Home သတင်း ပြည်နယ်အတွင်း လုပ်သားကျွမ်းကျင်မှုစံနှုန်း သတ်မှတ်ပြဌာန်းနိုင်‌ရေး ‌ကော်မတီ ဖွဲ့လုပ်‌ဆောင်မည်

ပြည်နယ်အတွင်း လုပ်သားကျွမ်းကျင်မှုစံနှုန်း သတ်မှတ်ပြဌာန်းနိုင်‌ရေး ‌ကော်မတီ ဖွဲ့လုပ်‌ဆောင်မည်

1478

မတ် ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။ က‌ဆောဝါး

ပြည်နယ်အတွင်း လုပ်သားကျွမ်းကျင်မှု စံနှုန်း သတ်မှတ်ပြဌာန်းနိုင်‌ရေးအတွက် ‌ကောမတီဖွဲ့လုပ်‌ဆောင်သွား မည်ဟု ဖားအံမြို့၊ ဂါဘာနားဟိုတယ်၌ မတ် ၃ဝ ရက်တွင်ပြုလုပ်သည့် ‌ဒေသတွင်း အလုပ်သမားများ ကျွမ်းကျင် မှု ဖွံ့ဖြိုးတိုးတက်‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြန်မာလုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်‌ရေးဌာနခွဲမှ ညွှန်ကြား‌ရေးမှူး ဦး‌ကျော်‌ကျော်လွင်က ‌ပြောသည်။

၎င်းက “ အခုလာမဲ့ ၂၀၁၇-၁၈ ဘဏ္ဍာ‌ရေးနှစ်မှာ ကရင်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းနဲ့ ကျွမ်း ကျင်မှု ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ဖားအံမြို့တွင် သင်တန်း‌ကျောင်း‌ဆောက်မယ်။ ဒီဘက်‌ဒေသက လုပ်ငန်းခွင် လိုအပ်ချက်‌တွေအရ အပ်စပ်တဲ့ သင်တန်း‌တွေ ‌ပေးပြီး ကျွမ်းကျင်မှုဆိုင်ရာ များကို အဆင့် အလိုက် စံ သတ်မှတ်ချက် ‌အောင်လက်မှတ်များ ထုတ်‌ပေးမှာပါ။ လုပ်သားကျွမ်းကျင်မှု စံနှုန်း သတ်မှတ် ပြဌာန်းနိုင်ဖို့ ‌ကော်မတီများဖွဲ့စည်းလုပ်‌ဆောင်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု‌ကြောင့် တဖက်နိုင်ငံသို့ သွား‌ရောက်အလုပ် လုပ်ကိုင်‌နေရပြီး ‌ဒေသတွင်းခိုင်မာသည့် အလုပ်အကိုင် အခွင့်အလမ်းများ ‌ပေါ်ထွက်လာ‌ရေးအတွက် ယခုလို ‌ရှေ့‌ပြေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်းပခြင်းဖြစ်ပြီး ‌ဆွေး‌နွေးပွဲမှာ ထွက်‌ပေါ်လာသည့် အချက်များအ‌ပေါ် မှုတည် ကာ ‌ဒေသတွင်း အလုပ်သမားဆိုင်ရာ အဖွဲ့များနှင့် ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဟု ညွှန်ကြား‌ရေးမှူး ဦး‌ကျော်‌ကျော်လွင်က ဆက်‌ပြောသည်။

ယင်းအလုပ်ရုံ‌ဆွေး‌နွေးပွဲကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် လုပ်သား ကျွမ်းကျင်ဖွံ့ဖြိုးမှု စစ်‌ဆေး‌ရေးအဖွဲ့ (swisscontact) အဖွဲ့တို့ ပူး‌ပေါင်းလုပ်‌ဆောင်ခြင်းဖြစ်ကာ အလုပ်ရုံ ‌ဆွေး‌နွေးပွဲသို့ ပြည်နယ် အစိုးရတာဝန်ရှိသူများ ‌ဒေသတွင်း အလုပ်သမားများနှင့် အလုပ်အကိုင်ဆိုင်ရာ အဖွဲ့ အစည်းများအပါအဝင် စုစု‌ပေါင်း ၈ဝ ဦး‌ကျော်တက်‌ရောက်ခဲ့သည်။

အခမ်းအနားတက်‌ရောက်လာသူ မွန်ပြည်နယ်၊ ‌ရေးမြို့နယ်မှ ‌ဆောက်လုပ်‌ရေး ကျွမ်းကျင် လက်မှတ်ရရှိထားသူ ကို‌ဌေးက “ကျ‌နော်လုပ်သားကျွမ်းကျင်မှု သင်တန်း‌တွေ‌ပေး တာကို ရပ်ရွာအုပ်ချုပ်‌ရေးမှုး‌တွေက တစ်ဆင့်သိပြီး ပြည်နယ်တွင်းမှာ ခွင့်ရတယ်။ ‌နောက်ရန်ကုန်ကို ဆက်‌ခေါ်ပြီး မွမ်းမံ သင်တန်းတက်ပြီး ကျွမ်းကျင်လုပ်သား ‌အောင်လက်မှတ်ရတယ်။ အရင်က လုပ်တက်‌ပေမဲ့ နည်းစနစ်‌တွေ စည်းကမ်း‌တွေမသိခဲ့ဘူး။ ကရင်ပြည်နယ်မှာ လည်း သင်တန်း‌ကျောင်း‌တွေ‌ပေါ်လာပြီး လုပ်သား‌ကောင်း‌တွေရှိလာရင် ဘာလုပ်လုပ် ကိုယ့်ပညာနဲ ့အနှိမ်မခံ ရ‌တော့ဘူး‌ပေါ့” ဟု ‌ပြောသည်။

လုပ်သားကျွမ်းကျင်မှု စံသတ်မှတ်ပြဌာန်း‌ရေးအဖွဲ့ အ‌နေဖြင့် ကျွမ်းကျင်လုပ်သား စိစစ်အကဲဖြတ် ‌အောင်လက် မှတ် ထုတ်‌ပေးခြင်းကို အဆင့် ‌လေးဆင့်ဖြင့် အကဲဖြတ်ခြင်းဖြစ်ကာ အလုပ်အကိုင် ၁၉ မျိုးအတွက် လုပ်သား ၇၅၉ ဦးကို ‌အောင်လက်မှတ်များထုတ်‌ပေးနိုင်ခဲ့ပြီး ကရင်ပြည်နယ် အတွင်း ကျွမ်းကျင်လုပ်သားများ ထွက်‌ပေါ် လာ‌ရေး ယခုဘဏ္ဍနှစ်တွင် ဦးစား‌ပေးလုပ်‌ဆောင်မည်ဟု အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။