငြိမ်းချမ်း‌ရေး အထိမ်းအ မှတ်အဖြစ် ဂျိုးငှက်လွှတ်ခြင်းအစီအစဉ်များလည်း ပြုလုပ်ခဲ့သည်။

‌ကေအဲန်ယူနှင့် အစိုးရတို့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့်ကာလအတွင်း ‌ကေအဲန်ယူ၏ ဖားအံ၊ ဘိတ်-ထားဝယ်နှင့် ဒူးပလာ ယာခရိုင်များတွင် ၂၀၁၄ခုနှစ်မှ စတင်ကာ ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်မိသားစုများနှင့် ပြည်တွင်းပုန်း‌ရှောင်ဒုက္ခသည်-IDP များအ တွက် ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာများကို အ‌ကောင်အထည်‌ဖော် ‌ဆောက်လုပ်လာခဲ့‌သော်လည်း ယခုမှသာ ‌နေရပ်ပြန် ဒုက္ခ သည်များအတွက် ‌လေး‌ကေ‌ကော်နှင့် ကျန်‌ဒေသများ၌ လူ‌နေအိမ်ရာများ ‌ဆောက်လုပ်‌ပေးခဲ့ခြင်းဖြစ်သည်။