Home သတင်း ‌ဒေသခံများ ဆန္ဒအတိုင်း တံတားနာမည်‌ပေးရန် မွန်ပြည်နယ်ရှိ ကရင်တိုင်းရင်းသားများ လိုလား

‌ဒေသခံများ ဆန္ဒအတိုင်း တံတားနာမည်‌ပေးရန် မွန်ပြည်နယ်ရှိ ကရင်တိုင်းရင်းသားများ လိုလား

2662

မတ် ၁၆ ရက် ၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့နှင့် ‌ချောင်းဆုံမြို့သို့ ဆက်သွယ်ထားသည့် သံလွင်မြစ်ကူးတံတားကို ‌ဒေသခံများ သ‌ဘောဆန္ဒ အတိုင်း နာမည်‌ပေးရန် မွန်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများက လိုလားသည်ဟု မွန်ပြည်နယ်၊ လွှတ်‌တော်တိုင်း ရင်းသား‌ရေးရာ ‌ကော်မတီဝင် ‌စော‌ကျော်မိုးက မတ် ၁၅ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ တံတားကို ‌ဒေသခံတိုင်းရင်းသားများက ‌မော်လမြိုင်-‌ချောင်းဆုံ တံတား(သံလွင်)ဟု အမည်သတ်မှတ် ‌ပေးရန်လိုလား‌သော်လည်း မတ် ၁၄ ရက်‌နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်‌တော်အစည်းအ‌ဝေးတွင် ဗိုလ် ချုပ်‌အောင်ဆန်းတံတားဟု အမည်‌ပေးရန် ဆုံးဖြတ်ခဲ့သည့်အ‌ပေါ် ‌ဒေသခံတိုင်းရင်းသားများ သ‌ဘောဆန္ဒအ တိုင်း သတ်မှတ်‌ပေးရန် လိုလားသည်ဟု ‌စော‌ကျော်မိုးက ယခုလို‌ပြောသည်။

၎င်းက “ကျ‌နော်တို့ သထုံမြို့နယ် စာယဉ် ဥက္ကဌ အပါအဝင် ကရင်အ‌ရေးဦး‌ဆောင်သူ‌တွေ‌တွေ့ဆုံ ‌ဆွေး‌နွေးပြီး ‌ဒေသခံများရဲ့ သ‌ဘောထားအတိုင်း နာမည်‌ပေးဖို့ ကျ‌နော်တို့ လိုလားတယ်။ အခုချိန်က အမျိုးသားပြန်လည် သင့်မြတ်‌ရေးအတွက် အ‌ရေးကြီးတဲ့ ကာလလည်းဖြစ်တယ်။ ဗိုလ်ချုပ်အမည်ကို မနှစ်သက်လို့ မဟုတ်ပဲ ဒီမို က‌ရေစီ ဖက်ဒရယ်ရှု‌ထောင့်မှရှုမြင်ပြီး ပြည်သူ့ ဆန္ဒမပါသည့် ပြည်သူ့ကိုယ်စားလှယ်များရဲ့ ဆန္ဒကိုသာ အတည် ပြုတာကို လက်သင့်မခံပါဘူး”ဟု ‌ပြောသည်။

ထို့အပြင် ‌ဒေသခံညီ‌နောင် တိုင်းရင်းသားများဖြစ်သည့် မွန်နှင့် ပအိုဝ်းတိုင်းရင်းသားများနှင့်အတူ ရပ်တည်ကာ ဒီမိုက‌ရေစီစံနှုန်းနှင့် ဆန့်ကျင်လာမှု၊ ပြည်နယ်တွင်း ကိုယ်ပိုင်ပြဌာန်းခွင့်ဆုံးရှုံးမှုတို့အတွက်အကြမ်း မဖက်သည့် နည်းလမ်းများဖြင့် မိမိတို့လူမျိုးကိုဦး‌ဆောင်ပြီး မိမိတို့ပြည်နယ်ကိုကာကွယ် တိုက်ပွဲဝင်သွားရန် ဆုံးဖြတ်စီစဉ် ထားသည်ဟု ‌စော‌ကျော်မိုးက ဖြည့်စွက်‌ပြောသည်။

အဆိုပါ တံတားအမည်‌ပေးသည့် ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံ‌ရေးကစားမှုရှု‌ထောင့်မှ ကြည့်လျှင် သတိပြုရန် လိုသလို တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှု‌ထောင့်မှ ကြည့်လျှင် ‌ဒေသတွင်း အတူတကွ‌နေထိုင်သည့် ညီ‌နောင် တိုင်းရင်းသားများနှင့် အတူရပ်တည်သွားရမည်ဖြစ်ကာ မိမိဆန္ဒအ‌လျောက် ပါဝင်လိုသည့် ကရင်တိုင်းရင်းသား များကို စီစဉ်ချိတ်ဆက်မှုများ ပြုလုပ်‌ပေးသွားမည်ဟု ‌မော်လမြိုင်မြို့နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး ‌စောဟိုး‌ရှေးက ‌ကေအိုင်စီသို့ မတ် ၁၅ ရက်‌နေ့တွင် ‌ပြောသည်။

လက်ရှိတံတားအမည်နှင့် ပတ်သက်၍ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြည် ‌ထောင်စုစိတ်ဓါတ် မြန်မာနိုင်ငံ၌ စတင်ဖြစ်‌ပေါ်လာရန် အ‌ကောင်အထည် ‌ဖော်ခဲ့သည့် အမျိုးသား ‌ခေါင်း‌ဆောင် ကြီး၏ အမည်နာမကို ထပ်တူပြု‌ပေးခြင်းသည် သင့်‌လျော်‌ကြောင်း မတ် ၁၄ ရက်တွင် ပြည်သူ့ လွှတ်‌တော်၌ ‌ဆွေး‌နွေး‌ပြောဆိုထားသည်။

ယင်းအ‌ပေါ် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်သလိုနှင့် လူမျိုးအချင်းချင်း မုန်းတီးမှုလည်း ဖြစ်‌စေနိုင် ပြီး လွှတ်‌တော်ထဲတွင် တင်သွင်းအနိုင်ယူခြင်းမှာ မဖြစ်သင့်ဟု တိုင်းရင်းသား‌ရေးရာ ဝန်ကြီးဌာန၊ ပြည်‌ထောင်စု ဝန်ကြီး နိုင်သက်လွင်က မတ် ၁၅ ရက်‌နေ့တွင် ထုတ်‌ဖော်‌ပြောဆိုထား‌ကြောင်း မီဒီယာများတွင် ‌ဖော်ပြထား သည်။

ယခင်အစိုးရလက်ထက် တံတားစတင်တည်‌ဆောက်စဉ်က သံလွင်တံတား ‌ချောင်းဆုံဟု အမည်‌ပေးခဲ့ပြီး ဗိုလ်ချုပ် ‌အောင်ဆန်းတံတားဟု အမည်‌ပေးမည့် အ‌ပေါ် ‌ဒေသခံများက လက်မခံ‌ကြောင်း ဆန္ဒထုတ်‌ဖော်ပွဲ ပြုလုပ်ခဲ့‌သော်လည်း မတ် ၁၄ ရက်‌နေ့ ပြည်သူ ့လွှတ်‌တော်အစည်းအ‌ဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ‌ထောက်ခံမဲ ၂၁၇ မဲ၊ ကန့်ကွက်မဲ ၄၃ မဲနှင့် ကြား‌နေမဲ ၁၁၆ မဲဖြင့် ‌ထောက်ခံမဲများသည့် အတွက် ဗိုလ်ချုပ်‌အောင်ဆန်း တံတားဟု အမည်သတ်မှတ် အတည်ပြု ဆုံးဖြတ်ခဲ့သည်။